Tuesday, November 13, 2012

Internet Download Manager Install လုပ်နည်းနှင့် အသုံးပြုနည်း (အသေးစိတ်)




ဒီပို့စ်လေးက မသိသေးတဲ့ ကျွန်တော့် သူငယ်ချင်းတွေအတွက် ရည်ရွယ်ပါတယ်..။ ဖုန်းနဲ့တော့ မဆိုင်ပါဘူး..၊ ကွန်ပျူတာ နည်းပညာပိုင်းဆိုင်ရာလေးပါ..၊ နောက်ဆိုရင်လည်း ကြုံရင်ကြုံသလို ကွန်ပျူတာပိုင်းဆိုင်ရာ ကောင်းတာလေးတွေ တွေ့ရင်လည်း တင်ပေးပါ့မယ်…။
ကွန်ပျူတာကနေ file တွေ..၊ video တွေ ပုံမှန်အတိုင်း download ရယူမယ်ဆိုရင် connection အခြေအနေအရ နှေးတာမြန်တာ ရှိမှာဖြစ်ပြီး download ပြည့်ခါနီးမှ connection ပျက်သွားပြီး ကျသွားတတ်ပါတယ်..၊ ဒါကိုလူတိုင်းကြုံဖူးမှာပါ..၊ ပြီးတော့ youtube ထဲက file တွေကို ဒေါင်းလို့ မရပါဘူး..။

ဒါကိုအားလုံးကို Internet Download Manager သွင်းထားပြီး ဖြေရှင်းနိုင်ပါတယ်..။ Internet Download Manager လို့ဆိုလိုက်တာနဲ့ တစ်ချို့က serial number ပြသနာ cracking လုပ်ရတဲ့ပြသနာတွေ ပြေးမြင်ပြီး မသွင်းချင်ကြပါဘူး..၊
အခုကျွန်တော်တင်ပေးမယ့် file လေးက ဘာမှ ထပ်လုပ်စရာမလိုပဲ ဒီအတိုင်း install လုပ်လိုက်ရင်ရပါပြီ..။ နောက်ပိုင်း သုံးနေရင်းက update လုပ်မှာလား မေးရင် မလုပ်ဘူးပဲ ရွေးပေးလိုက်ရင် အဆင်ပြေပါပြီ…။


IDM ရဲ့ အားသာချက်တွေက Download Speed အရမ်းကောင်းတယ်..၊ connection ကျပြီး ရပ်သွားရင် ရပ်သွားတဲ့နေရာက ပြန်ဆွဲလို့ရတယ်…။ Youtube တို့..facebook တို့က videos တွေ ဆွဲလို့ရတယ်..။ တခြားကောင်းချက်တွေ အများကြီးရှိပါသေးတယ်..။ ကျွန်တော်လည်း လေတော်တော်ရှည်နေတယ်..။ ကဲ.. စလိုက်ကြရအောင်…။ အရင်ဆုံး…၊ အောက်က link မှာပါတဲ့ file ကို download ရယူပါ..။


ပြီးရင် extract လုပ်ပြီး folder ထဲမှာပါတဲ့ IDM6.12 file လေးကို double click နှိပ်ပြီး Run ပေးလိုက်ပါ.. သွင်းပြီးတာနဲ့ computer restart ကျသွားပါလိမ့်မယ်.. ပြန်တက်လာပြီဆိုရင် Toolbar ပေါ်မှာ IDM logo လေးကိုတွေ့ရပါလိမ့်မယ်..ဖွင့်ကြည့်လိုက်ပါ…(တစ်ခါတစ်လေ မပေါ်ဘူးဆိုရင်…Start > All Program > Internet Download Manager ကိုဖွင့်နိုင်ပါတယ်..)



Registration ကိုဖွင့်ကြည့်လိုက်ပါ..။ Registration ဆိုတာလေးက မှိန်နေရပါမယ်..ဒါဆိုရင်တော့ IDM ဟာ register လုပ်ပြီးသား ဖြစ်သွားပါပြီ..။


အလုပ် လုပ်မလုပ် စမ်းကြည့်ရအောင် Youtube ကိုဖွင့်လိုက်ပါ..၊ နှစ်သက်ရာ သီချင်း (သို့) ဗွီဒီယို တစ်ခု ရိုက်ထည့်လိုက်ပါ..။
ပေါ်လာတဲ့ file တွေထဲမှ မိမိဖွင့်ချင်တဲ့ file ကိုရွေးပေးလိုက်ပါ…၊ 



Youtube ကနေ video file play တာနဲ့ IDM ကနေ Download video from this page ဆိုပြီး တက်လာပါတယ်.. အဲ့ဒါကို click ပေးလိုက်ပါ…။



Download button ကျလာပါမယ်.. download ပေးလိုက်ပါ…၊ Download စဆွဲပြီဆိုရင်တော့ မိမိရဲ့ IDM သွင်းခြင်းလုပ်ငန်းအောင်မြင်စွာ ပြီးဆုံးပါပြီ.. Download ဆွဲထားတဲ့ files တွေကို My Documents ထဲက downloads folder ထဲမှာ ရောက်ရှိနေမှာဖြစ်ပါတယ်..။


အဆင်မပြေမှုများ ရှိခဲ့ရင် မှတ်ချက်ရေးပေးခဲ့ပါနော်...

(တစ်ချို့ ဘယ်လိုလုပ်ရမလဲ လုံးဝမသိသေးတဲ့ ကျွန်တော့် ဘော်ဒါတွေအတွက် အသေးစိတ်ရေးထားပေးတာ ဖြစ်ပါတယ်…၊ သိပြီးသားသူတွေအတွက် စာဖတ်ရတာ ရှည်ပြီး ပျင်းသွားခဲ့ရင် တောင်းပန်ပါတယ်နော်…)

အောင်ထွန်းဦး



6 comments:

  1. အကိုရေ install လုပ်ပြီးသွားပြီ
    ဒါပေမဲ့ Firefox မှာ Enable မဖြစ်နေဘဲ ဒီအတိုင်းဖြစ်နေတယ်
    YouTube တွေတော့Download လုပ်လို့ရပါတယ်
    အဲဒါနဲနဲလောက်ပြောပြပါလား.retushinedota@gmail.com
    ကျေးဇူးအများကြီးတင်ပါတယ် Thankyou

    ReplyDelete
  2. you tube video is start playing but idm not question to download.how can i do???plz

    ReplyDelete
    Replies
    1. did u use IDM before....? I want u to uninstall completely and reinstall the IDM from my site....good luck... :)

      Delete
  3. ကျွန်တော် အဲဒီ software ကိုသုံးတာ အဆင်မပြေဘူးဗျာ။ အစ်ကိုပြောသလို စက်က Restart လည်းကျမသွားဘူးဗျ။ ပြီးတော့ youtube ဖွင့်ကြည့်လိုက်ရင်လည်းဘာမှမပေါ်ဘူးဗျ။ IDM ထဲက option ထဲဝင်ပြီး browser ရွေးတော့လည်း error ပြတယ်။ Installation fail ဆိုပြီးပြတယ်။ အဲဒါဘယ်လိုလုပ်ရမလဲသိချင်လို့ပါဗျာ။ Software ကတော့ ဒီလိုsoftware မျိုးပါပဲ။ Patch file တွေ Crack file တွေမပါပါဘူးဗျာ။ အဲဒါလေးအဆင်မပြေလို့ပါဗျာ။

    ReplyDelete
    Replies
    1. အရင် သွင်းဖူးတဲ့ IDM က ဒုက္ခပေးနေလို့ ဖြစ်ပါလိမ့်မယ်.. complete uninstall လုပ်လိုက်ပါ..၊ C>Program files>Internet downloadmanager ဆိုတဲ့ files ကိုပါ ဖျက်လိုက်ပါ..၊ ကျွန်တော့် site ထဲက IDM ကိုဒေါင်းပြီး အပေါ်ကအဆင့်တွေအတိုင်းသွင်းပါ..၊ automatic download button ကျမလာရင် browser ကို ဖွင့်ပြီး IDM ကို ENABLE ပေးလိုက်ပါ...

      Delete
  4. အစ်ကိုအောင်ထွန်းဦး
    အစ်ကိုပြောတဲ့အထဲမှာ extract ဆိုတာပါတယ်နော်
    အဲ့ဒါကို ကျွန်နော်မသိဘူးဗျ
    ဘယ်လိုလုပ်ရမှာလဲ
    idman617build11 ကို double click နှိပ်ပြီး run လိုက်တယ်
    restart ကျမသွားဘူး ပြီးတော့ registration ကလည်း မှိန်မနေဘူးဗျ
    ကျေးဇူးပြုပြီး ကူညီပေးပါဦးအစ်ကိုရာ

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ