Monday, August 6, 2012

လူသေမိန်းကလေးကိုလက်ထပ်ခဲ့သောအမျိုးသား

လူသေမိန်းကလေးကိုလက်ထပ်ခဲ့သောအမျိုးသား




ထိုင်းနိုင်ငံမှ အမျိုးသားတစ်ယောက်ဟာ အချစ်အတွက် သူပေးထားတဲ့ကတိကို တည်ဖို့အ တွက် သေ ဆုံးနေပြီဖြစ်တဲ့ အမျိုးသမီးနဲ့လက်ထပ်ခဲ့ပါတယ် ။ အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ Sarinya Kamsook နဲ့ သူမရဲ့ ချစ်သူ ကောင်လေးအသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ Chadil Deffy ဆို့ဟာ ယခုနှစ်ထဲမှာ လက်ထပ်ကြဖို့ အစီအစဉ် ရှိထားပြီးသားဖြစ်ပါတယ် ။ မမျှော်လင့်ပဲ ရုတ်တရက် Sarinya Kamsook ဆိုသူကောင်မလေးဟာ ကားတိုက် မှုဖြစ်ပြီး သေဆုံးသွားခဲ့တယ် ။ ဒီလို မင်္ဂလာပွဲမကျင်းပမီ ရက်အနည်းငယ်အလိုမှာပေါ့ ။ Deffy ဟာ သူတို့နဂို ကတိပေးစီစဉ်ထားခဲ့တဲ့အတိုင်း သူ့အချစ်ကို သက်သေပြနိုင်ဖို့အတွက် သူမ ( လူသေ ) ကို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။




ကားတိုက်မှုဖြစ်ခဲ့တုန်းက Sarinya ဟာ အပြင်းအထန်ဒါဏ်ရာတွေရခဲ့တယ် ။ သူမကို အရေးပါ် ကုသမှုတွေနဲ့ အသက်မှီတယ်ဆိုယုံကလေး ကုသပေးနိုင်ခဲ့တယ် ။ ဒါပေမယ့် ဆရာဝန်တွေက ပြည့်ကျပ်ညပ်နေတဲ့အရေးပေါ် အခန်းထဲ ကနေ ဆေးရုံကို လွှဲပေးဖို့အတွက် ၆ နာရီလောက်ကြာမြင့်ခဲ့တယ် ။ ဒါဟာလည်း လူဦးရေပြည့် ကျပ်ညပ်နေတဲ့ အရေးပေါ်ကုသခန်းရဲ့အခြေအနေတွေကြောင့်ဖြစ်တယ်လို့ဆိုပါတယ် ။ အဲဒီအချိန်မှာပဲ သူမဟာ ရရှိခဲ့တဲ့ဒါဏ်ရာတွေကြောင့်ပဲ သေဆုံးသွားရရှာပါတယ် ။



ထိုင်းနိုင်ငံ Surin မှာ လုပ်ခဲ့တဲ့ သူမရဲ့ ဈာပန မှာ Chadil Duffy ဟာ သူ့ဇနီးလောင်းရဲ့လက်မှာ လက်ထပ် လက်စွပ်ကလေးဝတ်ဆင်ပေးခဲ့တယ် ။ ဒါကြောင့်ဒီပွဲလေးကို ထိုင်းနိုင်ငံမှာ နာရေး-လက်ထပ်ပွဲ အဖြစ် တင် စားခေါ်ဝေါ်ကြပြီး ကမ္ဘာပေါ်မှာ အလွန်ရှားတဲ့ ဖြစ်ရပ်လေးတစ်ခုဖြစ်ခဲ့ပါတယ် ။



ငါတို့ သေသည်အထိ မခွဲခွာကြဘူး --------။



သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ