Monday, November 12, 2012

Andriod ဖုန်းများတွင် Youtube မှ videos များအား download ရယူခြင်း

ကျွန်တော်တို့ Andriod ဖုန်းပိုင်ရှင် တော်တော်များများဟာ မိမိဖုန်းထဲမှာပါတဲ့ YouTube application ကနေ video တွေကို ကြည့်ဖူးကြမှာပါ….၊ ဒါပေမယ့် အဲ့ဒီ video file တွေကို ကြိုက်နှစ်သက်လို့ မိမိဖုန်းထဲမှာ သိမ်းဆည်းထားပြီး download ဆွဲချင်တဲ့အခါမျိုးမှာ download ဆွဲလို့မရလို့ အခက်တွေ့တတ်ကြပါတယ်..

ကျွန်တော် အခုတင်ပေးမယ့် application ကို သွင်းထားလိုက်မယ် ဆိုရင် Youtube က video file တွေကို မိမိကြိုက်တဲ့ format ပုံစံနဲ့ မိမိဖုန်းထဲမှာ download ဆွဲထားနိုင်မှာဖြစ်ပြီး andriod version 1.6 နဲ့အထက် ဖုန်းတွေမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်..။

အရင်ဆုံး အောက်က link မှာ ပါတဲ့ file လေးကို download ဆွဲပြီး မိမိဖုန်းထဲကို install လုပ်လိုက်ပါ…။


ပြီးရင် အင်တာနက်ချိတ်ပြီး မိမိဖုန်းထဲက tubemate application ကိုဖွင့်လိုက်ပါ…။
မိမိကြိုက်နှစ်သက်တဲ့ သီချင်း (သို့) ဗွီဒီယို file နာမည် ရိုက်ထည့်ပေးပါ..။


ပေါ်လာပါက play ကို တစ်ချက်နှိပ်လိုက်ရင် အောက်က ပုံအတိုင်း ပေါ်လာမှာဖြစ်ပြီး မိမိသိမ်းဆည်းချင်တဲ့ ဗွီဒီယို resolution ကိုရွေးချယ်ပေးရမှာဖြစ်ပြီး resolution ကောင်းကောင်းနဲ့ကြည့်ချင်ရင်တော့ file size ကြီးကြီးကို download ချရမှာဖြစ်ပါတယ်..။ 



တစ်ခါတစ်လေ play နှိပ်လို့မရပဲဖြစ်နေတတ်ပါတယ်..၊ အဲ့ဒီအခါမျိုးမှာ Menu button ထဲက sign in ကို နှိပ်လိုက်ပါ…၊ download လုပ်မှာလား..sign in လုပ်မှာလား မေးရင် download ကိုရွေးပေးလိုက်ပါ…၊ ဒါဆိုရင်တော့ YouTube မှ video file များကို မိမိဖုန်းထဲတွင် download ဆွဲပြီး သိမ်းဆည်းထားနိုင်ပြီပဲဖြစ်ပါတယ်…၊

အဆင်မပြေမှုများရှိခဲ့ရင် comments ရေးခဲ့ပေးနိုင်ပါတယ်…။


အောင်ထွန်းဦး

5 comments:

  1. errorဖြစ်နေပါတယ်
    ဘယ်လိုဆက်လုပ်ရမှာလဲရှင့်

    ReplyDelete
  2. ကျွန်တော်စမ်းကြည့်သလောက် connection တော်တော်ကောင်းမှသာ ရပါလိမ့်မယ်ခင်ဗျ..connection သိပ်မကောင်းရင် fetching video လို့ပေါ်ပြီးတာနဲ့ error တက်လာပါတယ်..၊ connection ကောင်းတဲ့အချိန်မှာ စမ်းကြည့်ပါခင်ဗျာ..

    ReplyDelete
  3. ကျတော် downloadမရ ဘူး ဖြစ်နေတယယိ cannot get video information(vid) ဆိုပြီးတက်လာနေတယ်

    ReplyDelete
  4. အစ်ကို ရေ mp3 ကူးရင် error ပြနေတယ် videos တွေကြလွယ်လွယ်ကူးရတယ် ကူညီပါဦး

    ReplyDelete
  5. Tubemate နဲ့ mp3 တစ်ခါတည်းပြောင်းကူးတာကိုပြောတာလားဗျ...

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ