Thursday, August 30, 2012
ကလေးတွေကံကောင်းစေဖို့ ပေ ၃၀ မှပစ်ချစို့ ...
ကလေးတွေကံကောင်းစေဖို့ ပေ ၃၀ မှပစ်ချစို့ ...
မြင်ကွင်းကတော့  ကြောက်ရွံ့ ထိတ်လန့် နေရှာသည့် ကလေးသူငယ်များဟာ ၀တ်ရုံများဝတ်
ဆင်ထားသည့် ဘာသာရေးဆိုင်ရာဘုန်းကြီးများက ၎င်းတို့ အား ပေ ၃၀ အမြင့် ရှိ လေသာ
ဆောင်အစွန်းတွင် ကိုင်လှုပ်မြှောက်ချီကာ အောက်သို့ ပစ်ချနေကြစဉ် အော်ဟစ်ငိုယိုနေကြ
ပါတယ်... 
ဒါဟာ သည်းထိတ်ရင်ဖိုရုပ်ရှင်ဇတ်လမ်းက ဇတ်ဝင်ခန်းမဟုတ်ပါဘူး...အိန္ဒိယနိုင်ငံတောင်ပိုင်း
မှာ နှစ်ပေါင်းရာချီပြီးရှိခဲ့ တဲ့ ကလေးသူငယ်များအား ကံကောင်းစေဖို့ ၊ ကျန်းမာစေဖို့ ၊ စည်းစိမ်
ဥစ္စာတိုးပွားစေဖို့ အတွက်ဆိုပြီး ပြုလုပ်လေ့ ရှိတဲ့ ဘာသာရေးဆိုင်ရာဆုတောင်ဝတ်ပြုပွဲပဲဖြစ်ပါ
တယ်... 
ကြည့် ရှုမြင်တွေ့ ရသူအပေါင်း အူလှိုက်သည်းလှိုက်ဖြစ်စေရသည့်  ကာနာတာကာပြည်နယ်
တွင် နှစ်စဉ်ပြုလုပ်လေ့ ရှိတဲ့ အဆိုပါပွဲတော်အား လူရိုင်းများသာပြုလုပ်လေ့ ရှိသည့် အပြုအမူဟု
ကလေးသူငယ်ဆိုင်ရာအခွင့် အရေးဆောင်ရွက်သည့် အဖွဲ့ အစည်းများက ကင်ပွန်းတပ်ခဲ့ ကြပြီး
အဆိုပါပွဲအားအိန္ဒိယအစိုးရအနေဖြင့် တားဆီးပိတ်ပင်ပေးရန် ဆောင်းဆိုဆန္ဒပြုနေကြပါတယ်... 
A scene from a baby throwing ceremony in 2009. Toddlers are annually tossed from the roof of a temple to bring them good luck
ဒီပုံကတော့ ၂၀၀၉ ခုနှစ်က ကလေးငယ်တစ်ဦးအား ကျောင်းတော်အပေါ်မှပစ်ချစဉ်...
ကံကောင်းခြင်းတွေဖြစ်စေဖို့ ကလေးသူငယ်တွေကို နှစ်စဉ်ပဲ ယခုလို ကျောင်းတော်
ခေါင်မိုးပေါ်ကနေပစ်ချလေ့ ရှိပါတယ်...
A scene from a baby throwing ceremony in 2009. Toddlers are annually tossed from the roof of a temple to bring them good luck
A frightened child is hung over the edge of the temple roof
ပစ်ချစဉ်...
A frightened child is hung over the edge of the temple roof
The child is caught safely below by locals brandishing a blanket
အောက်သို့ ပြုတ်ကျလာသည့် ကလေးငယ်အားစောင်ဖြင့် ဖြန့် ကာဆီးဖမ်းကြပါတယ်...
The child is caught safely below by locals brandishing a blanket
A scared child sobs after undergoing the ritual
သားသားကံမကောင်းချင်လည်းနေပါစေ...ဒီလိုတော့ ဖြင့် မလုပ်ကြပါနဲ့ လို့ များပြောနေလေသလား....
A scared child sobs after undergoing the ritual
အဆိုပါဘာသာရေးဆိုင်ရာဆုဆောင်မှုမျိုးဟာအိန္ဒိယနိုင်ငံတစ်ဝှမ်းတွင် နှစ်ပေါင်းရာနှင့် ချီကာ
ထွန်းကားခဲ့ ပြီး ဟိန္ဒူဘာသာဝင်များရော မွတ်ဆလင်ဘာသာဝင်များပါ ပြုလုပ်လေ့ ရှိကြတာဖြစ်
ပါတယ်...
ကလေးငယ်များအား အောက်မှ စောင်ဖြင့် ဖြန့် ကာဖမ်းမည့် သူများထံသို့ မပစ်ချမှီ ဘာသာရေး
ဆိုင်ရာဘုန်းကြီးများက ကိုင်လှုပ်နေခဲ့ သည်ကိုတွေ့ မြင်ကြရပါတယ်...
ကလေးငယ်များအောက်သို့ ချောချောမောမောကျရောက်သွားသည့်အခါ လူအုပ်ကြီးကကောင်း
ချီးပေးအော်ဟစ်ကြပြီး သက်ဆိုင်ရာမိဘများလက်သို့ မရောက်ခင် လက်ဆင့် ကမ်းသယ်ယူချီပိုး
ပေးကြပါတယ်...
အဆိုပါပွဲတော်အားဆန့် ကျင်သူများက ၂၀၁၁ ခုနှစ်တွင် မပြုလုပ်နိုင်ရန် တောင်းဆိုတားဆီးနိုင်
ခဲ့ ပေမယ့် နဂရာလာ ရွာကလေးရှိ ဒီဂမ်ဘီရှဝါရာ ကျောင်းတော်တွင်တော့ လွန်ခဲ့ သည့် ရက်
သတ္တပါတ်ကပြန်လည်ပြုလုပ်ခဲ့ ကြတာမို့  ကလေးသူငယ်များဆိုင်ရာအခွင့် အရေးကာကွယ်မှု
အဖွဲ့ ဝင်ဖြစ်သည့် လို့ ဗ်ဗာမာ အနေဖြင့် အလွန်စိတ်မသက်မသာဖြစ်ခဲ့ ရပါတယ်... 
 " ဒီလိုမြင်ကွင်းကြောင့် ကျွန်တော်ဖြင့် အထူးတလည်အံ့ သြတုန်လှုပ်မိပါတယ်... ဒါဟာ အစိုးရ
ဒီလိုလူမဆန်တဲ့ လုပ်ရပ်မှာ ပါဝင်လုပ်ဆောင်နေကြတဲ့ ဘာသာရေးဆိုင်ရာဘုန်းကြီးနဲ့ အသိုင်း
အ၀ိုင်း အားလုံးကို ပညာပေးဖို့ လိုအပ်နေပါပြီ..." လို့ သူကဆိုခဲ့ ပါတယ်...
သို့ သော်လည်း ပါဝင်ဆောင်ရွက်နေသူများက ၎င်းတို့ အနေဖြင့် ဤကဲ့ သို့ အခမ်းအနားများသို့ 
ပါဝင်ဆောင်ရွက်နေရခြင်းမှာ ဘာသာရေးဆိုင်ရာ တာဝန်တစ်ရပ်အနေနှင့် လုပ်ဆောင်နေခြင်း
သာဖြစ်တယ်လို့ ပြန်လည်ငြင်းဆိုကြပါတယ်...
အများကြီးလာဖို့ ဆွဲဆောင်နေတာဖြစ်ပါတယ်လို့ အဆိုပါပွဲသို့ လာရောက်ခဲ့ သည့်သူတစ်ဦးက
ဆိုပါတယ်....
Priests prepare to drop a terrified toddler into the temple square below
မင်္ဂလာတွေရှိစေဖို့ အောက်ကိုပစ်ချစို့ ....
Priests prepare to drop a terrified toddler into the temple square below
Campaigners managed to get the ritual banned in 2011, but it returned this year
ဒီလိုဖြစ်ရပ်မျိုးမဖြစ်စေဖို့ ၂၀၁၁ ခုနှစ်မှာ တားဆီးနိုင်ခဲ့ ပေမယ့် ယခုနှစ်တွင်တော့ ထပ်မံပေါ်ပေါက်
လာပြန်ခဲ့ ပါတယ်....
2 comments:
  1. တော်တော်အယူကြီးတဲ့လူတွေ။
    ReplyDelete
  2. အယူသီးတာမဟုတ်ဘူးသူရင်းရ
    ဦးနောက်အဆံမပါတာ
    ဒါကြောင့်ကလေး
    ကိုဒိလိုလုပ်တာ
    ReplyDelete
LinkWithin
Related Posts Plugin for WordPress, Blogger...
ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ