Friday, August 17, 2012

အားရှိအောင် ကလေးကို စွပ်ပြုပ်လုပ်သောက်ကြတယ်တဲ့……



အားရှိအောင် ကလေးကို စွပ်ပြုပ်လုပ်သောက်ကြတယ်တဲ့……




တရုတ်မှာ လူသားကလေးငယ်ကို ကာမစွမ်းအားအတွက် စွပ်ပြုပ်အဖြစ် သုံးဆောင်နေကြသည်။

စွပ်ပြုပ်တစ်ပွဲရဲ့ တန်ဖိုးကတော့ ဒေါ်လာ 4,000 ခန့်ရှိပါတယ်။
အဲဒီဆိုင်ရဲ့ တာဝန်ခံကို သတင်းထောက်တစ်ယောက်မှ မေးမြန်းရာမှာ ဒီစွပ်ပြုပ်ကို သူစမ်းသောက်ကြည့်ကြောင်း၊ တစ်ကယ် အကျိုးသက်ရောက်မှုရှိကြောင်းနှင့် သူကိုယ်တိုင်လည်း ဒီ စွပ်ပြုပ်ကို မကြာခဏသောက်သုံးလေ့ရှိကြောင်း ပြောကြားပါတယ်..။
ရက်အနည်းငယ်ကြာတဲ့ အချိန်မှာ..၊ သူဟာ သတင်းထောက်ကို စားသောက်ဆိုင်ခေါ်လာခဲ့ပြီး သူတို့ ဒေသအခေါ် နံရိုးရံ ဟင်းလို့ခေါ်တဲ့ ကလေး စွပ်ပြုပ်ကို ရနိုင်ပြီဖြစ်ကြောင်း အကြောင်းကြားခဲ့ပါတယ်။

အဲဒီအချိန်မှာ၊ သမီးလေးနှစ်ယောက်ရှိတဲ့ လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ နောက်ထပ်လွယ်ထားရတဲ့ ကိုယ်ဝန်ဟာ မိန်းကလေးဖြစ်မှန်း သိတာနဲ့တစ်ပြိုက်နက် ကလေးကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်..၊ ကလေးက ခုမှ ၅ လပဲရှိပါသေးတယ်..။
သူတို့ဟာ မွေးခါနီးနဲ့ ပုံမှန်သေဆုံးတဲ့ ကလေးတွေအတွက် တရုတ်ငွေ ၂၀၀၀ လောက်ရနိုင်ပေမယ့် ဒီလိုဖျက်ချတဲ့ ကလေးတွေကို ရာဂဏာန်းမျှသာ ပေးတယ်လို့ သိရပါတယ်…
အဲဒီလင်မယားနှစ်ယောက်ဟာ ပိုက်ဆံပိုရချင်တာနဲ့..၊ ကလေးကိုမဖျက်ချပဲနဲ့ အထဲက သန္ဒေသားကို ဈေးပိုပေးဖို့ပြောပြီး ရောင်းချခဲ့ပါတယ်..။
တရုတ်နိုင်ငံရှိ သတင်းထောက်တစ်ယောက်ကတော့ ဒါဟာ တရုတ်လူမျိုးတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်လွန်းတဲ့ အလေ့အထကြောင့်ဖြစ်ပြီး၊ တရုတ်နိုင်ငံရဲ့ တိုးပွားလာတဲ့ လူဦးရေ ကြောင့် နောက်ပိုင်းချမှတ်ခဲ့တဲ့ တစ်မိသားစု ကလေးတစ်ယောက် စနစ်ကြောင့်လည်း ပါဝင်ကြောင်းသုံးသပ်ခဲ့ပါသည်။
တရုတ်လူမျိုးတွေဟာ ယောက်ျားလေးတွေကို ပိုလိုချင်ကြတာကြောင့် ဆင်းရဲတဲ့ မိသားစုမှ မိန်းကလေး သန္ဒေသားတွေကို ရောင်းချကြတာကြောင့် ဒီကြောက်စရာကောင်းတဲ့ အဖြစ်တွေ မြင့်တက်ခဲ့ရတယ်လို့ ဆိုပါတယ်..။







No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ