Monday, August 13, 2012

Viber သုံးပြီး အခမဲ့ ဖုန်းပြောကြမယ်…


Viber သုံးပြီး အခမဲ့ ဖုန်းပြောကြမယ်…

အခုတစ်လော နာမည်ကြီးလာတဲ့ Viber ဆော့ဝဲလ်လေးကို ကိုယ့်ဖုန်းမှာ သွင်းပြီး အင်တာနက် ချိတ်လိုက်တာနဲ့ အခြား viber ဆော့ဝဲလ်သွင်းထားတဲ့ ဖုန်းတွေနဲ့ ချိတ်ဆက် စကားပြောခြင်း၊ message ပို့ခြင်းတို့ကို အခမဲ့ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်..၊

ဒီ Viber ဆော့ဝဲလ်ကို Andirod ရဲ့ OS ဖုန်း၊ ဒါမှမဟုတ် Apple ရဲ့ IOS ဖုန်းတွေမှာသာ အသုံးပြုလို့ရပါသေးတယ်။


မြို့ကြီးတွေမှာတော့ မသိဘူး..၊ နယ်ဘက်မှာဆိုရင်တော့ viber သွင်းခကို ၅၀၀၀ မှ ၁၀၀၀၀ ထိ ပေးကြရပါတယ်။ အောက်ကအဆင့်တွေအတိုင်း သေချာလုပ်ကြည့်ရင် ပိုက်ဆံ မကုန်ပဲ မိမိကိုယ်တိုင် viber ကို သွင်းတတ်သွားမှာဖြစ်ပါတယ်။

Andriod ဖုန်းတွေအတွက် Viber ကို >>>> ဒီမှာ Download ယူပါ။

Iphone တွေ Viber ကို >>>> ဒီမှာ Download ယူပါ။

ပြီးရင် ရလာတဲ့ File လေးကို မိမိဖုန်းထဲကို install လုပ်ပါ။ (Install မလုပ်တတ်ပါက ဒီမှာ ကြည့်ပါ)
Install လုပ်ပြီးပါက မိမိဖုန်းကို အင်တာနက်ဖွင့်လိုက်ပါ။ (Internet မဖွင့်တတ်ပါက ဒီမှာ ကြည့်ပါ)

ပြီးရင် မိမိသွင်းထားတဲ့ Viber ကို ဖွင့်လိုက်ပါ။

အောက်ပါပုံအတိုင်း ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ ကိုယ့်ဖုန်းနံပါတ်ကို ရိုက်ထည့်ပါ။ ကိုယ့်နံပါတ် ရှေ့မှာ 9 ခံပြီးရိုက်ထည့်ပါ။ ဥပမာ ကိုယ့်ဖုန်းနံပါတ်က ၅၂၃၂၇၃၄ဆိုရင် - ၉၅၂၃၂၇၃၄ ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်။ (မမှားအောင် အထူးသတိထားပြီး ရိုက်ထည့်ရမှာဖြစ်ပါတယ်။) ပြီးရင် Continue ကို နှိပ်ပါ။



Approve ကိုဆက်နှိပ်ပေးပါ။


ဒါပြီးရင် Viber ကနေ ကိုယ့်ဖုန်းကို SMS message ပို့ပါလိမ့်မယ်။ ကျွန်တော်စမ်းကြည့်သလောက်ကတော့ မြန်မာနိုင်ငံက ဖုန်းတွေကို Viber က SMS message မပို့ပေးပါဘူး…၊ ဒါကြောင့် message မ၀င်ဘူးဆိုရင် click here ဆိုတာလေးကို ဆက်နှိပ်လိုက်ပါ။


ပြီးရင် Get Code ဆိုတာလေးကို ဆက် Click ပေးပါ။

မကြာခင်မှာပဲ ကိုယ့်ဆီကို Viber မှ ဖုန်းခေါ်ဆိုလာပါလိမ့်မယ်။ ဘာမှ ပြောစရာမလိုပါဘူး..၊ သူပြောတဲ့ Code Number ၄လုံးကို လိုက်မှတ်ထားရုံပါပဲ.. ၂ ခေါက်ပြောပါလိမ့်မယ်။ မကြားလိုက်ဘူးဆိုရင် ၁ ကိုနှိပ်ပါ။ ပြန်ပြောပြပါလိမ့်မယ်။
 
ပြီးရင် အောက်ကအဆင့်ကို ပြန်သွားပြီး မိမိမှတ်ထားတဲ့ Code နံပါတ်ကို ရိုက်ထည့်ပြီး Enter viber ကိုနှိပ်လိုက်ပါ။


ဒီအဆင့်တွေပြီးရင်တော့ မိမိဖုန်းထဲမှာ viber ဆော့ဝဲလ် အသုံးပြုလို့ ရပြီပဲ ဖြစ်ပါတယ်။ Viber ထဲဝင်ပြီး ကိုယ့် Contacts တွေထဲမှာ ဘယ်သူက viber ထည့်ထားလဲဆိုတာကိုလည်း ရှာလို့ရသလို..၊ ဖုန်းနံပါတ် အသစ်တွေကိုလည်း ထပ်ထည့်လို့ရပါတယ်…။ စမ်းကြည့်ပြီး အဆင်မပြေတာရှိရင် comment ရေးခဲ့နိုင်ပါတယ်..။

အဆင်ပြေကြပါစေ။

အောင်ထွန်းဦး

3 comments:

  1. ညီမ ဖုန်းက အင်တာနက်တော့ချိတ်မထားပါဘူး
    ဒါပေမယ့် wifi ရတဲ့နေရမှာ လုပ်ပေမယ့် Viber က ph call ၀င်မလာဘူးရှင့် ...အဲ့ဒါ ညီမဖုန်းက အင်တာနက်မချိတ်ထားလို့ ပဲလား
    ညီမဖုန်းက Android ဖုန်းပါ Huawei C8600 CDMA 800 MHz ပါ ။

    ReplyDelete
    Replies
    1. connection မကောင်းရင်လည်း ဖုန်းက ၀င်မလာပါဘူး..၊ connection ကောင်းတဲ့ အချိန်မှသာ သွင်းကြည့်လိုက်ပါ..၊ အခုသွင်းထားတဲ့ viber ကို uninstall လုပ်၊ ပြီးရင် install ပြန်သွင်းပြီး စမ်းကြည့်လိုက်ပါ...ဖုန်းပြန်ခေါ်လာချိန်ဟာ ၂ မိနစ်မှ ၁၀မိနစ်ထိ ကြာတတ်ပါတယ်...:)

      Delete
  2. အခုလိုဖြေပေးလို့ ကျေးဇူးတင်ပါတယ်နော်

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ