Wednesday, November 21, 2012

ဝ ယဉ်ကျေးမယ် ပြိုင်ပွဲ



အီတလီနိုင်ငံမှာတော့ အိုဗာဝိတ် မမ တွေအတွက် ဝယဉ်ကျေးမယ် ပြိုင်ပွဲတစ်ခုကို ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ပြိုင်ပွဲ ခေါင်းစဉ်နာမည်ကတော့ Miss

Cicciona ဖြစ်ပြီး ဆွဲဆောင်မှု့အားကောင်းသော မမ ဝဝကြီးများလို့ အဓိပ္ပါယ်ရပါတယ်။ ပြိုင်ပွဲရဲ့ သတ်မှတ်ချက်ကတော့ ပြိုင်ပွဲ ဝင်မယ် မမ

ကြီးများအနေဖြင့် အနည်းဆုံး အလေးချိန် ကီလိုဂရမ် (၁ဝဝ) ရှိရမယ်ဖြစ်ပါတယ်။ ဆွဲဆောင်မှု့ ကောင်းတဲ့ sexy အဝတ်အစားတွေနဲ့ ဝတ်ဆင်လမ်း

လျှောက်ပြရမှာဖြစ်ပြီး ဒိုင်လူကြီးတွေ စိတ်ကြိုက်တွေ့တဲ့သူက ပထမရမှာဖြစ်ပါတယ်။ ဆုအနေနဲ့ ကတော့ ကိတ်မုန့်ကြီးတစ်လုံးသာထားရှိပြီး အနိုင်ရတဲ့သူမှ

သူ့ရဲ့ ပြိုင်ဖက်များကို မျှဝေ ကျွေးရမှာ ဖြစ်ပါတယ်။ Miss Cicciona ပြိုင်ပွဲမှာတော့ တကယ်လှတဲ့ မမ ဝဝ ကြီးတွေကိုတွေ့ရတတ်ပါတယ်။ တချို့ကတော့

ပျက်ရယ်ပြုပြီး အရှက်မရှိ တဲ့ဟာကြီးတွေလို့ ကဲ့ရဲ့ဝေဖန် ကြပါတယ်။ ယခုနှစ်မှာတော့ ပထမဆုရသွားတဲ့ သူကတော့ အသက် (၃၃)နှစ်အရွယ် Naples မြို့

မှာနေတဲ့ Angela Scognamiglio ဘဲဖြစ်ပါတယ်။ သူမရဲ့ အလေးချိန်ကတော့ ကီလိုဂရမ် (၁၇ဝ) ရှိတယ်လို့ သိရပါတယ်။ ပထမ ရတဲ့ Angela

Scognamiglio ကတော့ သူ့အနေနဲ့ ပထမ ရတာ ထီပေါက်သလိုမျိုး ခံစားရတယ်လို့ ပြောကြားခဲ့ပါတယ်။








































No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ