Thursday, November 22, 2012

တိဘက်လူမျိုးများ၏အသုဘချနည်း

ရက်စက်ပြီးတော့ စိတ်ပျက်စရာကောင်းတဲ့ အသုဘချနည်းသာဖြစ်ပါတယ်။ဒါပေမယ့် မြေမြှုပ် မီးသဂြိုလ်မဲ့အတူတူ လင်းတတွေကို အစာကြွေးလိုက်ခြင်းဟာ ပိုပြီးတော့ကောင်းတယ်လို့ ခံယူထားသူတွေဖြစ်ပါတယ်။ လင်းတငှက်တွေကတော့ အမြဲတမ်းပဲ တိဘက်နိုင်ငံရဲ့တောင်ထိပ်တွေမှာ ပျံဝဲလျှက်ရှိနေပါတယ်။


လူသေအလောင်းကိုတောင်ပေါ်ယူသွားပြီး အခေါင်းဖွင့်ကာ ဓါးဖြင့်မွန်းပြီး လင်းတများကို ကျွေးမွေးခြင်းဖြစ်ပါတယ်။ များသောအားဖြင့် တိဘက်များဟာ ဗုဒ္ဒဘာသာဝင်များဖြစ်ပြီး နောင်ဘဝကိုယုံကြည်သူများလည်းဖြစ်ပါတယ်။




ဒီအတွက်ကြောင့် ဝိဥာဉ်မရှိတော့တဲ့ ဒီခန္ဒာကိုယ်ကြီးဟာ ဘာမှတန်ဖိုးမရှိတော့ပါဘူး။ဒါကြောင့် အကောင်းဆုံး သဘာဝသားကောင်းများကို ကျွေးမွေးခြင်းဖြစ်ပါတယ်။နောက်ပြီး ထိုသို့ပြုလုပ်ရခြင်းအကြောင်းရင်းတစ်ခုကတော့သူတို့(လူသေအလောင်း)တွေကိုမြေမြှုပ်ဖို့အတွက်ကျင်းတူးရင် တိဘက်နှိင်ငံရဲ့ပထဝီမြေအနေအထားအရ မြေသားအောက်ခံတွေဟာ ကျောက်သားတွေဖြစ်တဲ့အတွက့်ကြောင့် လူတစ်ကိုယ်စာမြေမြှုပ်နှိင်ရန်အတွက် လုံလောက်တဲ့အနက်ပေရအောင်တူးဖို့အတွက်တောင် အလွန်ခက်ခဲသလို မီးသင်းဂြိုလ်ဖို့အတွက်ကျတော့လည်း သစ်သားကအလွန်ရှားပြီး တန်ဖိုးကြီးတဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်။




နောက်ဆုံးလူဟာသေဆုံးသွားသည့်တိုင်အောင် သူခန္ဒာနဲ့ သတ္တဝါတွေကို ကောင်းမူ့ကုသိုလ်ပြုပြီး ကျွေးမွေးသွားတာဟာ မွန်မြတ်တယ်လို့ တိဘက်လူမျိုးတွေက ခံယူချက်ရှိလို့လည်းဖြစ်ပါတယ်..။










အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ