Friday, March 1, 2013

မြန်မာကားထဲမှ လူဆိုးများ

၁။လူမိုက်များသည် ဘောင်းဘီသာဝတ်ကြပြီး ပုဆိုးဝတ်လေ့မရှိကြ။(ရန်ဖြစ်ရလွန်ကူစေရန်ဖြစ်နိုင်သည်)

၂။ လူဆိုးခေါင်းဆောင်အများစုသည် ကုတ်အကျီ (သို့) လယ်သာဂျာကင် ၀တ်လေ့ရှိပြီး
တခါတရံ ဦးထုပ်ဆောင်းတတ်ကြသည်။(မည်မျှပူ အိုက်စေကာမူ)

၃။ လူဆိုးများသည် ခြံကျယ်ကြီးများ၊ တိုက်ပျက်ကြီးများတွင် စခန်းချလေ့ရှိသည်။အချိန်ပြည့်အရက်သောက်ကြသည်။

၎။ ထောင်မှထွက်လာသူများသည် ကောင်းမွန်စွာလုပ်ကိုင်စားလေ့မရှိဘဲ လူဆိုး
များဖြင့်သာ ပြန်လည်ပေါင်းသင်းပြီး ဆက်လက်ဆိုးသွမ်းကြသည်။(ထောင်မှူးအား သတိတရ ရှိဟန်တူသည်)

၅။ Snooker ကစားသူ အများစုသည် အကျင့်ပျက် လူပွေများသာဖြစ်လေ့ရှိသည်။

၆။ယောက်ျားလေးများသည် တစ်ယောက်တည်းပင်ဖြစ်စေကာမူ ၂ယောက်၃ယောက်မကသော လူဆိုး၊
လူမိုက်များနှင့် ရန်ဖြစ်လေ့ရှိသည်။ ရန်ဖြစ်သည့်အခါများတွင် တိုက်ဆိုင်စွာ
ဘောင်းဘီရှည်သာ ၀တ်ထားလေ့ရှိသည်။

၇။ရန်ဖြစ်တိုင်း ကျယ်လောင်သောအသံ ဟန်ချက်ညီညီထွက်လာသည်။(လက်ဝှေ့ကျော်တွေ့မရှောင်ပင် ထိုသို့မထိုးနိုင်ပေ)

၈။ ရန်ဖြစ်သည့်အချိန်တွင် လဲကျသွားပါက ရှုံးပြီဖြစ်သည်။ (ပီးလျှင် အချင်းချင်းနှာနှပ်ပီး ဖုတ်ဖက်ခါပြေးကြသည်)

၉။မင်းသမီးအား ဖမ်းမိလျှင် ကြိုးချည်ပီး ဒီအတိုင်းထိုင်ကြည့်နေတတ်ကြသည်။(လူဆိုးဂျော်ကီးများ ဖြစ်ဟန်တူသည်)

>Karsino,
e-mail ဟာသများကိုမှီငြမ်းသည်
 
အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ