Friday, November 16, 2012

Samsung Galaxy Mini ကို Root ပြုလုပ်ခြင်း



ကျွန်တော့်ကို Gtalk ကနေ ဘော်ဒါတစ်ယောက် အကူအညီလှမ်းတောင်းထားလို့ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်..။
တစ်ကယ်တော့ Samsung ဖုန်းတွေမှာ မြန်မာ font သွင်းချင်ရုံ သက်သက်ပဲဆိုရင်တော့ အခြား android ဖုန်းတွေလို root စရာမလိုပါဘူး..။ (Samsung ဖုန်းတွေမှာ မြန်မာ font သွင်းနည်းကို ဒီမှာ ကြည့်နိုင်ပါတယ်..။) ဒါပေမယ့် root လုပ်ပြီးမှ သုံးလို့ရတဲ့ အချို့ application တွေကို သုံးချင်ရင်တော့ root လုပ်ရပါလိမ့်မယ်…။ ကဲ ..စလိုက်ကြရအောင်ဗျာ..။

၁။       ကြိုတင်သတိပေးချက်

(က)    Root လုပ်ခြင်းအားဖြင့် သင့်ဖုန်း warranty ပျက်သွားမှာဖြစ်ပါတယ်… ဒါပေမယ့် firmware ပြန်တင်ခြင်း…၊ unrooting ပြန်လည်ပြုလုပ်ရင်တော့ သင့်ဖုန်း warranty ကိုပြန်လည်ရရှိမှာဖြစ်ပါတယ်..။

(ခ)     သင့်ဖုန်းကို ဘက်ထရီအားရှိအောင်ပြုလုပ်ထားပါ…။ သို့မှသာ root လုပ်တဲ့ လုပ်ငန်းစဉ် တစ်ခုလုံး အဆင်ပြေချောမွေ့မှာ ဖြစ်ပါတယ်..။


၂။       လိုအပ်တဲ့ file ကို အောက်က link မှာ download အရင်ဆုံး ရယူလိုက်ပါ..။

          Download link >>>http://www.mediafire.com/?2rco84bu441ouu8

၃။       Root စတင်ပြုလုပ်ခြင်း။

(က)    Download မှ ရရှိလာသော zip file လေးကို မိမိဖုန်း SD card ထဲတွင် ထည့်ထားလိုက်ပါ…။

(ခ)     ဖုန်းကို power ပိတ်လိုက်ပါ..။

(ဂ)     Recovery Mode သို့ဝင်ပါ..။ Recovery Mode သို့ဝင်ပုံမှာ ဖုန်းကို power ပြန်ဖွင့်ပြီး Menu+Power ခလုပ်တွေကို တစ်ပြိုင်နက် နှိပ်ထားခြင်းဖြင့် စက္ကန့်အနည်းငယ်အတွင်း Recovery Mode သို့ ၀င်ရောက်နိုင်ပါသည်။

(ဃ)    Update from SD card ကိုရွေးပေးပါ..။ (Volume +,- ခလုပ်များဖြင့် ရွေးချယ်နိုင်ပါသည်။)

(င)     မိမိထည့်ထားတဲ့ SD Card ထဲက zip file ကိုရွေးပေးလိုက်ပါ…။

(စ)     flashing လုပ်ပါလိမ့်မယ်..၊ ပြီးရင် သင့်ဖုန်း reboot ကျသွားပါလိမ့်မယ်.. (မကျပါက reboot ချပေးလိုက်ပါ..။)

၎။       လုပ်ငန်းစဉ်အားလုံးပြီးပါပြီ..၊ သင့်ဖုန်းကို Power ပြန်ဖွင့်ကြည့်လိုက်မယ်ဆိုရင် ဖုန်းထဲမှာ superuser ဆိုတဲ့ application လေး ရောက်ရှိနေတာကိုတွေ့ရမှာပါ…။ ဒါဆိုရင်တော့ သင့်ရဲ့ Samsung Galaxy Mini ကို အောင်မြင်စွာ root လုပ်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်..။

(အဆင်ပြေတယ်ဆိုရင်လည်း comments ပေးခဲ့ပြီး အဆင်မပြေဘူးဆိုရင်လည်း comments ပေးခဲ့ကြပါနော်..)



အောင်ထွန်းဦး

 

9 comments:

  1. အစ်ကိုရေ....Root လုပ်တာအဆင်ပြေသွားပြီ ....ကျေးဇူးတင်တယ်ဗျာ.. ဒီထက်ပို့ကောင်းတဲ့နည်းပညာတွေ ဆိုဒ်တွေ ထောင်နိုင်ပါစေ....

    ReplyDelete
  2. အဆင်ပြေသွားတဲ့အတွက် ၀မ်းသာပါတယ်ဗျာ...

    ReplyDelete
  3. rootလုပ်တာ အဆင်ပြေသွားပြီ အကို
    superuserလေးတတ်လာတယ် အဲဒါဘာလုပ်ရတာလဲပြောပြပါလားဗျ။ နောက်ပြီးroot လုပ်ထားတဲ့ဖုန်းကဘာတွေပိုအဆင်ပြေလဲ ရှင်းပြပါလားဗျ။ ဒီလိုနည်းပညာလေးတွေမျှဝေတဲ့အတွက်ကျေးဇူးအများ
    ကြီးတင်ပါတယ်ခင်မျာ။

    ReplyDelete
  4. root လုပ်တယ်ဆိုတာ များသောအားဖြင့်တော့ Myanmar font ထည့်ချင်ကြလို့ပါ. နောက်တစ်ခုကတော့.. ကိုယ့် andriod ဖုန်းကို ကိုယ်စိတ်ကြိုက် ပြင်နိုင်ဆင်နိုင် အောင်လုပ်တာပါပဲ... ဥပမာ shoot me ဆိုတဲ့ screenshot ရိုက်တဲ့ application တွေဆိုရင် root လုပ်မှ သုံးလို့ရတာပါ..။
    မိမိဖုန်းကိုမိမိ အပြည့်အ၀တာဝန်ယူလိုက်နိုင်တာကို root လုပ်တယ်လို့ ခေါ်ရမလားပဲ..

    ReplyDelete
  5. အစ်ကို ရေ GT- S 6102 အတွက် root လုပ်နည်းလေးရှိရင်တင်ပေးပါဦးဗျာ

    ReplyDelete
  6. အစ်ကို ရေ GT- S 6102 အတွက် root လုပ်နည်းလေးရှိရင်တင်ပေးပါဦးဗျာ

    ReplyDelete
  7. How about with GT I9100

    ReplyDelete
  8. အကိုရေgalaxy yကရောဘယ်လိုလုပ်ရတာလဲဗျ

    ReplyDelete
  9. Ahaa, its pleasant dialogue about this article at this place at this blog, I have read all that, so at this time
    me also commenting at this place.

    my homepage: washer and dryer appliance repair Brandon

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ