Tuesday, November 6, 2012

ထူးဆန်းတဲ့ရောဂါခံစားနေရတဲ့ ၁၃ နှစ်အရွယ် ကောင်မလေး



Zara Hartshorn ဆိုတဲ့ ဗြိတိန်နိုင်ငံက ကောင်မလေးဟာ ၁၃ နှစ်သာ ရှိပါသေးတယ်..၊ ဒါပေမယ့် သူမရဲ့ ရုပ်ရည်ဟာ သူမအသက်ထက်ကို ပိုပြီး အိုစာနေပါတယ်..၊ သူမဟာ lipodystrophy လို့ခေါ်တဲ့ မျိုးရိုးဆိုင်ရာ ရောဂါတစ်မျိုး ခံစားနေရတာကြောင့် အခုလို ပုံစံဖြစ်နေရတာပါ..၊ သူမမှာ အရွယ်ရောက် အမျိုးသမီးတစ်ဦး ရဲ့ မျက်နှာသွင်ပြင်မျိုးရှိပြီး ပိန်လှီနေကာ ပါးရေနားရေတွေ တွန့်နေပြီဖြစ်ပါတယ်..





သူမဟာ လက်ရှိ အမေ၊ ညီမနဲ့ အစ်ကိုဖြစ်သူတို့နဲ့ အတူ နေထိုင်လျက်ရှိပါတယ်..၊ သူမဟာ ဒီလိုရောဂါမျိုး ခံစားနေရပေမယ့် မိသားစုတစ်ခုလုံးရဲ့ နွေးထွေးစောင့်ရှောက်မှုကြောင့် စိတ်ချမ်းသာရပါတယ်လို့ ပြောပါတယ်..။ အိမ်က မိသားစုက သူမရဲ့ ရုပ်ရည်သွင်ပြင်နဲ့ ပတ်သက်ပြီး ဘယ်တော့မှ သူမကို စလေ့ မရှိပါဘူး..၊ ဒါပေမယ့် အပြင်ထွက်တဲ့အခါမျိုးမှာတော့ လမ်းပေါ်က လူတွေဟာ သူမကို ကြည့်နေတတ်တာကို မကြိုက်ကြောင်း ပြောပါတယ်..။ ဒါပေမယ့် ဒါဟာလည်း ကြီးကြီးမားမား ပြသနာတစ်ခုမဟုတ်ကြောင်းနဲ့ နေသားကျနေပြီဖြစ်ကြောင်း ပြောပြခဲ့ပါတယ်..။

အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ