Sunday, December 9, 2012

ဆင်ရဲ့ မစင်ကနေ ထုတ်လုပ်တဲ့ ဒေါ်လာ ၅၀ တန် ကော်ဖီ


ထိုင်းနိုင်ငံ Bangkok မြို့မှာရှိတဲ့ Anantara ဟိုတယ်ဟာ သူရဲ့ ဖောက်သည်တွေကို ဆင်ရဲ့ မစင် ကနေ ပြုလုပ်ထားတဲ့ ကော်ဖီတစ်မျိုးနဲ့ မိတ်ဆက် ပေးခဲ့ပါတယ်…။ ဒီကော်ဖီကို ဆင်ရဲ့ မစင်က နေ ထုတ်လုပ်ထားတာဖြစ်ပြီး တစ်ခွက်ကို ၅၀ ဒေါ်လာခန့် ပေးရမှာဖြစ်ပါတယ်..။ ကော်ဖီပြုလုပ်ဖို့ အထူးပြုလုပ်ထားတဲ့ အစားအစာတစ်မျိုးကို ဆင်ကိုကျွေးရပြီး အဲ့ဒီဆင်မှ ပြန်လည် စွန့်ထုတ်လိုက် တဲ့ မစင်ကို ကော်ဖီ ပြုလုပ်ဖို့ ကုန်ကြမ်းအဖြစ် အသုံးပြုတာပဲဖြစ်ပါတယ်..။ အဲ့ဒီ ကုန်ကြမ်း ဈေးနှုန်း ဟာဆိုရင်လည်း အထူးမြင့်မားနေပြီး ၁ ကီလိုကို ဒေါ်လာ ၁၁၀၀ ထိ ပေးရကြောင်း သိရပါတယ်..။



ကော်ဖီပြုလုပ်ဖို့ ကုန်ကြမ်းရဖို့အတွက် Thai Arabica လို့ ခေါ်တဲ့ ပဲစေ့တစ်မျိုးကို ရိတ်သိမ်းပြီး ဆင်တွေကိုကျွေးပါတယ်..။ အဲ့ဒီနောက်မှာတော့ အစာခြေပြီး သဘာဝအလျောက်ပြန်ထွက်လာတဲ့ ပဲစေ့ကိုတွေကို ပြန်လည်ကောက်ယူပြီး အခြောက်လှန်းပါတယ်..။ အဲ့ဒီကမှ တစ်ဆင့် ရလာတဲ့ ပဲစေ့တွေကို ကုန်ကြမ်းအဖြစ်အသုံးပြုပြီး ကော်ဖီ ပြုလုပ်တယ်လို့ သိရပါတယ်..။ အဲ့ဒီကော်ဖီကို Black Ivory Coffee လို့ခေါ်ပြီး ယခုဆိုရင် ကမ္ဘာတစ်ဝှမ်းက ကော်ဖီ ကြိုက်သူတွေ စွဲစွဲလန်းလန်း သောက်သုံးနေ ကြပြီပဲဖြစ်ပါတယ်..။ 



နိုင်ငံတစ်ဝှမ်းမှ ကော်ဖီမှာယူမှုဟာ အဆမတန်များပြားလာတာကြောင့် ကုန်ကြမ်းမလောက်ငှမှုတွေနဲ့ ရင်ဆိုင်လာရပါတယ်..။ နောင်တစ်ချိန်မှာ လူတို့ရဲ့ လောဘတွေကြောင့် ကုန်ကြမ်းများများ ရရှိဖို့ ဆင်တွေကို အန္တရာယ်ရှိတဲ့ နည်းလမ်းတွေ အသုံးပြုပြီး ကုန်ကြမ်းရှာဖွေကြမှာကို ထိုင်းလူမျိုးများက စိုးရိမ်နေကြကြောင်း သိရှိရပါတယ်.။

(ဒီလောက်နာမည်ကြီးနေတာ..၊ တစ်ခွက်လောက်တော့ သောက်ဖူးချင်တယ်..။ ပြောကြတာတော့ တစ်ခွက်သောက်ပြီး တစ်သက်မမေ့ဘူးဆိုပဲ….)

အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ