Monday, December 31, 2012

Imobile IStyle ဖုန်းများအား root ပြုလုပ်ခြင်း



Comments ကနေ တောင်းဆိုထားတဲ့ Imobile I Style ဖုန်းများအား root ပြုလုပ်ခြင်းဖြစ်ပါတယ်..။ တစ်ခုပြောလိုတာက အခုတင်ပေးမယ့် နည်းလမ်းဟာ internet ပေါ်မှ တွေ့ရှိရတဲ့ နည်းလမ်းတစ်ခုသာ ဖြစ်ပြီး ကျွန်တော်လည်း မစမ်းသပ်ရသေးပါဘူး…Do risk your own လို့ ပြောပါရစေ….အဆင်ပြေမယ်လို့တော့ ထင်ပါတယ်.. ဒါကြောင့် တစ်ခုခုမလုပ်ခင် ထုံးစံအတိုင်း အရေးကြီးတဲ့ data များကို backup အရင်ယူ ထားလိုက်ပါ..။

ဒီဖုန်းကို root လုပ်ဖို့အတွက် computer လိုပါတယ်..။ အရင်ဆုံး ဖုန်းမှာ setting> Development> USB Debugging ကို အမှန်ခြစ်ပေးပါ။ ပြီးရင် computer နဲ့ချိတ်ဆက်လိုက်ပါ..။ Driver Not Found ဆိုပြီးပေါ်လာပါလိမ့်မယ်..။ ဒါဆိုရင်မိမိဖုန်းရဲ့ driver ကို computer ထဲအရင်သွင်းရမှာဖြစ်ပါတယ်..။ အောက်က driver ကိုဒေါင်းလိုက်ပါ..။

 (Q2 driver တင်ထားခြင်းဖြစ်ပါတယ်..၊ ကိုယ့်ဖုန်း driver ကို download ရမှဖြစ်ပါတယ်.. )

My computer ကို right click နှိပ်ပြီး manage ကို သွားလိုက်ပါ..။ My computer> Manage> Device manager မှာ ? ပြနေသော driver တွင် rightclick နှိပ်ပြီး update driver software> browse my computer driver software ကို အဆင့်ဆင့်ရွေးပေးပြီး ဒေါင်းထားတဲ့ MT6573ADBdrivers ကိုရွေးပေးလိုက်ပါ..။ ထိုအခါ လိုအပ်နေသော driver နဲ့ computer ချိတ်ဆက်မှု ရရှိအောင် လုပ်ဆောင်ပြီးစီးပြီ ဖြစ်ပါတယ်..။

USB ကြိုးကို Computer မှဖြုတ်ပြီး ဖုန်းပိတ်လိုက်ပါ..။ Power နဲ့ Volume Down ခလုပ်နှစ်ခုကို တွဲနှိပ်ပါ..။ ဖုန်းပွင့်လာရင် power ခလုပ်ကိုလွှတ်ပြီး volume down ခလုပ်ကို ဆက်နှိပ်ထားပါ..။ Factory Mode ကိုရောက်ပါက ခလုပ်လွှတ်ပြီး usb ကြိုးနဲ့ computer ကိုချိတ်ဆက်ပါ..။ computer မှာ driver Not found ပဲပြပါလိမ့်မယ်..။ အဲ့ဒီအခါကျရင် computer>manage>device manager ထဲက CBC နဲ့ Imoblie Istyleq2 တို့မှာ ? ပြနေတာကို တွေ့ရပါမယ်..။ 

Imoblie Istyle q2 မှာ right click နှိပ်ပြီး update driver software>browse my computer for driver software ကိုရွေး ပေးပါ..။ နောက်ထပ် Menu တစ်ခုပေါ်လာပါက let me pick from a list of device driver on my computer ကိုနှိပ်ပြီး ပေါ်လာသော menu မှ android phone ကိုရွေးပေးပါ..။ ပြီးလျှင် Next, yes, ok ကိုပဲရွေးပေးပါ..။

ဒါဆိုရင် computer က android device ကို သိရှိသွားပြီဖြစ်သည်။ root လုပ်ငန်းစတင်ရန် အောက်က link မှာပါတဲ့ root q2 ဖိုင်မှ TPSparky root ကို နှိပ်ပါ..။


TPSparky root ကို နှိပ်ပြီး ချက်ချင်းပဲ့ ဖုန်းမျက်နှာပြင် မီးပိတ်သွားလိမ့်မယ်... အဲ့ဒီနေရာမှာ enter မနိုပ်ပဲ့နဲ့ volume down အရင်ဖိနိုပ်ပြီး Factory mode ထဲ ရောက်သွားတော့မှ enter နိုပ်ပြီး auto reboot တတ်တတ်လာတာနဲ့ enter ပဲ 4ကြိမ်လောက်လုပ်လိုက်ရင် root ပြီးသား ဖုန်းတစ်လုံးကို သင်ပိုင်ဆိုင် နိုင်ပါပြီ..။

အောင်ထွန်းဦး

15 comments:

  1. Imobile ဖုန်းတွေရဲ့ drivers တွေကို http://www2.i-mobilephone.com/
    မှာ ဒေါင်းလို့ရမယ်ထင်ပါတယ်..။
    ထိုင်းလို ရေးထားတော့ ဘာမှ နားမလည်ဘူးဖြစ်နေလို့ပါ...

    ReplyDelete
  2. ကျေးဇူးအကို

    ReplyDelete
  3. အကိုခင်ဗျာ ကျနော်လုပ်လိုက်တာအောင်မြင်သွားပါတယ်ခင်ဗျာ...အကိုဟာနည်းနည်းလွဲသွားပါတယ်အကို အကိုနည်းနဲ့ကျနော်အရင်လုပ်လိုက်ပါတယ် 3ကြိမ်လောက်ပေါ့ ကျနော်လည်း နည်းနည်းလွဲနေတယ်လို့ထင်ပြီ နောက်1ကြိမ်လောက်လုပ်ကြည့်အုံးမယ်ဆိုပြီးTPSparky root ကို နှိပ်ပြီး enter မနိုပ်ပါဘူး ချက်ချင်းပဲ့ ဖုန်းမျက်နှာပြင် မီးပိတ်သွားတယ် enter မနိုပ်ပဲ့နဲ့ volume down အရင်ဖိနိုပ်ပြီးFactory mode ထဲ ရောက်သွားတော့မှ enter နိုပ်ပြီး auto reboot တတ်တတ်လာတာနဲ့ enter နိုပ် enter ပဲ့ 4ကြိမ်လောက်လုပ်လိုက်မှ root လို့ရသွားပါတယ် အဲ့အတွက်အကို့ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ enter အရင်လိုက်ရင်မရပါဘူး အဲ့နေရာလေးပဲ့လွဲသွားတာပါ

    ReplyDelete
  4. ကျေးဇူးပါ...။ ကျွန်တော် ပိုစ့်လေးကို ka yin ပြောတဲ့အတိုင်း ပြန်ပြင်လိုက်ပါ့မယ်.. ကျွန်တော်က ပို့စ်တင်ရန် မစမ်းပေးနိုင်တဲ့အတွက် အောင်မြင်/မအောင်မြင် မသိဘူးဖြစ်နေတာ.. ကျေးဇူး အရမ်းတင်ပါတယ်...

    ReplyDelete
  5. ဟုတ်ကဲ့ပါ အကို့ကိုကျေးဇူးအများကြီးတင်ပါတယ် အစစအရာရာအဆင်ပြေပါစေခင်ဗျာ..လေးစားလျှက်...

    ReplyDelete
  6. i-mobile service center တို့showroom တို့ရန်ကုန်မှာရှိရင် လိပ်စာလေးသိချင်ပါတယ်

    ReplyDelete
    Replies
    1. I-mobile အတွက် သီးသန့်ဆိုပြီး service center တို့ showroom တို့မရှိလောက်ပါဘူးခင်ဗျ....။ တခြား service center ဖုန်းပြင်ဆိုင်တွေမှာ ပြကြည့်ပါလား....

      Delete
  7. I mobile iq2 အတွက် root နည်းလေးလိုချင်ပါတယ်ခည

    ReplyDelete
    Replies
    1. I mobile iq2 အတွက် root ပြုလုပ်နည်းကလည်း ဒီနည်းလမ်းအတိုင်း ပြုလုပ်ရတာပဲ..၊ driver သွင်းတဲ့နေရာမှာပဲ တစ်ချက် ကွာသွားပါတယ်...။

      I mobile iq2 ရဲ့ driver ကိုတော့ အောက်က link မှာပါတဲ့ software လေး အသုံးပြုပြီး သွင်းလိုက်ပါ...။ ကျန်တာကတော့ အပေါ်က နည်းလမ်းတွေအတိုင်းပေါ့....

      http://aunghtunoo.blogspot.com/2013/03/andriod-adb-driver-installer.html

      Delete
  8. istyle 4i firmware လေးရှိရင် ပြောပြကြပါဥင်္ီး

    ReplyDelete
  9. i-mobile istyle2.6 Root ဖောက်နည်းလေး ပြောပြပေးပါဥင်္ီးအကို

    ReplyDelete
  10. imobile IQ X ၀ယ်ချင်လို့ ပါ
    ဘယ်မှာ ဘယ်လို့ ရလဲသိချင်ပါသည်

    ReplyDelete
  11. i mobile istyl 7.6 A ရောဘယ်လို root လုပ်ရမလဲ

    ReplyDelete
  12. ကျန်တော့်ဖုန်းက i mobile i style8.3 ကို root ဘယ်လိုချရမလဲ ကူညီပါအုံး
    မြန်မာဖောင့်တစ်ဝက်တစ်ပျက်ကြီးပေါ်နေလို့ပါ
    အပြည့်ရေးလို့မရဘူးဖြစ်နေလို့ ကူညီပါအုံး

    ReplyDelete
  13. i-style imobile ဖုန်းဗျာ ရေထကိုကျပီး ဘာဝါတို့ ဆော့ဝဲတို့ အကုန်လာတယ်ခင်ဗျား ဒါပေနဲ့ မှန်ရွေ့လို့မရဘူးဖစ်နေတယ် မှန်ပြောင်းချင်လို့ ဆိုင်လိပ်စာလေးရှိရင် ကူပါဦးလို့ မေတ္တာရပ်ခံပါတယ် ချစ်ကိုကြီး တို့ရေ

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ