တစ်ခါတုန်းက
ကြီးမှားလှတဲ့ ပန်းသီးပင်ကြီးတစ်ပင်ရှိခဲ့တယ်….။ ကလေးလေး တစ်ယောက်ဟာ ဒီ
ပန်းသီးပင်ကြီးရဲ့ အောက်မှာ နေ့စဉ်နေတိုင်း လာရောက်ဆော့ကစားခဲ့တယ်….၊ သူဟာ အပင်ပေါ်
တက်တယ်..၊ ပန်းသီးတွေ ခူးစားတယ်..၊ ပြီးတော့ ဒီအပင်ကြီးရဲ့ အရိပ်အောက်မှာလည်း တရေး
တမော အိပ်တတ်သေးတယ်…။ သူဟာ ဒီပန်းသီးပင်ကြီးကို အရမ်းချစ်ခဲ့ပြီး
ပန်းသီးပင်ကြီးကလည်း သူနဲ့ လာကစားတဲ့ ကလေးကို ချစ်ခဲ့ပါတယ်…။
အချိန်တွေ
ကုန်ဆုံးခဲ့ပါတယ်..။ ကလေးလေးဟာ ကြီးလာပြီး အပင်ကြီးနားမှာ နေ့တိုင်းလာပြီး
မဆော့ကစားတော့ပါဘူး…၊ တစ်နေ့တော့ ကောင်လေးဟာ အပင်ကြီးဆီ ပြန်ရောက်လာခဲ့ပြီး သူဟာ
ဝမ်းနည်းနေပုံရပါတယ်…။
အပင်ကြီး
- "ငါနဲ့ လာဆော့ကစား ပါလား.."
ကောင်လေး
- "ငါသစ်ပင်နားမှာ ဆော့ကစားနေရမယ့် ကလေးအရွယ်
မဟုတ်တော့ဘူး..၊ ငါ အရုပ်တွေလိုချင်တယ်..၊ အရုပ်တွေဝယ်ဖို့ ပိုက်ဆံတွေ
လိုချင်တယ်…"
အပင်ကြီး
- "ငါမှာ ပေးစရာ ပိုက်ဆံတော့ မရှိဘူး..၊ ဒါပေမယ့်
မင်းငါ့ဆီက ပန်းသီးတွေ ခူးပြီး ရောင်းမယ်ဆိုရင် မင်းလိုချင်တဲ့ ပိုက်ဆံ
ရပါလိမ့်မယ်.."
ကောင်လေးဟာ
အရမ်းပျော်ရွှင်ခဲ့တယ်..၊ သူဟာ အပင်မှာရှိတဲ့ ပန်းသီးအားလုံးကိုခူးဆွတ်ခဲ့ပြီး
ပျော်ရွှင်စွာ ထွက်သွားခဲ့တယ်..။ အဲ့ဒီနောက်မှာတော့ ကောင်လေးဟာ အပင်ကြီးဆီ
ပြန်ရောက်မလာ ခဲ့ပါဘူး..။ အပင်ကြီးဟာ ၀မ်းနည်းရပြန်ပါတယ်…။
တစ်နေ့….၊
ကောင်လေးဟာ အရွယ်ရောက် လူရွယ်တစ်ဦးအဖြစ် အပင်ကြီးဆီကို ပြန်ရောက်လာခဲ့ ပါတယ်..၊
အပင်ကြီးကတော့ ၀မ်းသာလို့ မဆုံးဘူးပေါ့..၊
"ငါနဲ့ အရင်ကလို ကစားပါအုံးလား.."
"ငါ့မှာ မင်းနဲ့ကစားဖို့ အချိန်မရှိပါဘူး..၊ ငါ့မိသားစုအတွက်
ငါအလုပ်လုပ်ရအုံးမယ်..၊ ငါတို့ နေစရာ အိမ်လိုတယ်..။ မင်းကူညီပေးနိုင်မလား…"
“၀မ်းနည်းပါတယ်..။
ငါ့မှာ မင်းဖို့ အိမ်တော့မရှိပါဘူး..၊ ဒါပေမယ့် မင်းလိုချင်ရင်တော့
မင်းအိမ်ဆောက်ဖို့ ငါ့အကိုင်း အခက်တွေ ခုတ်သွားနိုင်ပါတယ်.."
လူရွယ်ဟာ
ပျော်ရွှင်စွာနဲ့ အပင်ကြီးရဲ့ အကိုင်းအခက်တွေခုတ်ယူပြီး ထွက်သွားခဲ့ပါတယ်..၊
အပင်ကြီး ကတော့ လူရွယ်ပျော်ရွှင်နေတာကိုကြည့်ပြီး ပျော်ရွှင်ခဲ့ရပေမယ့်
အဲ့ဒီနောက်မှာတော့ လူရွယ်ဟာ သစ်ပင်ကြီးဆီ ပြန်ရောက်မလာခဲ့ပါဘူး..၊ အပင်ကြီးကတော့
အရင်လိုပဲ တစ်ကိုယ်တည်း အထီးကျန် ၀မ်းနည်းလျက်ပေါ့…။
ပူပြင်းတဲ့နွေရာသီ
တစ်နေ့မှာ..၊ အပင်ကြီးဆီကို လူတစ်ယောက် ပြန်ရောက်လာခဲ့ပါတယ်..။ အပင်ကြီးက
"ငါနဲ့ တစ်ခါတော့ ကစားပါအုံးလား…"
"ငါအသက်ကြီးနေပါပြီကွာ…၊ ငါအရမ်းပင်ပန်းလို့ အနားယူပြီး
ရွက်လွှင့်ချင်တယ်..၊ မင်းငါ့ကို လှေတစ်စင်း လောက်ပေးနိုင်မလား.."
"ငါ့ပင်စည်ကို ခုတ်လှဲပြီး လှေလုပ်ဖို့ အသုံးပြုလိုက်ပါ…၊
မင်းပျော်ရွှင်စွာနဲ့ လိုရာကို ရွက်လွှင့်နိုင်ပါစေ.."
သူဟာ
သစ်ပင်ကို ခုတ်လှဲပြီး လှေတစ်စင်းပြုလုပ်ပြီး ရွက်လွှင့်ခဲ့တယ်..၊ အချိန်တော်တော်ကြာအောင်
ပြန်ပေါ်မလာတော့ပဲ ရွက်လွှင့်ပြီး နေခဲ့တယ်..။
နှစ်အတော်ကြာတဲ့အခါမှာတော့..၊
အဘိုးအိုတစ်ယောက် အပင်ကြီးဆီ ပြန်ရောက်လာခဲ့ပါတယ်..။ ဒီတစ်ခါမှာတော့ အပင်ကြီးက
အရင်လို ငါနဲ့ ကစားပါအုံးလားလို့ မမေးတော့ပဲ…
"၀မ်းနည်းပါတယ်…၊ ငါ့မှာမင်းအတွက် ဘာမှ မရှိတော့ပါဘူး..၊
ငါကိုယ်တိုင်လည်း သစ်ငုတ်တို ဖြစ်နေခဲ့ပါပြီ… မင်းအတွက် စားစရာ ပန်းသီး တွေလည်း ငါမပေးနိုင်တော့ပါဘူး"
"ကိစ္စမရှိပါဘူး..၊ ငါ့မှာလည်း ပန်းသီးကိုက်ဖို့ သွားမှ
မရှိတော့တာ.."
"မင်း တက်ဆော့ဖို့အတွက် ပင်စည်လည်း မရှိတော့ဘူးလေ.."
"ရှိခဲ့ရင်တောင် ငါမတက်ဆော့နိုင်တော့ပါဘူး.."
"ငါ့မှာ နောက်ဆုံးကျန်တာဆိုလို့ သေဆုံးခါနီး
အမြစ်တွေပဲဖြစ်တယ်…"
"ငါဒီနှစ်တွေအတောအတွင်း အရမ်းပင်ပန်းခဲ့တယ်..၊ ငါအနားယူဖို့
နေရာတစ်နေရာသာ လိုတာပါ.."
လို့ သူက ပြန်ပြောခဲ့တယ်..။
"ကောင်းတာပေါ့..၊ သစ်ပင်အိုကြီးရဲ့ အမြစ်တွေက အနားယူဖို့
အကောင်းဆုံးအရာပဲ မဟုတ်လား.."
လို့ သစ်ပင်ကြီးက ပြောလိုက်တဲ့အခါမှာတော့ အဘိုးအိုဟာ ထိုင်ချလိုက်ပြီး သစ်ပင်ကြီးတော့
မျက်ရည်တွေနဲ့ ပျော်ရွှင်စွာ ပြုံးနေပါတော့တယ်…။
ဒီပုံပြင်လေးဟာ လူတိုင်းနဲ့ သက်ဆိုင်ပါတယ်..၊ ဒီပုံပြင်ထဲမှာ ပါတဲ့
သစ်ပင်ကြီးဆိုတဲ့ ကျွန်တော်တို့ မိဘ တွေပါပဲ..၊ ကျွန်တော်တို့ ငယ်စဉ်တုန်းက အဖေ၊
အမေနဲ့ ဆော့ကစားချင်ခဲ့တယ်..၊ အရွယ် ရောက်လာတော့ သူတို့ကို ကျွန်တော်တို့
စွန့်ခွာခဲ့တယ်..၊ ကိုယ်လိုချင်တဲ့အရာရှိမှ ကိုယ်ဒုက္ခရောက် မှ
မိဘတွေဆီပြန်လာခဲ့တယ်..၊ မိဘတွေကတော့ သားသမီးတွေ စိတ်ချမ်းသာ ပျော်ရွှင်ဖို့အတွက်
သူတို့ဖက်က ပေးဆပ်ရန် အမြဲတမ်းအဆင့်သင့် ဖြစ်နေခဲ့ပါတယ်..
ဒီပုံပြင်မှာ ကောင်လေးဟာ သစ်ပင်အပေါ် ရက်စက်ရာကျတယ်လို့
ထင်ကြပါလိမ့်မယ်..ဒါပေမယ့် ကျွန်တော်တို့အားလုံး မိဘတွေပေါ် ဒီအတိုင်းပဲ
ဆက်ဆံနေကြတာပါ..၊
အောင်ထွန်းဦး
အောင်ထွန်းဦး
No comments:
Post a Comment