Friday, November 30, 2012

Andriod ဖုန်းများတွင် ဖြစ်တတ်သော Screen Lock ပြသနာ ဖြေရှင်းနည်း




ဒီနေ့တော့ Gtalk ကနေ သူငယ်ချင်း တစ်ယောက် မေးတဲ့ အကြောင်းလေးကို post လေးတစ်ခု ရေးပေးပါ့မယ်..။ Andriod ဖုန်းပိုင်ရှင် အများစုလည်း ဖြစ်တတ်ပြီး တော်တော် ပြသနာ တတ်တဲ့ ကိစ္စလေးပါ..။

အဲ့ဒါကတော့ android ဖုန်းတွေမှာ screen lock ကျသွားခြင်းပဲ ဖြစ်ပါတယ်..။ ကိုယ်တိုင်ပဲ password မေ့သွားလို့ပဲဖြစ်ဖြစ်၊ တခြားတစ်ယောက်ယောက်က ကိုယ့်ဖုန်းကို လာကလိ လို့ပဲဖြစ်ဖြစ် သူ့အရေအတွက် ၅ ကြိမ်ကျော်သွားရင် screen lock ကျသွားပြီပဲဖြစ်ပါတယ်..။ ဒါဆိုရင်တော့ ကိုယ်ပေးခဲ့တဲ့ password ကို ပြန်ဖြည့်ပေးရတော့မှာ ဖြစ်ပါတယ်..။ ဒါပေမယ့် အဲ့ဒီ password ကိုပါ မေ့နေတယ်ဆိုရင်တော့ …….

နည်းလမ်းကတော့ (၂) နည်းရှိပါတယ်…။

၁။       ပထမတစ်နည်းကတော့ သင်ရဲ့ဖုန်း USB debugging ကို ဖွင့်ခဲ့ရင် WonderShare Moblie Go ဆိုတဲ့ application ကို ကွန်ပျူတာမှာ သွင်းလိုက်ပါ.. ( Install လုပ်ရန်နှင့် အသုံးပြုနည်းကို ဒီမှာ ကြည့်ပါ..

ပြီးရင် အဲ့ဒီ WonderShare Mobile Go လေးကို အသုံးပြုပြီး အောက်က link မှာ ပါတဲ့ application ကို ဖုန်းထဲကို သွင်းပေးလိုက်ပါ..


ပြီးရင် power ပိတ်ပြီး ပြန်ဖွင့်လိုက်ရင် သင့်ဖုန်း screen lock ကျနေတဲ့ ပြသနာဟာ ဖြေရှင်းပြီးသား ဖြစ်နေပါလိမ့်မယ်..။

၂။       နောက်တစ်နည်းကတော့ ဖုန်းရဲ့ USB debugging ကို မဖွင့်မိခဲ့ရင် Factory Reset ချပေးရမှာ ဖြစ်ပါတယ်..။ 
သတိထားရမှာက Factory reset လုပ်မယ်ဆိုရင် မိမိသွင်းထားသမျှ data တွေနဲ့ root လုပ်ထားတယ်ဆိုရင်လည်း အကုန်ပျောက်ဆုံးသွားမှာ ဖြစ်ပါတယ်..။

လုပ်ပုံလုပ်နည်းကတော့ Recovery mode ကို အရင်ဆုံး ၀င်ပါ..။

Recovery Mode သို့ဝင်ပုံမှာ ဖုန်းကို အရင်ဆုံး power ပိတ်လိုက်ပါ..။ power ပြန်ဖွင့်ပြီး Power + Volume Down ခလုပ်တွေကို 10 စက္ကန့်လောက် တစ်ပြိုင်နက် နှိပ်ထားခြင်းဖြင့်  Recovery Mode သို့ ၀င်ရောက်နိုင်ပါသည်။

Wipe data/Factory reset ကိုရွေးပေးပါ..။ (Volume +,- ခလုပ်များဖြင့် ရွေးချယ်နိုင်ပါသည်။)

ထို့နောက် ဖုန်းကို ပြန်ဖွင့်လိုက်ပါက screen lock ကျနေတဲ့ ပြသနာဟာ ဖြေရှင်းပြီးသား ဖြစ်ပါ့လိမ့်မယ်..။


အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ