Wednesday, August 1, 2012

ပထမဆုံး အိမ်ထောင်ရေးဇာတ်လမ်းရိုက်နေတဲ့ ဝတ်မှုံရွှေရည်

ပထမဆုံး အိမ်ထောင်ရေးဇာတ်လမ်းရိုက်နေတဲ့ ဝတ်မှုံရွှေရည်

 
‘နှစ်ပင်လိမ်တဲ့ရည်းစားစာ’ ရုပ်ရှင်ဇာတ် ကားကြီးမှာ ပါဝင် သရုပ်ဆောင် ထားတဲ့ ဝတ်မှုံ ရွှေရည်က ဒီဇာတ်ကားကြီးကို ရိုက်တုန်းက စိတ်မပူပေမယ့် ရုပ်ရှင်ရုံ ထဲရောက် တဲ့အခါ မှာ တော့ စိတ်ပူလာမိပြီး စိုးရိမ်စိတ်တွေ များစွာ နဲ့ ဒီရုပ်ရှင်ဇာတ်ကားကြီးကိုကြည့်ရတဲ့အကြောင်း ပြောပါတယ်။ သူမ စိုးရိမ်ခဲ့ ရတဲ့အကြောင်းကို ပြောတဲ့ ဝတ်မှုံရွှေရည်က ”ဇာတ်ကားရိုက် တုန်းက စိတ်မပူဘူး။ ဘယ်အချိန်မှာစိတ်ပူလဲ ဆိုတော့ ရုံထဲရောက်တော့စိတ်ပူတယ်။ ပရိ သတ်ဘာပြောမလဲ၊ ကြိုက်ကောကြိုက်ရဲ့လား၊ ရယ်စရာလုပ် ရင်ရယ် ပါ့မလား၊ အဆင် ပြေရဲ့လား၊မျက်နှာဘယ်လိုဖြစ်နေလဲ၊ အိုက် တင်တွေ ဘယ်လိုဖြစ်နေလဲဆိုတဲ့ စိုးရိမ်စိတ်တွေ အများကြီးနဲ့ ပရိသတ် အသံကို နားထောင်ရ တာပေါ့။ ပရိသတ်ရယ်ကြတဲ့အခါကျတော့ ပူပန်နေတဲ့ စိတ်အလုံးကြီးကျသွားတယ်။ သီ ချင်းလေးတွေနဲ့လုပ်ထားတယ်။ အားလုံးက လည်း သူ့နေရာနဲ့သူရယ်ရတယ်” လို့ပြောပါ တယ်။ ဒီဇာတ်ကားကိုရိုက်တုန်းက အတွေ့ အကြုံနုသေးပြီး ရုပ်ရှင် ဇာတ်ကား လည်း ၂ ကား လောက်ပဲ ရိုက်ဖူးတဲ့ အတွေ့အကြုံပဲရှိတဲ့ အတွက် မှားမှာ ဆိုးပြီး အဆင်ပြေပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်ရှိခဲ့တာဖြစ်ကြောင်းပြောပါ တယ်။ ဝတ်မှုံရွှေရည်က ပရိသတ်တွေနဲ့ ပတ်သက်ပြီးဖြစ်ဖြစ်၊ သူ့ရဲ့ ဇာတ်ကားတွေနဲ့ပဲ ဖြစ်ဖြစ် ရင်ခုန်ချင်သလို၊ စိတ်လှုပ်ရှားချင်မိ ပြီး အဲဒီလို စိတ်လှုပ်ရှားတဲ့အရသာကို ကြိုက် ကြောင်း ပြောပါတယ်။ ဝတ်မှုံရွှေရည်က လတ်တလောမှာ လူမင်းနဲ့ ‘ချစ်စွာတေး’ ဇာတ်ကားကိုရိုက်နေပြီး သူ့ရဲ့ ပထမဦးဆုံး အိမ်ထောင်ရေးဇာတ်လမ်းဖြစ်ကြောင်း ပြောပါတယ်။ ဒီဇာတ်ကားမှာ လူမင်းက မိန်းမ ငယ်ငယ်လေးယူထားတာဖြစ်ပြီး ဝတ်မှုံရွှေ ရည်ကမဟုတ်မခံ၊ ထိတ်ထိတ်ကျဲကောင်မလေး အဖြစ် သရုပ်ဆောင် ထားကြောင်းပြောပါ တယ်။ ဝတ်မှုံရွှေရည်က သူ့ဇာတ်ကားတွေနဲ့ ပရိသတ် အဆက်ပြတ်သွားမှာစိုးတဲ့အတွက် ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားတွေ နဲ့ ကြော်ငြာတွေ ကို ဆက်တိုက်ရိုက်ကူးနေရတာနဲ့ ကိုယ်ပိုင် အချိန် မရှိသလောက်ပဲ ဖြစ်ကြောင်းပြောပါ တယ်။ သရုပ်ဆောင်ဂျက်ကီချန်းရဲ့ ပရိသတ် တစ်ဦးပါဆိုတဲ့ ဝတ်မှုံရွှေရည်က သူကြိုက်တဲ့ အနုပညာရှင် နဲ့ဆုံရတော့ သူ့ပရိသတ်တွေရဲ့ ခံစားချက်ကို ပိုနားလည်ရကြောင်းပြောပါ တယ်။ သူ့ရဲ့ပရိသတ်တွေကို ရခိုင်ခရီးစဉ်သွား ပြီးကတည်းက ပိုချစ်ခဲ့ကြောင်းကို ဝတ်မှုံ ရွှေရည်က…”ကိုယ့်ကို အားပေးတာ ကိုမြင်ခဲ့ ရတယ်။ မျက်ဝါးထင်ထင်မြင်ခဲ့ရတော့ ရခိုင်သွားပြီး ကတည်းက ကစ် ပရိသတ်ကို ကစ်ပိုချစ်သွား တယ်။ သူတို့စိတ်ထဲမှာရှိတဲ့ အပူတွေက ကစ် တို့အနုပညာရှင်တွေကိုတွေ့တော့ ပျောက် သွားတာပေါ့။ သူတို့က အနုပညာရှင်တွေကို ဒီလိုချစ်ပါလားဆိုပြီး ပရိသတ်ကို ပိုလေးစား သွား တယ်” လို့ပြောပါတယ်။

15 comments:

  1. မအရမ်းလှတယ်

    ReplyDelete
  2. မင်းကပါးစပ်နဲ့ပြောတာငါကလက်တွေ့သိတာကွ



    ReplyDelete
  3. အနူပညာရှင်အားမင်္ဂလာပါ

    ReplyDelete
  4. မမဝတ်မှုံရွှေရည်ပထမဆုံးဇာတ်ကားအ၇မ်းကြိုက်တယ်ဘာလဲသိလားအောကား

    ReplyDelete
  5. မမဝတ်မှုံရွှေရည်ကမန်ယူအသင်းကိုကြိုက်တာလား

    ReplyDelete
  6. မမဝတ်မှုံဇာတ်ကားရိုက်တာကြည့်ရိုက်ဒေါက်တာချက်ကြီးနဲ့တွေ့မှာကြောက်လို့

    ReplyDelete
  7. မမတွေ့ရတာဝမ်းသာပါတယ်ခင်ဗျာ

    ReplyDelete
  8. ကျွန်တော်ကတော့မမဝတ်မှုံကိုအားပေးတဲ့ပရိတ်သက်ပါခင်ဗျာ

    ReplyDelete
  9. ကျွန်တော့်နာမည်ကတော့မောင်အာကာပါခင်ဗျာ

    ReplyDelete
  10. မမဝတ်မှုံဟိုကားနဲ့ဆိုအရမ်းလှတယ်ဘာကားလဲသိလားအောကား

    ReplyDelete
  11. မင်​အမနဲ့လိုး​နေလို့လာ

    ReplyDelete
  12. commentတွေကရိုင်းလှချေလား

    ReplyDelete
  13. တော်တော်ကိုရိုင်းတာ

    ReplyDelete
  14. မြန်မာလူမျိုးဆိုကိုယ့်အမျိုးကိုထိမ်းသိမ်းကြဦးလေ

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ