Tuesday, November 6, 2012

အခေါင်းများကြားက စားသောက်ဆိုင်



သချိုင်းကုန်းက အခေါင်းတစ်ခုရဲ့ ဘေးနားမှာ စိမ်ပြေနပြေထိုင် လ္ဘက်ရည်သောက်ပြီး သူငယ်ချင်းတွေနဲ့ ၀ိုင်းဖွဲ့ စကားပြောဖို့ သင်စဉ်းစားဖူးပါသလား..၊ ဒါမျိုးစဉ်းစားဖူးတယ်ဆိုရင်တော့ Ahmedabad မှာ ရှိတဲ့ New Lucky Restaurant ကို သွားလိုက်ပါ..၊ အိန္ဒိယအစားအစာမျိုးစုံနဲ့ တစ်နေ့ကို လာရောက်စားသောက်သူ ၃၀၀ ကျော်ရှိပြီး စားသောက်ခုံတွေကြားမှာ အခေါင်း ၂၂ ခေါင်း ကို နေရာချထားပါတယ်..။





လွန်ခဲ့တဲ့နှစ်များအတွင်းက ၊ အိန္ဒယမှာ သချိုင်းမြေတွေကို ဒေသဖွံ့ဖြိုးတိုးတက်ရန် ပြန်လည် သိမ်းဆည်းခဲ့ပါတယ်..၊ ဒါပေမယ့် ဒီစားသောက်ဆိုင်ပိုင်ရှင်ကတော့ သူစားသောက်ဆိုင် ဆောက်လုပ်မယ့် မြေပေါ်က အခေါင်းတွေကို မဖျက်စီးချင်တာနဲ့ စားသောက်ဆိုင်ကို ဒီလိုပုံစံမျိုး ဆောက်လုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်..။ သူရဲ့ အဆန်းထွင်မှုကို အတော့်ကိုကျော်ကြားခဲ့ပြီး နိုင်ငံခြားသား ခရီးသွားတွေတောင်မှ သူ့ဆိုင်ကို တကူးတက လာရောက်စားသောက်ကြကြောင်း သိရှိရပါတယ်ဗျာ..။

အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ