Wednesday, December 12, 2012

လေထဲက မင်္ဂလာပွဲ

တရုတ်နိုင်ငံက တိုက်အမြင့်တွေပေါ်မှာ တွဲလျားခိုပြီး မှန်သန်ရှင်းရေးဝန်ထမ်းနှစ်ယောက်ဟာ ထူးဆန်း တဲ့ လက်ထပ်ပွဲ တစ်ခုကို ကျင်းပခဲ့ကြပါတယ်..။ အသက် ၂၇ နှစ်အရွယ် Jiang Dezhang နဲ့ အသက် ၂၆ နှစ်အရွယ် Tie Guangju တို့ဟာ ကြိုးတွေ၊ ဆွဲသီးတွေ အသုံးပြုပြီးတော့ လေထဲမှာ လက်ထပ်တဲ့ မင်္ဂလာပွဲ တစ်ပွဲကို ဆင်နွှဲခဲ့ကြပါတယ်..။







သူတို့နှစ်ယောက်ဟာ အလုပ်ထဲမှာ ကြိုးစားမှုအရှိဆုံး ၀န်ထမ်း နှစ်ယောက်အဖြစ်လည်း အသိအမှတ် ပြုခံထားရတယ်လို့ သိရပါတယ်..။ သူတို့နှစ်ယောက်ဟာ လေထဲမှာ လက်ထပ်လက်စွပ်ကို လဲလှယ် ကြပြီး အနမ်းဖလှယ်ခဲ့ကြပါတယ်..။ တက်ရောက်လာတဲ့ ဧည့်ပရိတ်သတ်ရဲ့ တစ်ခဲနက်အားပေးမှုကို ရရှိခဲ့ပြီး Yunnan Daily သတင်းစာက မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြခဲ့ပါတယ်..။


အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ