Tuesday, July 23, 2013

ဘုရားဆင်းတုတော်ထုလုပ်ရာမှာ ဦးခေါင်းတော်အတွင်း၌ ထူးဆန်းဖွယ်ဦးနှောက်တော် ပုံသဏ္ဌာန် တည်ရှိနေကြောင်းဖူးမြော်တွေ့ရှိရ


မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်အောက်ခြေအနီးရှိ သစ္စဝေဒဂူ (မိုးကုတ်ဝိပဿနာကျောင်းတိုက်) တွင်ပူဇော်ထားရှိရန်အတွက် ကုက္ကိုသားဖြင့် ဘုရားသခင် ပရိနိဗ္ဗာန်စံဝင်တော်မူပုံ ဆင်းတုတော်ကြီးတစ်ဆူထုလုပ်ရာ ဦးခေါင်းတော်အတွင်း၌ ထူးဆန်းဖွယ် ဦးနှောက်တော် ပုံသဏ္ဌာန် ၊ ၀မ်းဗိုက်တော်အတွင်း ၌ အူးများယှက်လိမ်နေပုံ ပုံသဏ္ဌာန် ၊ ခြေဖ၀ါးတော်တွင် သွေးကြောများယှက်ဖြာနေပုံ သဏ္ဌာန် ထူးဆန်းအံ့သြဖွယ်ဖူးတွေ့ရပါသည်။

ဆင်းတုတော်ကြီးကိုထုလုပ်သည့် ကုက္ကိုပင်ကြီးမှာ ပြီးခဲ့သည့်မေလ ၄ရက်နေ့က မန္တလေးမြို့တွင် လေပြင်းတိုက်ခတ်စဉ် ပြိုလဲခဲ့သော မန္တလေး ၃၅လမ်း ၈၅ လမ်း ယွန်းဝင်းဓမ္မာရုံ အနီးမှ သက်တမ်းရင့် ကုက္ကိုပင်ကြီး တစ်ပင်ဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်းရာချီခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

"ကုက္ကိုပင်က ပေ၇၀လောက်ရှိတော့ အကောင်းဆုံးနေရာ ပင်စည်ပေ ၂၀လောက်ကို အဖြတ်မှာ အပင်ကြီးရဲ့သစ်ခေါင်းတစ်လျှောက်သစ်မြစ်တွေလိမ်ယှက်နေတာကိုတွေ့ရတယ်... ဆင်းတုတော်ကြီးကိုထုလုပ်ရင်းကနေ ဦးခေါင်းတော်အရောက်မှာ အတွင်းမှာ သစ်မြစ်တွေက ဦးနှောက်လိုထုံးဖွဲ့နေတာကို ထူးဆန်းစွားတွေ့မြင်ရတော့တာဘဲ... ၀မ်းဗိုက်တော်မှာလဲ အူတွေလိုလိမ်ဖွဲ့နေတယ်... ခြေဖ၀ါးတော်မှာလဲ သွေးကြောတွေလိုဖြာထွက်နေပါတယ်... ကျွန်တော်တို့ ပန်းပုထုတဲ့သက်တမ်းတစ်လျှောက်မှာဒီလို တစ်ခါမှ မကြုံတွေ့ခဲ့ရဘူး"လို့ ပန်းပုဆရာ ဦးထွန်းလင်းက ပြောသည်... 

ဝါဆိုလပြည့်နေ့တွင် အားလုံးဖူးမြော်ကြည်ညိုနိုင်ရန် အတွက်မျှဝေပေးလိုက်ပါသည်။

Zane
မျှဝေပေးတာလဲမေတ္တာတစ်ခုပါ

သတင်းချစ်သူ - ဝေဟင်

အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ