Saturday, March 9, 2013

အမေ့ကို မုန်းတယ်....


ကျွန်တော့်အမေမှာ မျက်စိ တစ်ဖက်ပဲရှိပါတယ်..။ ကျွန်တော် သူမကို မုန်းပါတယ်..။ သူမရဲ့သားလို့ အခြားသူတွေ သိမှာကိုလည်း ကျွန်တော်ရှက်မိပါတယ်…။ အမေက ကျောင်းမှာ ကျောင်းသူ/ ကျောင်းသားတွေနဲ့ ဆရာ/ဆရာမတွေအတွက် ထမင်း၊ဟင်း ချက်ပြုတ်တဲ့ အလုပ်ကို လုပ်နေပါတယ်..။

တစ်နေ့ ကျောင်းတက်ချိန်တစ်ခုမှာပေါ့…။ အမေက ကျွန်တော့်အခန်းကို လာပြီး ကျွန်တော့်ကို လာနှုတ်ဆက်ခဲ့ပါတယ်..။ ကျွန်တော် ရှက်လိုက်တာဗျာ..။ အမေဘာလို့ ဒီလိုလုပ်ရတာလဲ..၊ ဒါ ကျွန်တော့်သူငယ်ချင်းတွေအရှေ့မှာ ကျွန်တော့်ကို အရှက်ခွဲတာပဲ…။ ကျွန်တော် အမေ့ကို စိတ်နာ စွာ တစ်ချက်ကြည့်ပြီး အခန်းထဲက ထွက်ပြေးခဲ့ပါတော့တယ်..။ နောက်တစ်နေ့ ကျောင်းပြန်တက်တော့ ကျွန်တော် မျှော်လင့်ထားတဲ့အတိုင်းပါပဲ..။ သူငယ်ချင်းတွေက ကျွန်တော့်ကိုပြောကြတယ်…"မင်းအမေက တစ်ဖက်လပ် ကြီးပါ.." တဲ့…။

ကျွန်တော် ကိုယ့်ကိုယ်ကို မြေမြှပ်သတ်သေချင်လောက်တဲ့အထိ ဖြစ်ခဲ့တယ်..။ အမေ့ကို ကျွန်တော့် ဘ၀ထဲကနေ လုံးဝ ပျောက်ကွယ်သွားစေချင်ခဲ့တယ်..။


အဲ့ဒီနေ့မှာပဲ ကျွန်တော်အမေ့ကိုရင်ဆိုင်တွေ့ခဲ့ပါတယ်..။ ကျွန်တော့်ကို အံ့သြစေဖို့ ရုတ်တရက် ရောက်လာတာပါလို့ ရှင်းပြနေတဲ့အမေကို "အမေဘာလို့ ကျွန်တော့်အမေ ဖြစ်နေရတာလဲ..၊ အမေ ဘာလို့ မသေသေးတာလဲ" လို့ ကျွန်တော် အော်ဟစ် ပြောဆိုခဲ့ပါတယ်..။ အမေကတော့ ဘာမှ ပြန်မပြောခဲ့ပါဘူး..၊ ကျွန်တော့်ဒေါသစိတ်၊ ရှက်ရွံ့စိတ်တွေကြောင့် ကျွန်တော် အမေ့ကို ဘာတွေ ပြောမိလဲဆိုတာတောင် မစဉ်းစားခဲ့ပါဘူး..။ အမေ့ရဲ့ ခံစားမှုတွေကိုလည်း လျစ်လျူရှု့ခဲ့မိပါတယ်..။

ကျွန်တော် အမေ့ဆီကနေ ပြီးတော့ ဒီအိမ်ကနေ ထွက်သွားချင်ခဲ့တယ်..။ ဒါကြောင့် ကျွန်တော် စာကို ကြိုးစားခဲ့တယ်..။ နိုင်ငံခြားမှာ စာသွားသင်ဖို့ အခွင့်အရေးရခဲ့တယ်..။

အဲ့ဒီနောက်မှာ.. ကျွန်တော် အိမ်ထောင်ကျခဲ့တယ်..။ ကိုယ်ပိုင် အိမ်တစ်လုံးဝယ်နိုင်ခဲ့တယ်..။ အခုဆို ကျွန်တော့်မှာ ကလေးတွေတောင် ရှိနေပြီလေ..၊ ကျွန်တော်အခုပိုင်ဆိုင်နေတဲ့ ပြီးပြည့်စုံတဲ့ မိသားစု ဘ၀လေးကို ကျွန်တော် ကျေနပ်ပါတယ်..။ 

တစ်နေ့မှာ..၊ အမေက ကျွန်တော့်ဆီ လာလည်ခဲ့တယ်..။ အမေနဲ့ မတွေ့ဖြစ်တာ ကျွန်တော် နိုင်ငံခြားစသွားကတည်းကဖြစ်ပြီး အမေက သူ့မြေးလေးတွေကို လည်း မမြင်ဖူးခဲ့ပါဘူး..။

အမေ အိမ်ရှေ့ကိုရောက်တာနဲ့.၊ ကျွန်တော့်ကလေးတွေက အမေ့ကို လှောင်ပြောင်ရယ်မောခဲ့ပါ တယ်..။ ကျွန်တော်က အမေ့ကို "ဘာလို့ ကျွန်တော် မခေါ်ပဲနဲ့ လာရတာလဲ…၊ ကျွန်တော့် ကလေးတွေကို ကြောက်အောင် လာခြောက်နေတာလား..၊ အခု ချက်ချင်း ကျွန်တော့် ခြံထဲက ထွက်သွားပါ" လို့ အော်ဟစ်ပြောဆိုခဲ့တယ်..။

အမေက .." တောင်းပန်ပါတယ်ကွယ်..။ အမေ လိပ်စာမှားပြီး လာမိထင်တယ်.." ဆိုပြီး ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်..။

တစ်နေ့..၊ ကျွန်တော့်ကျောင်းဟောင်းကနေ ကျွန်တော့်ကို မိတ်ဆုံစားပွဲ ဖိတ်ခဲ့ပါတယ်..။ မိန်းမကို လုပ်ငန်းအရ ခရီးသွားစရာရှိတယ်ဆိုပြီး ကျွန်တော် ထွက်လာခဲ့ပါတယ်..။ မိတ်ဆုံစားပွဲအပြီးမှာ ကျွန်တော် အမေ့ရဲ့ တဲစုတ်လေးဆီကို စူးစမ်းလိုစိတ်နဲ့ သွားရောက်ခဲ့ပါတယ်..။

အိမ်နီးချင်းတွေက အမေ သေဆုံးသွားတဲ့အကြောင်း ပြောကြပါတယ်..။ ကျွန်တော် မျက်ရည် မကျမိ ပါဘူး..။ သူတို့က ကျွန်တော့်အတွက် အမေထားခဲ့တဲ့ စာလေးတစ်စောင်ကို ပေးပါတယ်..။

သား….

အမေ သားအကြောင်းကိုပဲ အမြဲတွေးနေမိတယ်..။ သားအိမ်ကိုလာပြီး ကလေးတွေကို ခြောက်လှန့်သလို ဖြစ်ခဲ့တဲ့အတွက် အမေတောင်းပန်ပါတယ်..၊ သားကျောင်း မိတ်ဆုံစားပွဲကို လာမယ်ဆိုတာ သိလို့ အမေ အရမ်းဝမ်းသာပါတယ်..။ ဒါပေမယ့် အမေက အိပ်ရာထဲမှာ ဆိုတော့ သားကိုတော့ လာမတွေ့နိုင်တော့ဘူးလေ…၊ သားရဲ့ ဘ၀မှာ အမေက သားအတွက် အရှက်ရစရာ ဖြစ်ခဲ့တဲ့အတွက် အမေတောင်းပန်ပါတယ်..။

သားသိလား…၊ သားငယ်ငယ်တုန်းကလေ… မတော်တဆမှုတစ်ခုကြောင့်.. သားမျက်လုံး တစ်ဖက် ဆုံးရှုံးခဲ့ရတယ်..၊ အမေတစ်ယောက်အနေနဲ့..၊ သား မျက်လုံးတစ်ဖက်တည်းနဲ့ တစ်ဖက်လပ် အဖြစ် ကြီးပြင်းလာရမှာကို အမေ မမြင်ချင်ခဲ့ဘူး..၊ ဒါကြောင့်… အမေ့ရဲ့ မျက်လုံးတစ်ဖက်ကို သားကို ပေးခဲ့ပါတယ်..။

အမေလေ.. အမေရဲ့ မျက်လုံးနဲ့ အမေ့အစား လောကကြီးကို ကြည့်ပေးမယ့် အမေ့သားအတွက် အရမ်းဂုဏ်ယူမိပါတယ်…။

သားလေး နေကောင်းပါစေ…
အမေ…


အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ