Thursday, December 13, 2012

Huawei U8825d ကို Root လုပ်ပြီး Myanmar Font ထည့်နည်း



Chat Box ကနေ တောင်းဆိုထားတဲ့ Huawei U8825d ကို root လုပ်ပြီး Myanmar font ထည့်နည်းလေးပါ..။ ကျွန်တော် ဒီနည်းလေးကို အသုံးပြုပြီး လွန်ခဲ့တဲ့ တစ်ပတ်ကမှ သူငယ်ချင်းတစ်ယောက်ရဲ့ဖုန်းကို Myanmar font ထည့်ပေးထားတာပါ..။ အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်..။

အရင်ဆုံး အောက်က link မှာပါတဲ့ ဖုန်း driver ကို computer မှာ အရင် install လုပ်လိုက်ပါ..။


Huawei U8825d ကို Myanmar Font ထည့်ဖို့အဆင့် (၄) ဆင့်နဲ့ ပြုလုပ်သွားရမှာဖြစ်ပါတယ်..။


(၁)    Bootloader Unlock ပြုလုပ်ခြင်း။

Bootloader Unlock ပြုလုပ်ရန် http://www.huaweidevice.com/cn/servicePolicy.do?method=toApplyUnlock ကို သွားပါ..။ အောက်မှာပါတဲ့ ပုံတွေအတိုင်း အဆင့်အဆင့်ဖြည့်ပေးပါ..။ 


S/N number နဲ့ IMEI/MEID နံပါတ်တွေကို မိမိ၏ ဖုန်းကို ဘက်ထရီဖြုတ်လိုက်လျှင်တွေ့နိုင်ပါတယ်။ 
Product ID ကိုတော့ ဖုန်းခေါ်သည့်နေရာတွင်*#*#1357946#*#* ရိုက်ထည့်ခြင်းဖြင့် တွေ့နိုင်မည်ဖြစ်ပါတယ်။ နောက်ဆုံး မိမိရဲ့ Email ရိုက်ထည့်ပေးလိုက်ပြီးအနီရောင်ခလုပ်လေးကို နှိပ်ပေးလိုက်ပါ..။ Huawei မှ ကိုယ့်ရဲ့ Email ထဲကို Unlock Code ပြန်ပို့ပေးပါလိမ့်မယ်..။ တစ်ခါတစ်လေ ချက်ချင်းပြန်ပို့ပေးသလို တစ်ခါတစ်လေ ၃ ရက်လောက်ကြာတတ်ပါတယ်.. (ကျွန်တော်တော့ ၃ ရက်ကြာပါတယ်..။)

Email ထဲမှ Unlock Code ရပြီဆိုတာနဲ့ ဖုန်းကို Bootloader Unlock ပြုလုပ်လို့ရပါပြီ…။ မလုပ်ခင် မိမိဖုန်းရဲ့ SMS, contacts, call log အစရှိတာတွေကို အရင်ဆုံး backup လုပ်ထားပေးပါ.. (ဒီမှာ ဖတ်ရှုနိုင်ပါတယ်..။)

Unlock လုပ်ရန်..အောက်မှာပါတဲ့ link ကို အရင်ဆုံး download ပါ..။


ဒေါင်းထားပြီး ရလာသည့် rar ဖိုင်ကို ကွန်ပျူတာထဲတွင်ဖြည်ထားပါ။ ဖုန်းရဲ့
Settings>Application>Fast boot ကို ကလစ်ဖြုတ်ပြီး power off လိုက်ပါ။
ပိုသေချာအောင် ဘက်ထရီကို ဖြုတ်ပြီး အနည်းဆုံး ၅စက္ကန့်လောက် အကြာထားလိုက်ပါ။
ပြီးနောက် volume down နဲ့ power ခလုပ် ကိုတွဲပြီး ၁၅ စက္ကန့် လောက် အနည်းဆုံး
နှိပ်ထားပြီး Bootloader mode ထဲကိုဝင်ပါ။ ပြီးလျှင် USB cable ဖြင့်ကွန်ပျူတာကို ချိတ်ပြီး
အပေါ်မှာဒေါင်းပြီး ဖြည်ထားတဲ့ G330D a key to unlock ဖိုဒါထဲက G330D键解锁.exe
ဖိုင်လေးကို run ပေးလိုက်ပါ။


Run ပြီး ပေါ်လာတဲ့ box ထဲကို မေးထဲကိုရောက်နေတဲ့ unlock code ကို ရိုက်ထည့်ပြီး Enter
ခေါက်လိုက်လျှင် ဖုန်းဟာ restart ကျသွားပါလိမ့်မယ်။ ဒါဆို bootloader ကို unlock လုပ်လို့
ပြီးပါပြီ။

(၂)    CWM Recovery တင်ခြင်း။ 

          CWM Recovery တင်ရန် အောက်က link မှာပါတဲ့ file ကို အရင်ဆုံး Download ရယူပါ..။
         

Huawei ဖုန်းတွေရဲ့ ထုံးစံအတိုင်းဖုန်းကိုပိတ် ဘက်ထရီ
၅စက္ကန့်ဖြုတ် ပြန်တပ် volume down နဲ့ power ကိုတွဲနှိပ် ၁၀စက္ကန့်ခန့် 3G မှာရပ်နေပြီဆို
fastboot mode ကိုရောက်ပါပြီ။ ဒါဆို ကွန်ပျူတာကို USP ကြိုး နဲ့ချိတ်လိုက်လို့
ညာဖက်အောက်နားက USP Drive လေးကိုရှာတွေ့လို ရပ်သွားပြီဆို ဒေါင်းထားတဲ့
recovery6.0.1.0_AscendG330D.rar လေးကို ဖြည်ထားတဲ့ ထဲက
recovery6.0.1.2_AscendG330D.exe လေးကို run ပေးလိုက်ပြီး ပထမအဆင့်မှာ 1
ကိုရွေးပြီး Enter ၂ ခါ ရိုက်လိုက်တယ် ဆိုရင်ပဲ ဖုန်းဟာ rebooting ဖြစ်သွားပြီး CWM ကို
သွင်းပြီး ဖြစ်သွားပါလိမ့်မယ်။ CWM ရမရ ကြည့်ချင်ရင် Volume up နဲ့ Power ကိုတွဲပြီး ၁၀
စက္ကန့်လောက် ကြာရင် CWM-based Recovery v6.0.12 ဆိုတာလေး ကိုတွေ့ရပါမယ်။

(၃)    Root ပြုလုပ်ခြင်း

အောက်က link မှာပါတဲ့ file လေးကိုဒေါင်းပြီးဖုန်းရဲ့ SD ကဒ်ထဲကို ကူးထည့်ပါ။ (file ကို မဖြည်ပဲနဲ့..rar file အနေနဲ့ပဲ ကူးထည့်ရမှာဖြစ်ပါတယ်..။)

Superuser Download link >>> http://www.mediafire.com/?s8dk7j0974d7t27

ပြီးရင် CWM လေးထဲဝင်လိုက်ပြီး install zip
from sdcard ကိုရွေးပြီး ၀င်လိုက်ရင်ပဲ SD card ထဲကိုရောက်သွားပါမယ်။အဲ့ထဲမှာမှ sdcard
ထဲ ကူးထည့်ထားတဲ့ superuser.zip ဖိုင်လေးကို ရွေး ပေးလိုက်ပါ။ ဒါဆို superuser.zip ဖိုင်လေးကို install လုပ်ပေးပါ့မယ်။ ပြီးရင်တော့ ဖုန်းကို reboot
လုပ်ကြည့်လိုက်တယ် ဆိုရင်ပဲ Superuser logo လေးကိုမြင်ရမှာဖြစ်ပြီး Root လုပ်ပြီးသား Huawei U8825D ဖုန်းတလုံးကိုပိုင်ဆိုင်ခွင့်ရသွားပါပြီ။

(၄)    မြန်မာ Font ထည့်သွင်းခြင်း။

        Root ရပြီဆိုရင်တော့ မြန်မာ font ထည့်သွင်းဖို့က ထမင်းစားရေသောက်ထက်တောင် လွယ်ပါသေးတယ်..။ Myanmar Mobile App Store ရဲ့ Zawgyi Font Changer ကို install လုပ်လိုက်ပါ..။

Zawgyi Font Changer Download link >>> http://www.mediafire.com/?p9vg55rwg16r

ကဲ…… အဆင်ပြေကြပါစေဗျာ…။ အဆင်ပြေကြောင်း မပြေကြောင်း comments လေးတွေတော့ ရေးပေးခဲ့ကြပါအုံးနော်…။


အောင်ထွန်းဦး

28 comments:

  1. rootလုပ်မယ့်ဖုန်းမှာအင်တာနက်လိုင်းရှိဖို့လိုလား

    ReplyDelete
    Replies
    1. မလိုပါဘူး..၊ လိုအပ်တဲ့ files တွေကို download ပြီးတာနဲ့ root လုပ်လို့ရပါပြီ..။ ဖုန်းမှာ internet ရှိဖို့ မလိုပါဘူး..။

      Delete
  2. ကျေးဇူးပဲ အကိုရေ

    ReplyDelete
  3. U8825D Phone နှင့်computer ချိတ်ပြီး internet သုံးနည်း သိချင်ပါတယ်

    ReplyDelete
  4. အကိုပြောထားတဲ့fileတွေအကုန်လုံးကိုကွန်ပျူတာမှာအရငိဒေါငူထားရမှာလား။zip file,rar file တွေက ဘယ်လိုဖြည် ရတာလဲ။ဘာမှမလုပ်တတ်လို့ပါ။စမ်းပြီးလုပ်ကြည့်ချင် လို့။မှားသွားရင် ပြသနာရှိနိုင် လား။ပြောပြပေးပါဦး

    ReplyDelete
    Replies
    1. အပေါ်က file တွေ အကုန်လုံးကို ဒေါင်းရမှာပါ..။ အဆင့် (၁)၊ (၂) က zip file တွေကို ဖြည်ဖို့ http://downloads.sourceforge.net/sevenzip/7z920.exe ကိုဒေါင်းလိုက်ပါ..။ အဲ့ဒီလိုဖြည်ပြီးရင် အဲ့ဒီ အဆင့် (၁)၊ (၂) တွေကို ကွန်ပျူတာကနေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်..

      အဆင့် (၃)မှာ ပါတဲ့ file ကိုဖြည်စရာမလိုပါဘူး..။ memory card (sd card) ထဲ ဒီတိုင်းကူးထည့်ပြီး အပေါ်က ပြထားတဲ့အတိုင်းသာ လုပ်လိုက်ပါ..အဆင်ပြေမှာပါ..

      Delete
  5. အကိုရေ Root လုပ်ပြီးသွားပြီ ဒါပေမယ့် Restart ချလိုက်တိုင်း CWM Recovery ထဲပဲဝင်သွားတယ် ဘယ်လိုပြန်လုပ်ရမလဲ ကျေးဇူးပြုပြီးဖြေပေးပါဦး

    ReplyDelete
    Replies
    1. ဖုန်းထဲမှာ Superuser လေး ပေါ်ပြီလားမသိဘူး...။ အဲ့ဒီလိုဆက်ဖြစ်နေတယ်ဆိုရင် http://www.mediafire.com/?s8dk7j0974d7t27 ကနေ superuser ဆိုတဲ့ zip file လေးကို ဒေါင်းပြီး cwm recovery ထဲကနေ install zip from sd card ကနေ superuser ဆိုတဲ့ zip file ကို ရွေးပေးလိုက်ပါ...။

      Delete
  6. unlock downloads link ကိုဒေါင်းလို့မရဘူး ဘယ်လိုလုပ်ရမလဲဗျ ပြောပြပါအုံး

    ReplyDelete
    Replies
    1. ပြန်တင်ပေးထားပါတယ်....http://www.mediafire.com/?eyi1lzzdaj2lxap
      မှာ download လိုက်ပါ..

      Delete
  7. ကျေးဇူးတင်ပါတယ်အစ်ကို အားလုံးအဆင်ပြေသွားပြီးဗျ အရမ်းကိုးကျေးဇူးတင်တယ်ဗျ

    ReplyDelete
  8. အားလုံးအဆင်ပြေသွားပါပြီ။ super user လဲရပါပြီ။ ဒါပေမဲ့ zawgyi fonts changer တင်ပြီး fonts change တိုင်း root access ပဲတောင်းနေတယ်။ ဘယ်လိုဆက်လုပ်ရမလဲ မသိတော့လို့ ကူညီပါအုံး။

    ReplyDelete
    Replies
    1. ကျွန်တော်ပထမဆုံးတင်တုန်းကလည်း အလားတူ ပြသနာဖြစ်ပါတယ်...။ စိတ်မပူပါနဲ့..ဒါက superuser သွင်းတာ မအောင်မြင်လို့ပါ...။ http://www.mediafire.com/?s8dk7j0974d7t27 ကနေ superuser ဆိုတဲ့ zip file လေးကို ဒေါင်းပြီး cwm recovery ထဲကနေ install zip from sd card ကနေ superuser ဆိုတဲ့ zip file ကို ရွေးပေးလိုက်ပါ...။ ပြီးရင်တော့ zawgyi font changer ပြန် သွင်းကြည့်ပေါ့...အဆင်ပြေပါစေ..

      Delete
  9. ကျွန်တော့် ဖုန်း က unlock လုပ်ပြီးသားပါ cwm လည်းတင်ပြီးပါပြီ root recovery .zip နဲ့ root လုပ်တာ အဆင်မပြေပါ။ system r/w လုပ်လို့မရပါ။ superuser.zip နဲ့ပြန်လုပ်ကြည့်ပါဦးမည်။ မရပါက ဘာဆက်လုပ်ရမလဲ တခြားနည်းရှိရင်လည်း ပြောပါဦး။ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  10. zaw gyi font changerဒေါင်းလို့မရပါ

    ReplyDelete
    Replies
    1. http://www.mediafire.com/?p9vg55rwg16r20v

      ပြန်တင်ပေးထားပါတယ်...

      Delete
  11. ကျွန်တော် Phone က huawei u8825-1 ပါ အစက
    rootaccess ရပါတယ် wipe data ပြီး roootaccess မရပါ
    myanmar font ကလည်း စာလုံးတွေလွဲနေတယ်
    please help me

    ReplyDelete
    Replies
    1. အကြံနှစ်ခု ပြုလိုပါတယ်ဗျာ.. ပထမက supersuer ကို CWM ကနေ ပြန်သွင်းပြီး Zawgyi Font Changer ကို ပြန်သွင်းကြည့်ပါ...။

      နောက်တစ်နည်းက ... Factory reset ပြန်ချလိုက်ပါ... (data တွေ အကုန်ပျောက်ပါလိမ့်မယ်.. backup လုပ်ထားပါ..).. ပြီးရင် superuser ကိုသွင်းပြီး ZawgyiFont Changer ကို သွင်းကြည့်ပါ..။

      Delete
  12. ကျွန်တော်ဖုန်းက U8825D ပါ အကိုပြောတဲ့အတိုင်း လုပ်ကြည့်ပါတယ်။ ဒါဗေမယ့် IMEI1/ နှင့် IMEI2 လို့ပဲ ပါတယ်ဗျာ။ MEDI လို့မပါဘူးဗျ။ ဘယ်လိုလုပ်ရမလဲ။ ကူညီပါအုံး။

    ReplyDelete
    Replies
    1. ဟုတ်ပါတယ်... အဲ့ဒီ IMEI နံပါတ်ကို ထည့်ပေးရမှာပါ...။

      Delete
  13. My phone is ""u8825-1"".
    Myanmar font is wrong place since I bought the phone.
    What can I do for it.
    Is the method for u8825d same as u8825-1?

    ReplyDelete
  14. ကျန်တော့ဖုန်းက unlock bootloader လုပ်လိုမရဘူးဗျာ unlock code ကိုထည့်ပြီးရင်အင်တာခေါက်လိုက်ရင်
    reboot ကကျမသွားအဲ့အတိုင်းပဲရပ်နေတာကူညီပါအုံးဗျာ

    ReplyDelete
  15. အဲ့ဒါပြီးဘာမှကိုးဆက်လုပ်လို့ရဘူးဖြစ်နေတယ် reboot ကိုကျမသွားဘူးဖြစ်နေတယ်ဗျာ

    ReplyDelete
    Replies
    1. ကို မြင့်သူရေ.... အဆင်မပြေရင်...နောက်တစ်နည်းရှိပါတယ်... Huawei all in one tools ကို သုံးပြီး bootloader unlock လုပ်ကြည့်ပါ... အောက်က Link မှာ ၀င်ကြည့်ပါနော်...

      http://aunghtunoo.blogspot.com/2013/03/huawei-one-key-tools.html

      Delete
  16. ရသွားပြီးကို အောင်ထွန်ဦး ကျန်တော်ကွန်ပျူတာပြောင်းလိုက်တာနဲ့ရသွားတာ ဘာဆိုင်တာလဲမသိဘူးဗျာ အဲ့ကွန်ပျူတာထဲကဟာကိုကူးပြီးမှတခြား ကွန်ပျူတာမှာလုပ်ကြည့်တာနဲ့ရသွားတာဗျာ ကျန်တော်လည်းအံ့သြနေတာ ဘာဆိုင်တာလဲမသိဘူးနော် အဲ့ကွန်ပျူတာလည်းအကောင်းကြီးနော် အခုလိုအကြံပေးတာကျေးဇူးတင်ပါတယ်ဗျာ

    ReplyDelete
  17. Please , i am ph no Myanmar font, super user send is me

    ReplyDelete
  18. နော်ဟာက HUAWWI U8825D ပါ Bootloader unlock လုပ်မရဘူးဖြစ်နေတယ်

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ