Saturday, March 9, 2013

မမြင်နိုင်သော အရာ...

 

မျက်စိကန်းနေတဲ့ မိန်းကလေးတစ်ယောက်ရှိပါတယ်..။ သူဟာ သူ့ကိုယ်သူ မျက်စိ မမြင်ရတဲ့အတွက် ကြောင့် အရမ်းမုန်းနေမိပါတယ်..။ သူမဟာ လူတိုင်းကိုလည်း အလိုမကျဖြစ်နေပြီး သူမရဲ့ ချစ်သူ တစ်ယောက်သာ သူမအတွက် မရှိမဖြစ်လို့ ခံယူထားပါတယ်..။ သူမဟာ တစ်ကယ်လို့ တစ်နေ့မှာ မျက်စိပြန်မြင်နိုင်ခဲ့ရင်..၊ သူမရဲ့ချစ်သူကို လက်ထပ်မှာပါ..။

တစ်နေ့..၊ သူမဟာ မျက်လုံးတစ်စုံကို လှူဒါန်းသူတစ်ယောက်ထံမှ..လက်ခံရရှိခဲ့ပါတယ်..။ သူမဟာ အခုဆို သူမရဲ့ ချစ်သူအပါအ၀င် အရာအားလုံးကို မြင်နိုင်ပါပြီ..။ သူမရဲ့ ချစ်သူက သူမကို..

"ကဲ..အခု…မင်း လောကကြီးကို ပြန်မြင်နိုင်ပြီဆိုတော့..၊ ကိုယ့်ကိုလက်ထပ်ခွင့်ပြုပါ…".. 

သူမဟာ သူ့ကိုလက်ထပ်ဖို့ ငြင်းဆန်ခဲ့ပါတယ်..၊ ဘာလို့လဲဆိုတော့ သူ့ချစ်သူကလည်း မျက်စိ မမြင် နိုင်တဲ့သူတစ်ယောက် ဖြစ်နေလို့ပါပဲ…။ သူမရဲ့ချစ်သူက သူမကို စာတစ်စောင်ပေးပြီး ၀မ်းနည်းစွာနဲ့ အဝေးကို ထွက်သွားခဲ့တယ်….၊ သူမလည်း စာကို မဖတ်ဖြစ်ခဲ့ပဲ အမှုမဲ့ အမှတ်မဲ့ ထားခဲ့ပါတယ်..။


သူမဟာ သူမနဲ့ သင့်တော်တဲ့ လူချမ်းသာတစ်ယောက်နဲ့ လက်ထပ်ပွဲ ဆင်နွှဲတော့မှာ ဖြစ်ပါတယ်..။ သူမရဲ့ အရင်ချစ်သူ သတင်းကြားရတာ စိတ်မကောင်းစရာပါပဲ..၊ သူမစိတ်နဲ့ပဲ ဆုံးပါးသွားတယ်တဲ့လေ…။ မင်္ဂလာခန်းမထဲ မ၀င်ခင်… စားပွဲထဲမှာ သူမရဲ့ အရင်ချစ်သူ ပေးထားတဲ့ စာလေးကို တွေ့လိုက်မိပြီး ဘာတွေရေးထားလဲ ဆိုတာ သိချင်စိတ် ၀င်လာခဲ့တယ်..။ 

ဒါနဲ့ပဲ သူမ စာကို ဖွင့်ဖတ်ကြည့်လိုက်တယ်…။ စာရေးထားတာက နှစ်ကြောင်းတည်းပါ…။

"ကိုယ့် မျက်လုံးတွေကို ဂရုစိုက်ပေးပါကွာ..၊ မင်းကို ထာဝရချစ်နေပါ့မယ်…"

ဒီလိုပါပဲ… လူတွေဟာ အခြေအနေတွေပေါ်လိုက်ပြီး ပြောင်းလဲတတ်ကြပါတယ်..၊ လူအနည်း ငယ် လောက်သာ ကိုယ်အရင်က ဘယ်လိုဖြတ်သန်းခဲ့ရတယ်..၊ ကိုယ့်အတွက် အခက်ခဲဆုံး အချိန်တွေမှာ ဘယ်သူတွေက အမြဲတမ်း အသင့်ဖြစ်ခဲ့သလဲ ဆိုတာကို သတိရတတ်ကြပါတယ်…။

အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ