Monday, August 20, 2012

သင့်ဖုန်းမှာ Themes လှလှလေးတွေ ဖြစ်ဖို့ Go-Launcher လေး သုံးလိုက်ရအောင်

နာမည်ကြီး လူကြိုက်များနေတဲ့ Go-Launcher လေးဟာ andriod ဖုန်းပိုင်ရှင်တော်တော်များများ အကြိုက်တွေနေတဲ့ Launcher လေးဖြစ်ပါတယ်..၊
အောက်က link ထဲက ပါတဲ့ zip file ကို အရင်ဆွဲလိုက်ပါ။


Folder နှစ်ခုကို တွေ့ရပါလိမ့်မယ်။ Go Launcher Ex 2.29 နဲ့ Go Launcher ex themes တို့ပဲဖြစ်ပါတယ်။ Go Launcher Ex 2.29 မှာပါတဲ့ ဖိုင်လေးကို ဖုန်းမှာ အရင် install လုပ်လိုက်ပါ..၊ ပြီးရင် Go Launcher ex themes မှာပါတဲ့ ဖိုင်အားလုံးကိုလည်း ဖုန်းမှာ install လုပ်လိုက်ပါ။


ကဲ... ဒါဆိုရင်တော့ ကိုယ့်ဖုန်းမှာ Go Launcher လေးသွင်းပြီးပါပြီ... ကျန်တဲ့ အပိုင်းလေးတွေ ရှိပါသေးတယ်။

မိမိဖုန်းရဲ့ Home Button ကို နှိပ်လိုက်ပါ။ ပြီးရင် အပေါ်ဆုံးမှာ ပေါ်နေတဲ့ Go Launcher EX ဆိုတာလေးနှိပ်လိုက်ပါ။


Go Launcher ရဲ့ Default theme လေးနဲ့ သင့်ဖုန်းကို မြင် တွေ့ရပါလိမ့်မယ်။ ဒီပုံစံကို မကြိုက်ဘူးဆိုရင် MenU Button ကိုနှိပ်ပြီး Themes ကိုရွေးပေးပါ။


ခုနက သွင်းထားတဲ့ themes တွေ အများကြီး ပေါ်လာပါလိမ့်မယ်။ ကိုယ်ကြိုက်တဲ့ theme တစ်ခုကို ရွေးလိုက်ပါ။

ရွေးပြီးပါက တစ်ချက်နှိပ်လိုက်ပါ။ ပြီးရင် Apply ဆိုတာလေးကို ဆက်နှိပ်လိုက်ပါ။

သင့်ဖုန်းကို သင်ရွေးထားတဲ့ themes အလန်းစားလေးနဲ့ မြင်ရပါလိမ့်မယ်။


အဲဒါအပြင် ဒီ Go-Launcher လေးရဲ့ အကူအညီနဲ့ icons များကို မြန်မာလိုပြင်ဆင်ခြင်း၊ app drawer background ကို မိမိနှစ်သက်ရာ ပုံလေးတွေထည့်သွင်းခြင်း စတာတွေကို လုပ်ဆောင်နိုင်ပါတယ်..။




အောင်ထွန်းဦး

2 comments:

  1. downloadဆွဲလို့မရလို့ပါ ဘယ်လိုလုပ်ရမှာလဲ

    ReplyDelete
  2. http://i.minus.com/1353439419/n--1d5iwqnyUUDmR9pjU5Q/dEVewvMgVwFCn/Go%20Launcher.rar

    အဲ့ဒီ link ကနေ ဆွဲလိုက်ပါနော်..

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ