Thursday, February 14, 2013

Facebook account တစ်ခု လွယ်ကူစွာ ပြုလုပ်နည်း




ကျွန်တော့်ကို C-box ထဲကနေ ပြောပြောနေကြတဲ့ Facebook Account လျှောက်ပုံလေးကို တင်ပေးချင်ပါတယ်..။ ခုခေတ်မှာ Facebook ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ အင်တာနက်သုံးစွဲသူ တော်တော် များများရဲ့ အသုံးပြုခြင်း ခံနေရပါပြီ…။ Facebook account တစ်ခုမရှိတဲ့လူဟာ နည်းနည်းတောင် ခေတ်နောက်ကျ တယ်ပြောရမလားပဲ…J တစ်ကယ်တော့ fb ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် သတင်းအချက်အလက်တွေ ဝေငှပေးနေကြတဲ့ network ကြီးတစ်ခုဖြစ်ပါတယ်..။ လူတစ်ယောက်ဟာ သူငယ်ချင်း 5000 အထိ လက်ခံနိုင်ပြီး page တွေ..၊ group တွေနဲ့ တော်တော်ကို စုံစုံလင်လင်ရှိတဲ့ network ကြီးတစ်ခုဖြစ်ပါတယ်..။

Fb account ရဖို့က တစ်ကယ်ဆိုလွယ်ပါတယ်..။ ဒါပေမယ့် လုံးဝ မသိတဲ့သူတွေအတွက်ကတော့ ပြသနာပေါ့..။ ကျွန်တော်လည်း အင်တာနက်စသုံးစဉ်က Fb account မရှိပါဘူး..။ fb account တအားလိုချင်ခဲ့ပေမယ့် ဘယ်လိုလျှောက်ရမှန်းလည်း မသိခဲ့ပါဘူး…။ နောက်မှ စမ်းသပ်လျှောက်ကြည့်ရာကနေ တစ်ဖြည်းဖြည်းနားလည်ပြီး သုံးစွဲဖြစ်ခဲ့တာပါ..။

အရင်ဆုံး fb account တစ်ခုရဖို့ဆိုရင် သင့်မှာ fb account မလျှောက်ရသေးတဲ့ gmail တစ်ခုရှိဖို့လိုပါတယ်..။ သင့်မှာ ရှိတဲ့ gmail ဟာ fb account လျှောက်ပြီးသားဆိုရင်တော့ gmail အသစ်တစ်ခု ကို အရင်ပြန်လျှောက်လိုက်ပါ..။

အရင်ဆုံး http://www.facebook.com ကိုသွားပြီး အောက်ကပုံအတိုင်း ဖြည့်ပေးပါ…



ပြီးရင်တော့ Step 1 ကိုရောက်သွားပါလိမ့်မယ်..အဲ့ဒီမှာ ကိုယ်ထည့်ထားတဲ့ gmail ထဲက friends တွေထဲက fb သုံးနေတဲ့သူတွေ ဘယ်သူတွေရှိလဲဆိုတာကို fb က ရှာပေးပါလိမ့်မယ်..။ ရှာချင်တယ်ဆိုရင်တော့ Find friends နှိပ်ပြီး မရှာချင်ဘူးဆိုရင်တော့ Skip this step ကို နှိပ်လိုက်ပါ..။


Step 2 မှာတော့ ကိုယ့်ရဲ့အကြောင်းလေးတွေကို ဖြည့်ပေးရတာပါ…။ ရိုးရိုးအသုံးပြုဖို့ဆိုရင်တော့ အမှန်အတိုင်း ဖြည့်သင့်ပါတယ်။

ပြီးရင် ဖြည့်ခဲ့တဲ့ အချက်အလက်တွေကိုအသုံးပြုပြီး သင့်ရဲ့ သူငယ်ချင်းတွေကို fb ကရှာပေးပါလိမ့်မယ်.. (ဥပမာ ကျောင်းအတူ တက်ခဲ့တဲ့သူငယ်ချင်း..၊ တက္ကသိုလ်တစ်ခု ထဲက သူငယ်ချင်းတွေကို fb ကရှာပေးပါတယ်…။) အဲ့ဒီထဲက ကိုယ်သိတဲ့လူကို add friend နှိပ်ပေးလိုက်ပါ…။


Step 3 မှာတော့ သင့်ရဲ့ profile picture ကို တင်ပေးရမှာဖြစ်ပါတယ်..။ မိမိကြိုက်နှစ်သက်ရာပုံတင်နိုင်သလို မတင်ပဲ ဒီအတိုင်းထားလည်းရပါတယ်…။



ဒီအဆင့်ရောက်ရင်တော့ သင် fb account လျှောက်တာ အောင်မြင်လုနီးပါးရှိနေပါပြီ…။ အပေါ်ဆုံးက မြှားပြထားတဲ့ Go to your email ကို နှိပ်လိုက်ပါ…။


ကိုယ် fb account စလျှောက်တုန်းက ထည့်ထားတဲ့ gmail နဲ့ sing in ၀င်လိုက်ပါ..။

 
Facebook က ပို့ထားတဲ့ mail ကို ဖွင့်လိုက်ပါ..။


Mail ထဲက get started ကို ရွေးပေးလိုက်ပါ…။ 


ကဲ….ဒါဆိုရင်တော့ သင်ဟာ fb account တစ်ခုကို လွယ်ကူစွာ ပိုင်ဆိုင်နိုင်ပြီဖြစ်ပါတယ်..။


နောက်တစ်ကြိမ်အသုံးပြုဖို့ဆိုရင် gmail ထဲကနေ သွားစရာမလိုတော့ပါဘူး..။ http://www.facebook.com ကိုသွားပြီး Log in နေရာမှာ မိမိရဲ့ gmail နဲ့ password နေရာမှာ မိမိစလျှောက်တုန်းက ထားခဲ့တဲ့ password ကို ရိုက်ထည့်ပြီး fb အသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်…။

(မသိသေးတဲ့ ကျွန်တော့် သူငယ်ချင်းတွေအတွက်ဖြစ်ပြီး သိပြီးသားသူတွေအတွက် အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်နော်…FB account ရှိပြီး ဘယ်လိုအသုံးပြုရမှန်း မသိသေးတဲ့ သူတွေအတွက် အသုံးပြုပုံ အသေးစိတ်လေးကို နောက်ကျရင် တင်ပေးပါ့မယ်နော်..)

အောင်ထွန်းဦး

15 comments:

  1. ANDRIOD PHONE နဲ့fb လျှောက်တာ comfirmation code မရလို့ ကူညီပါဦး

    ReplyDelete
  2. ဟုတ်တယ်ဗျာ Code မရဘူးဖြစ်နေတယ်
    Please

    ReplyDelete
    Replies
    1. အသုံးပြုတဲ့ gmail က Facebook ဖွင့်ပြီးသားဖြစ်နေလို့ ထင်ပါတယ်...

      Delete
  3. no
    code ko ma ya tar

    ReplyDelete
  4. secutary check တောင်းရင်တော့ဗျာ..........

    ReplyDelete
  5. စမ်းကြည့်တာပေါ့

    ReplyDelete
  6. GMail လုပ်နည်းပြောပြပါ

    ReplyDelete
  7. code ပဲတောင်းနေတယ် ဘယ်လိုလုပ်ရမလဲ

    ReplyDelete
  8. facebook account ရှိတယ် ဒါပေမဲ့ အခုကျတော့ password ရိုက်ထည့်လိုက် ရင် bowser ထဲကနေ ပြန်ဖွင့်ခိုင်းနေတာ ဘယ်လိုလုပ် ရမှာလည်း

    ReplyDelete
  9. phone နဲ့ facebook ဖွင့်တာဘယ်လိုဖွင့်ရမလဲမသိလို့ပါ please

    ReplyDelete
  10. ကျွှန်တော် က တောင် ကြီး က ကို ကြည်လေး ပါ အ၇င်က internet cafe skylinks သူ ငယ် ချင်းနဲ့ ဖွှင့် ဖူးတယ် အခု ယုန် လေး ဖုန်း နှင် မွှေယာ ဆိုင် ဖွှင့် ထားပါတယ် ။ကြေငြာ ဦး စွာ ၀င်တာ က ဘယ် ပ ညာ မှ အလကား မ ရ လို ပါ face book code ကို vioce mail နဲ့ မှ မြန်မာ ပြည် က ရ ယူနိုင်ပါ တယ် ။ကျွန်တော် ကိုယ် တိုင် face book accouns လုပ် ပေး တာ အခု ၁၀၀ လောက် ၇ှိ ပြီး ဖုန်း အတွက် နော် စမ်း ကြည်ံ လိုက် ပါ သူ ငယ်ချင်း တို့ my blog is www.andyyet.blogspot.com and my face book account is kyilay ye and my shop facebook is yonglay mobile see good night all my friends from the worlds

    ReplyDelete
  11. confirmation codeမပို့ပေးလို့ပြဿနာတက်နေပါတယ်

    ReplyDelete
  12. ရဘူးဗျ

    ReplyDelete
  13. အရင်က voice call နဲ့ပို့တယ် ခုမှမပို့တော့တာ နိုင်ငံဖြခြားဖုန်းနဲ့မှရတာ

    ReplyDelete
  14. ကျွန်တော်ပုံကို facebook ပေါ်မှာအခြားတစ်ယောက် တင်သုံးနေတာ facebook user ဖြစ်အောင်ဘယ်လိုလုပ်ရပါသလဲ

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ