Monday, November 26, 2012

Bolivia နိုင်ငံက အရိုးခေါင်းနေ့ ပွဲတော်

အရိုးခေါင်းနေ့ဆိုတာ Bolivia နိုင်ငံမှာ နှစ်စဉ်ကျင်းပနေတဲ့ ထူးဆန်းတဲ့ ပွဲတော်ပဲဖြစ်ပါတယ်..။ Bolivia လူမျိုးတွေဟာ လူတစ်ယောက်မှာ ၀ိဥာဉ် ၇ မျိုးရှိတယ်လို့ ယူဆထားကြပါတယ်..။ သေဆုံးသွားတဲ့ အခါမှာ ၀ိဥာဉ် ၆ မျိုးဟာ ဘုရားကို တွေ့ဖို့ ကိုယ်ထဲကနေ ထွက်သွားခဲ့ပြီး ကျန် ၁ မျိုးကတော့ ခန္ဒကိုယ်နဲ့အတူ ရှိနေ ခဲ့ပါတယ်..။ ဒါကြောင့် သူတို့ဟာ တစ်နှစ်တစ်ခါ ကိုယ်ထဲမှာ ကျန်ခဲ့တဲ့ ၀ိဥာဉ်အတွက် ပူဇော် ပသကြတာပဲ ဖြစ်ပါတယ်..။ 







ဒီပွဲရဲ့ အထူးခြားဆုံးအချက်ကတော့ သေဆုံးသူရဲ့ အရိုးခေါင်းကို မိသားစုဝင်က သယ်လို့မရပါဘူး.။ တစ်ခြားသူများက မိသားစုထံကနေ ပြန်ဝယ်ယူပြီးမှ သယ်ယူလို့ရပါသတဲ့..။
Bolivia လူမျိုးတွေ ယုံကြည်ထားတာက သေဆုံးသွားတဲ့ လူတစ်ယောက်မှာ  ၀ိဥာဉ်ဟာ နောက်ရှစ်နှစ်အထိ ဆက်ရှိနေမှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ မီးရှို့သဂြိုလ်ကြမှာ ဖြစ်ပါတယ်..။


အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ