Sunday, August 12, 2012

Internet Network ကို 2G Network မှ 3G Network ကို ပြောင်းသုံးကြမယ်

Internet Network ကို 2G Network မှ 3G Network ကို ပြောင်းသုံးကြမယ်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ချပေးထားတဲ့ အင်တာနက်လိုင်းများမှာ 2G နဲ့ 3G Network တွေဖြစ်ပါတယ်..၊ GSM ဖုန်းများအတွက် 2G Network ကို တစ်မိနစ် ၂ ကျပ်နှုန်းဖြင့် ချပေးထားပြီး WCDMA ဖုန်းများအတွက် 3G Network ကို တစ်မိနစ်လေးကျပ်နှုန်းနဲ့ ချပေးခဲ့ပါတယ်..၊ အခုပြောပြမယ့် အကြောင်း အရာကတော့ GSM ရဲ့ 2G Network ကနေ WCDMA ရဲ့ 3G Network ကို ပြောင်းသုံးမယ့် နည်းလမ်းလေးပါ..၊
အရင်ဆုံး setting အရင်ဖွင့်လိုက်ပါ....၊
Setting ကို ဖွင့်ပြီးပါက setting ထဲက Wireless and Networks ကိုရွေးပေးပါ.။

Mobile Network ကိုရွေးပေးပါ။
Network Mode ကို ဆက်လက်ရွေးချယ်ပေးပါ..။
အဲဒီ ထဲမှာ Option ၃ ခုတွေ့ပါလိမ့်မယ်။ WCDMA Only ၊ GSM Only၊ GSM/WCDMA preferred ဆိုတာတွေ တွေ့ရပါလိမ့်မယ်။
GSM Only ဆိုတာ GSM Network ကိုအသုံးပြုမှာဖြစ်ပြီး 2G Network ရကာ E သင်္ကေတပြပါလိမ့်မယ်။
WCDMA Only ဆိုတာ WCDMA Network ကို အသုံးပြုမှာဖြစ်ပြီး 3G Network ရကာ H သို့ 3G သင်္ကေတ ပြပါလိမ့်မယ်။ WCDMA Network မရှိတဲ့မြို့များ အတွက် အဆင်မပြေနိုင်ပါ။
GSM/WCDMA preferred ဆိုတာကတော့ ပိုကောင်းတဲ့လိုင်းကိုဖုန်းက auto ရွေးပေးပါလိမ့်မယ်။
အဲဒီထဲက WCDMA Only ရွေးထားလိုက်ရင် အင်တာနက်လိုင်းဟာ 3G Network ကိုရရှိမှာဖြစ်ပြီး တစ်မိနစ် ၂ကျပ်နှုန်းနဲ့ လိုင်းကောင်းကောင်း သုံးနိုင်တော့မှာ ဖြစ်ပါတယ်။
အထက်ပါအတိုင်း Network Mode function မပါတဲ့ ဖုန်းများအနေနဲ့ အောက်ပါနည်းအတိုင်း Network ပြောင်းသုံးလို့ရပါတယ်။
ဖုန်းထဲမှာ *#*#4636#*#* ဟုရိုက်ထည့်ပါ။


Phone Information ကို ဆက်ရွေးပေးပါ။

Network Mode ကို ဖွင့်လိုက်ရင် အောက်ပါအတိုင်းတွေ့ရပါလိမ့်မယ်။ WCDMA Only ကို tick ပေးလိုက်ပါ။ ဒါဆို သင် GSM ကဒ်နဲ့ WCDMA internet လိုင်းကို သုံးလို့ရပါပြီ။


အဆင်ပြေကြပါစေ။


အောင်ထွန်းဦး

16 comments:

  1. huawei t8830pro မှာ အကိုပြောသလို ကုဒ်ရိုက်ထည့်ပြီးလုပ်ကြည့်တာသိပ်အဆင်မပြေဘူးခင်ဗျ 3G onlyကိုရွေးပေးလိုက်တော့ connection ဘားတန်းလေးတွေပျောက်ပြီးတော့ ဖုန်းအဝင်ခေါ်ကြည့်တော့လဲစက်ပိတ်ထားတယ်ဖြစ်သွားတယ်ဗျ pre အနေနဲ့ထားသုံးတော့လဲ Hမပေါ်ဘူးခင်ဗျEပဲပေါ်တယ်ခင်ဗျ ဘယ်လိုဆက်လုပ်ရမလဲပြန်ဖြေပေးပါလားခင်ဗျာ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ

    ReplyDelete
  2. သုံးတဲ့နေရာက WCDMA လိုင်းမရှိတဲ့နေရာဖြစ်နေလို့ပါ....။ ရန်ကုန်၊ မန်းလေးလို မြို့ကြီးတွေမှာတော့ နေရာတော်တော်များများမှာရပါတယ်.. နယ်က တစ်ချို့မြို့တွေမှာ မရသေးပါဘူး...အဲ့ဒါဆိုရင်တော့ GSM Only ကိုသာ ရွေးချယ်ပြီး သုံးသင့်ပါတယ်ဗျာ...

    ReplyDelete
  3. အဲဒီအတိုင်းလုပ်လိုက်တာ အဆင်ပြေသွားတယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ နည်းပညာများကိုဒီထက်မက ဆက်လက်ဖြန့်ဝေပေးနိုင်ပါစေ

    ReplyDelete
  4. huawei8825မှာနံပါတ် ရိုက်ပြီး Phone informationကိုနှိပ် လိုက်တော့ SUB1 နဲ့ SUB2 ဆိုပြီးကျလာတယ်။အဲ့ဒါဘယ်လိုလုပ် ရမှာလဲ? GSMနဲ့WCDMA လိုင်းကိုသုံးရင် ၁မိနစ်၂ကျပ်ဘဲ လား?

    ReplyDelete
  5. SUB1 ကိုရွေးပေးလိုက်ပါ... GSM နဲ့ WCDMA လိုင်းကိုသုံးလည်း ၂ ကျပ်ပဲ ကျပါတယ်...

    ReplyDelete
  6. t8830pro buildnumberနေက်ဆုံးနံပါတ်109မှာမရဘူး

    ReplyDelete
  7. my phone Huawei 8951 type code bar mhar ma pow bull

    ReplyDelete
  8. huwei c8813 ကို viber သုံးချင် လို့အဆင် ပြေမယ့် version လေးရှိရင် ကူညီ ပါခင် ဗျာ

    ReplyDelete
  9. အကို ကျ​တော်​ဖုန်းက G520 ပါ အကို​ပြောသလို လုပ်​လို့မရဘူး ကူညီပါအုံး

    ReplyDelete
  10. haweiy325t-00 က esexplorer ဖွင့်လို့မရလို့ ကူညီပါဦး

    ReplyDelete
  11. haweiy325-t00uesexpiorer ဖွင့်မရလို့ ဘယ်လိုလုပ်ရမလဲ

    ReplyDelete
  12. I FOUND A CLASH OF CLANS GEMS GIVEAWAY! http://clashofclanshelper.com/ - you receive free Clash of Clans gems instantly! I just tried that! (TCEWmYN4yO)

    ReplyDelete
  13. CoolPad 5310 မှာ location ရှာမရလို့ ကူညီပေးပါဗျာ

    ReplyDelete
  14. 4G ရ​အောင်​ဘယ်​လုပ်​ရမလည်း

    ReplyDelete
    Replies
    1. 4Gရအောင်ဘယ်လိုလုပ်ရမလဲ

      Delete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ