ကျွန်တော့်အဖေအသက်က ၈၀ ရှိပါပြီ...။
တစ်နေ့မှာ အဖေက ၄၅ နှစ်ရှိပြီ ဖြစ်တဲ့ ကျွန်တော်နဲ့ အတူ အိမ်ရှေ့ ဧည့်ခန်းထဲမှာ
ထိုင်နေပါတယ်…။ ရုတ်တရက်ပဲ…၊ ဧည့်ခန်း ပြတင်းပေါက်နားကို နွားတစ် ကောင်
ရောက်လာခဲ့ပါတယ်..။ အဖေက ကျွန်တော့်ကို
"အဲ့ဒါ ဘာကြီးလဲ ? "…
"အဲ့ဒါ နွားလေ အဖေ…"
နောက်မိနစ်အနည်းငယ် ကြာတဲ့အခါမှာ…၊
အဖေက ကျွန်တော့်ကို ဒုတိယအကြိမ် ထပ်မေးပြန်တယ်…၊
"သား အဲ့ဒါ ဘာကြီးလဲ ? "
"အဖေ့ကို ခုနလေးတင် ပြောပြတယ်လေ..၊ အဲ့ဒါ
နွား ဆိုတာကို.."
နောက်အနည်းငယ်ကြာတဲ့အခါမှာ…၊ အဖေ့က ကျွန်တော့်ကို တတိအကြိမ် ထပ်မေးပြန်ပါတယ်…
"သား… ပြတင်းပေါက်နားက ဘာကြီးလဲ ? "
ဒီတစ်ကြိမ်မှာတော့ ကျွန်တော် အရမ်းကို
စိတ်ဆိုးသွားခဲ့ပြီး အရမ်းကို ဒေါသထွက်စွာနဲ့ အဖေ့ကို ပြန်အော်မိလိုတယ်…။
"အဲ့ဒါ နွားလို့ ခေါ်တယ်…၊ နွား…နွား …"
မကြာပါဘူး…၊ စတုတ္ထအကြိမ်မြောက် အလားတူ မေးခွန်းကို အဖေ ထပ်မေးပြန်ပါတယ်..။
"အဖေ ဘာလို့ ဒီမေးခွန်းပဲ ထပ်ခါတလဲလဲ
မေးနေရတာလဲဆိုတာ ကျွန်တော် နားမလည်တော့ဘူး ? ဒါဟာ နွားပါဆိုတာကို ထပ်ခါ တလဲလဲ
ကျွန်တော် ပြောပြပြီးပြီလေ..၊ အဖေ နားမလည်တာလား..၊ နားကန်းနေတာလား..ဟမ်.." ဆိုပြီး အော်ဟစ် ပြောဆို
လိုက်ပါတယ်…။
အဖေ့မျက်နှာပေါ်မှာ ၀မ်းနည်းသွားတဲ့ အရိပ်အယောင်တွေ့လိုက်ရတဲ့အတွက် ကျွန်တော် စိတ်မကောင်း ဖြစ်သွားမိပါတယ်..။ အဖေက ဖြေးညှင်းစွာ သူ့အိပ်ခန်းထဲကို ၀င်သွားခဲ့ပြီး ပြန်ထွက်လာတော့ အဖေ့ရဲ့ လက်ထဲမှာ သူရဲ့ ဒိုင်ယာရီ စာအုပ်လေးတစ်အုပ် ပါလာပါတယ်..၊ အဖေက စာအုပ်ကို လှန်လှောပြီး တစ်နေရာအရောက်မှာ ကျွန်တော့်ကို ဖတ်ခိုင်းပါတယ်..။ ကျွန်တော် ဖတ်ကြည့်လိုက်တဲ့ အခါ အဖေ့ စာအုပ်ထဲမှာ အဖေ့လက်ရေးနဲ့ အောက်ပါအတိုင်း ရေးသားထားပါတယ်..။

ဒီနေ့ သားလေး ၃ နှစ်ပြည့်တဲ့နေ့မို့လို့ သားလေးနဲ့အတူ ပန်းခြံထဲ ထွက်ခဲ့တယ်..။ ပန်းခြံထဲမှာ ငှက် ကလေး တစ်ကောင်က ခုံတန်းပေါ်မှာ နားနေတယ်..။ သားလေးက ကျွန်တော့်ကို အဲ့ဒါ ဘာလေးလဲ.. လို့ ၂၃ ကြိမ် တိတိမေးခဲ့တယ်…။ ချစ်စရာကောင်းတဲ့ သားလေးရဲ့ သိလိုစိတ်ကို ကျွန်တော် နှစ်သက် မြတ်နိုးစွာပဲ အကြိမ်တိုင်းကို "အဲ့ဒါ ငှက်လို့ ခေါ်တယ်.." ဆိုပြီး ပြန်ဖြေခဲ့တယ်..။ ဒီလို ပြန်ဖြေရတဲ့ အတွက် သားလေးကို အပြစ်မမြင်မိတဲ့အပြင် ပိုလို့တောင် ချစ်ခဲ့ရပါသေးတယ်…။
ဒီစာကို ဖတ်ပြီးတဲ့ အချိန်မှာ
ကျွန်တော့် ဘာစကားမှ မပြောနိုင်ပဲ တွေးနေမိတယ်..။ ကျွန်တော် ငယ်ငယ်တုန်းက
ကျွန်တော်သိလိုတဲ့အရာ တစ်ခုတည်းကို ၂၃ ကြိမ်ထိ ဖြေပေးခဲ့ရပေမယ့် လုံးဝ
အပြစ်မမြင်ပဲ အချစ်ပိုခဲ့တဲ့ အဖေ့ကို ကျွန်တော်က အဖေ့ရဲ့ အိုမင်းမှုကြောင့်
ဖြစ်ပေါ်လာရတဲ့ သိလိုစိတ်ကို ပြန်ပြောပြဖို့ ၄ ကြိမ်ထိတောင်
သည်းခံနိုင်စွမ်းမရှိခဲ့ပါဘူး..။
ကျွန်တော် မျက်ဝန်းမှ မျက်ရည်တွေ စီးကျလာခဲ့ပြီး… အဖေ့ကို တင်းကျပ်စွာ ဖက်တွယ်ထားလိုက်မိ ပါတော့တယ်….။
အောင်ထွန်းဦး
No comments:
Post a Comment