Monday, November 19, 2012

ရင်သို့ ထိမိသော စာစုများ - ၁



 
ဆရာဝန်တစ်ယောက်ဟာ ဆေးရုံထဲကို အပြေးတစ်ပိုင်းနဲ့ ၀င်လာခဲ့တယ်..။ သူဟာ အရေးကြီးနေတဲ့ ခွဲစိတ်မှုတစ်ခု ပြုလုပ်ရမယ်ဆိုတာကို ဖုန်းလက်ခံရရှိပြီး ချက်ချင်းဆိုသလို အ၀တ်အစားလှဲပြီး ခွဲစိတ်ခန်း ရှိရာဆီကို အပြေးအလွှား ရောက်ရှိလာခဲ့ပါတယ်..။ ခွဲစိတ်ခန်းအရှေ့ဟာ ခွဲခန်းထဲက ကောင်လေးရဲ့ အဖေဖြစ်သူဟာ ဂဏှာမငြိမ်ဖြစ်နေပြီး ဆရာဝန်ဖြစ်သူကို စောင့်စားနေပါတယ်..။ ဆရာဝန်ရောက်လာတာလဲမြင်ရော.. သူက..

"ခင်ဗျား ဒီကိုလာဖို့ ဘာလို့ အဲ့ဒီလောက် ကြာရတာလဲ ? ကျွန်တော့်သား အသက်အန္တရာယ်ရှိနေ တာကို ခင်ဗျား သိရဲ့လား..၊ ခင်ဗျားမှာ စာနာတတ်တဲ့စိတ်..၊ တာဝန်ယူတတ်တဲ့စိတ်လေး နည်းနည်းလေးတောင် မရှိဘူးလား…"

ဆရာဝန်ဖြစ်သူက ပြုံးပြီး အေးဆေးစွာပဲ..

"ကျွန်တော် ဆေးရုံမှာ အဆင်သင့် ရှိမနေခဲ့တဲ့အတွက် ကျွန်တော် စိတ်မကောင်းပါဘူး..၊ ကျွန်တော်လည်း ဖုန်းရတာနဲ့ ချက်ချင်း တတ်နိုင်သလောက် အမြန်ဆုံးလာခဲ့တာပါ..၊ ကဲ..အခု.. ခင်ဗျား စိတ်အေးအေးထားလိုက်ပါတော့..၊ ဒါမှပဲ ကျွန်တော်လည်း ခွဲစိတ်ခန်းကို စိတ်ဖြောင့်ဖြောင့် ၀င်နိုင်မှာ.."

"စိတ်အေးအေးထားရမယ်ဟုတ်လား..၊ အဲ့ဒီ ခွဲစိတ်ခန်းထဲမှာ ရှိနေတဲ့ကလေးဟာ ခင်ဗျားသားဆိုရင် ရော ခင်ဗျား ဒီစကားမျိုးပြောမှာလား..၊ ခင်ဗျားသား အခုပဲ သေဆုံးသွားမယ်ဆိုရင်ရော ခင်ဗျား ဘယ်လိုလုပ်မှာလဲ…"

"ကျွန်တော်တရားနဲ့ ဖြေသိမ့်ပါ့မယ်..။ ကျွန်တော်တို့ဟာ ဒီဘ၀မှာ ခဏတစ်ဖြုတ် လာဆုံကြတဲ့ ဧည့်သည်တွေပါ..။ တစ်ချိန်မဟုတ် တစ်ချိန်ကြရင် ခွဲကြရမယ်ဆိုတာကို တွေးလိုက်မယ်ဆိုရင် ကျွန်တော် ဘာမှခံစားရမှာ မဟုတ်ပါဘူး."

"ကိုယ်တိုင် မကြုံတွေ့ရတဲ့ ဒုက္ခတွေအတွက် အကြံပေးဖို့ဆိုတာ လူတိုင်း လုပ်တတ်ပါတယ်ဗျာ..၊ ခင်ဗျား ကျွန်တော့်ကို တရားချဖို့ မလိုပါဘူး.." လို့ဒေါနဲ့မောနဲ့ အော်ဟစ်ပြီး ထွက်သွားခဲ့ပါတယ်..။

ခဏကြာတော့ ခွဲစိတ်မှုကို စတင်ခဲ့ပါတယ်..။ ခွဲစိတ်မှုဟာ သူရဲ့ ကျွမ်းကျင်မှု ဂရုစိုက်မှု တို့ကြောင့် အောင်မြင်ခဲ့ပါတယ်…။ နာရီအနည်းငယ်ကြာတဲ့အခါမှာတော့ ဆရာဝန်ဖြစ်သူဟာ ခွဲခန်းထဲကနေ ပြုံးရွှင်စွာ ထွက်လာပြီး..

"ဘုရားကိုသာ ကျေးဇူးတင်ပေတော့..၊ ခင်ဗျားသားဟာ အသက်အန္တရာယ်မရှိတော့ပါဘူး.." လို့ ပြောပြီး ကောင်လေးရဲ့ အဖေဖြစ်သူထံမှ စကားသံကိုတောင် မစောင့်တော့ပဲ အလျင်အမြန်ပဲ ပြေးထွက်သွားခဲ့ပါတယ်…။

လူနာကောင်လေးရဲ့ အဖေဖြစ်သူဟာ သူနာပြုဆရာမတစ်ယောက်ကို

"အဲ့ဒီဆရာဝန်က ဘာလို့ အဲ့လောက်ထိ အလျင်လိုနေရတာလဲဗျ…၊ ကျွန်တော်သား အသက်ကို ကယ်တင်ပေးခဲ့တဲ့ သူ့ကို ကျေးဇူးတင်စကားတောင် ပြောဖို့ အချိန်မရလိုက်ဘူး…"

အဲ့ဒီအချိန်မှာ သူနာပြု ဆရာမလေးရဲ့ မျက်ဝန်းမှ မျက်ရည်များ စီးကျလာခဲ့ပြီး

"မနေ့ကပဲ သူ့ရဲ့သားဟာ ကားအက်စီးဒင့် တစ်ခုကြောင့် သေဆုံးသွားခဲ့ပါတယ်..။ မနေ့က ခင်ဗျားသားကို ခွဲစိတ်ပေးဖို့ ဖုန်းဆက်တော့ သူက သူ့သားအသုဘမှာလေ..။ အခုတော့ သူက ခင်ဗျားရဲ့ သားအသက်ကို ကယ်နိုင်ပြီဆိုတော့..၊ သူ့သား အသုဘဆီကို အမီပြန်ရအုံးမယ်လေ…"

( သင်ခန်းစာ - ဘယ်တစ်စုံတစ်ယောက်ကိုမှ အော်ဟစ်ပြီး ဆဲဆိုကြိမ်းမောင်းခြင်း မပြုလုပ်ပါနဲ့..။ သူဟာ သူ့ရဲ့ဘ၀ကို ဘယ်လိုဖြတ်သန်းနေရသလဲဆိုတာ ကိုယ်မှ မသိနိုင်တာပဲလေ…။ )


အောင်ထွန်းဦး

13 comments:

  1. အ ကို
    အ ကို တင် ပေး တဲ့ အ ကုန် လုံး ကို အ ရမ်း အား ကြ တယ် အ ရမ်း အား ကျ လေး စား ပါ တယ် အ ကို လို ဖြစ် ချင် တယ် ဘယ် လို လုပ် ရ မှာ လဲ အ ကို
    သင် ပေး ပါ အ ကို ဘယ် မှာ နေ တာ လဲ ကျွန် တော် အ ခု ၇ တန်း ကိုယ် ပိုင် account မ ရှိ လို့ အ ဖေ ဟာ နဲ့ ရေး ရ တာ ခွင့် လွှတ် ပါ

    ReplyDelete
  2. အ ကို
    အ ကို တင် ပေး တဲ့ အ ကုန် လုံး ကို အ ရမ်း အား ကြ တယ် အ ရမ်း အား ကျ လေး စား ပါ တယ် အ ကို လို ဖြစ် ချင် တယ် ဘယ် လို လုပ် ရ မှာ လဲ အ ကို
    သင် ပေး ပါ အ ကို ဘယ် မှာ နေ တာ လဲ ကျွန် တော် အ ခု ၇ တန်း ကိုယ် ပိုင် account မ ရှိ လို့ အ ဖေ ဟာ နဲ့ ရေး ရ တာ ခွင့် လွှတ် ပါ

    ReplyDelete
  3. ညီလေးရေ.. အစ်ကိုက လားရှိုးမှာပါ...။ စိတ်ဝင်စားတယ်ဆိုရင်တော့ ကြိုဆိုပါတယ်..။ ကူညီပေးဖို့ အသင့်ပါနော်..

    ReplyDelete
  4. အ ကို
    ည က တစ် ချိန် လုံး ကြည့် သေး တယ် ပြန် မ လာ လို့ စိတ် မ ကောင်း နေ တာ ကျောင်း က ပြန် လာ မှ အ ကို ပြန် စာ တွေ တာ အ ရမ်း ဝမ်း သာ ပါ တယ် နွေ ရာ သီ အ ကို ရှိ တဲ့ လား ရှိုး လာ ခဲ့ မယ် ကျွန် တော် ကို တ ပည့် အ ဖြစ် သင် ပေး မယ် ဆို လို့ ကျေး ဇူး ပါ အ ကို

    ReplyDelete
  5. အကို
    ကျွန် တော် မှာ ဖုန်း ရှိ တယ် အ ကို

    ReplyDelete
  6. ဟ ဟ... လာခဲ့ပါဗျာ... လားရှိုးက ကြိုဆိုပါတယ်..။ တတ်သိသမျှ မကျွင်းမချန် သင်ပေးပါ့မယ်..

    ReplyDelete
  7. အ ကို
    ကျွန် တော် facebook သုံး ချင် လို့ ဖွင့် တာ တစ် ရက် တာ သုံး လို့ ရ တာ နောက် နေ့ ပြန် ပိတ် သွား တယ် သူ များ တွေ က လျောက် အပ် လို့ ဖြစ် တာ ပြော လို့ အ သစ် ပြန် ဖွင့် ပြိး ဘာ မှ မ အပ် လည်း ပိတ် တာ ဘာ ဖြစ် လို့ လဲ အ ကို အ သက် လိမ် ဖွင့် လို့ လား ဖွင့် နည်း လေး သင် ပေး ပါ အ ကို

    ReplyDelete
  8. အ ကို
    facebook ဖွင့် ပေး ပါ လား

    ReplyDelete
  9. facebook မှာ friend တွေ add မယ်ဆို မသိတဲ့လူကို မ add ပဲနဲ့ people you may know ထဲကလိုမျိုး..suggest list ထဲက friends တွေပဲ add ရင် ပြသနာမရှိပါဘူး...။

    facebook အသက်ကတော့ ကြိုက်တာနဲ့လျှောက်လိုက်ပါ..ပြန်ပြင်လို့ရပါတယ်..

    ReplyDelete
  10. အကို့ post လေးတွေ အရမ်းကောင်းပါတယ်။ဖတ်ပြီးရင်တွေးစရာလေးတွေရတယ်။အားပေး
    နေမယ်နော်။အကိုကျန်းမာပါစေ။

    ReplyDelete
    Replies
    1. ကျေးဇူးတင်ပါတယ်နော်...။ ဆုတောင်းပေးတဲ့အတွက်..:)

      Delete
    2. share ခွင့် ပြုပါနော်

      Delete
  11. ကို ကြီး ကျေး ဇူး fb နည်း တင် ပေး လို့ ဖွင့် လို့ ရ ပြီ ကျေး ဇူး တင် ပါ တယ်

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ