Tuesday, August 7, 2012

ကူညီပေးကြပါအုံး...

ကလေး-စာဥ၊ အသက် - ၅ရက်၊ မွေးနေ့- ၂၆.၇.၂၀၁၂၊ အဖ - ဦးမြတ်သူ၊ အမိ - ဒေါ်စာဥ၊ နေရပ်လိပ်စာ - ဘုရားကြီးကုန်းကျေးရွာ၊ပုသိမ်မြို့။ ကလေးမှာ (၅) ရက်သားဖြစ်ပြီး၊၄င်းတွင် စအိုပေါက်နှင့်ဆီးသွားအင်္ဂါနေရာမပါရှိဘဲ ချက်တိုင်ဘေးနားတွင် အူကဲ့သို့ အတံကလေးတစ်ခုထွ
က်လျှက်ရှိပါသည်။ ၄င်းအင်္ဂါမှယခုအညစ်အကြေး စွန့်လျှက်ရှိပါသည်။ ကလေးအားပုသိမ်ပြည်သူ့ဆေးရုံကြီးတွင်
(၂၆-၇၂၀၁၂)တွင် မွေးဖွားပြီး ဆေးရုံမှအသက်မရှင်နိုင်ဟုယူဆကာ မိဘများကို ကလေးအား အိမ်သို့ပြန်သယ်ခိုင်းခဲ့ပါသည်။ ကလေးသည် ယနေ့ (၃၁-၇-၂၀၁၂) အထိ အသက်ရှင်လျှက်ရှိသောကြောင့် ပုသိမ်ဆေးရုံတွင်ကုသမရသဖြင့် မိဘများမှာ ရန်ကုန်သို့တက်ရောက်ကုသရမည်ဖြစ်ပါသည်။ ကလေးမိဘများသည်လက်လုပ်လက်စားများဖြစ်သဖြင့် ရန်ကုန်ကလေးဆေးရုံကြီးတွင်တက်ရောက်ကုသရန် အခက်အခဲရှိနေပါသည်။
ကူညီလိုပါက - မေတ္တာရိပ် အခမဲ့ဆေးခန်း၊ပုသိမ်။
ဖုန်းနံပါတ် - 09-49735300၊ 09-49717071 သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ