Friday, March 22, 2013

Huawei G510 (Build Number 165) မဟုတ်တဲ့ ဖုန်းတွေကို root မယ်



Huawei G510 Build Number 165 မဟုတ်တဲ့ ဖုန်းတွေအတွက် root လုပ်နည်းလေး လာပါပြီဗျာ…၊ Build Number 165 မဟုတ်တဲ့ ဖုန်းတွေအတွက် root လုပ်နည်းဆိုပေမယ့်လည်း အထူး အခြားတော့ မဟုတ်ပါဘူး…။ Root လုပ်လို့ရမယ့် Build Number 165 ကို firmware ပြောင်းတင်ပြီး root လုပ်တဲ့ နည်းလမ်းလေးပါ…။

ကဲ…အရင်ဆုံး Huawei G510 Buildnumber 165 ကို firmware တင်ဖို့ အောက်က file ကို အရင်ဆုံး download ရယူပါ…။

Download link >>> Click Here !

- firmware download လုပ်လို့ရလာတဲ့ ဇစ်ဖိုင်လေးကို ဇစ်ဖြည်(extract) လုပ်လိုက်ရင် UPDATE.APP ဖိုင်လေးတစ်ခုရလာပါမယ်။ အဲဒီဖိုင်လေးကိုခဏသိမ်းထားပါ။

- ပြီးရင်မိမိဖုန်းကို USB ကြိုးဖြင့် ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး ဖုန်းနဲ့ SD Card ထဲမှာ dload ဆိုတဲ့ နာမည်နဲ့ folder တစ်ခုဆောက်ပါ။

- ပြီးရင် အခုဆောက်လိုက်တဲ့ dload ဖိုဒါထဲကို ခုနက ဇစ်ဖြည်လို့ရလာတဲ့ UPDATE.APP ဖိုင်လေးကို ထည့်လိုက်ပါ။

-ပြီးရင်ကွန်ပျူတာနဲ့ ဖုန်းကိုချိတ်ဆက်ထားတာကိုဖြုတ်ပြီး ဖုန်းကို Power ပိတ်လိုက်ပါ။

-Power ပိတ်ပြီးသွားပြီဆိုရင်တော့ firmware စတင်ပါမယ်။ firmware တင်ဖို့အတွက် ဖုန်းရဲ့ Power Button + End Call Button( ဖုန်းတွေမှာအမြဲပါတဲ့ ဖုန်းချတဲ့ ခလုတ်အနီ) + Volume Up Button(အသံကျယ်ခလုတ်) အဲဒီခလုတ်သုံးခုကို တစ်ပြိုင်တည်း တွဲနှိပ်ပါ။

-ဒါဆိုရင် Firmware update process စတင်ပါလိမ့်မယ်။

Update process ပြီးသွားပြီဆိုရင်တော့ ဖုန်းက အလိုအလျောက် reboot လုပ်ပါလိမ့်မယ်။ ပြီးရင်တော့ အခုတင်လိုက်တဲ့ Firmware အသစ်နဲ့ စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

(တကယ်လို့ update လုပ်နေစဉ်မှာ Update Failed ဖြစ်သွားခဲ့ရင် ဖုန်းကို Batter ဖြုတ် ၊ ပြန်ထည့်ပြီး အပေါ်က Step တွေကိုတစ်ဆင့်ချင်းပြန်လုပ်ပါ။)

ကဲ..ဒါဆိုရင် သင့် Huawei G510 ဟာ Build Number 165 နဲ့ ဖြစ်သွားပါပြီ…။ ကျန်တဲ့ root လုပ်နည်း အဆင့်ဆင့်ကို ဒီမှာ ၀င်ရောက်ကြည့်ရှု့ပေးပါခင်ဗျာ…။

Reference and Credit to - (Myanmar Mobile App Store)


အောင်ထွန်းဦး




2 comments:

  1. down လို့မရဘူးဖြစ်နေတယ်
    ကူညီပါအုံး။
    please !

    ReplyDelete
  2. Build number မတူပဲနဲ့ root လိုက်တာ camera error တက်သွားလို့။

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ