Thursday, December 13, 2012

မေတ္တာတရားနှင့် မျောက်ဝံမလေး

၁၉၉၆ခုနှစ် သြဂုတ်လ ၁၆ရက်နေ့မှာ အသက် ၃ နှစ်အရွယ်ကလေးတစ်ယောက်အမေရိကန် Brookfield တိရစ္ဆာန်ဥယျာဉ်ထဲက မျောက်ဝံထားတဲ့နေရာထဲ မတော်တဆပြုတ်ကျသွားခဲ့ပြီးလက်ကျိုးသွားခဲ့တယ်။
ကလေးငယ်ပြုတ်ကျသွားချိန်မှာ ၈နှစ်အရွယ် မျောက်ဝံမBinti Juaဟာကလေးငယ်နား ချည်းကပ်လာခဲ့တယ်။ ဒါကို ကြည့်နေသူတွေကတွေ့တော့ Binti ကိုခြောက်လှန့်မောင်းထုတ်ခဲ့ကြတယ်။
Bintiနဲ့အတူ နောက်မျောက်ဝံတစ်ကောင်လည်း ကလေးငယ်နားချည်းကပ်လာခဲ့ပေမယ့် Bintiက အကပ်...မခံဘဲအော်ဟစ်မောင်းထုတ်ခဲ့တယ်။

Binti ဟာ သူ့ကလေးကိုပွေ့ဖက်သလိုမျိုး လှိမ့်ကျသွားတဲ့ကလေးငယ်ကို သူ့ရင်ခွင်ထဲ ပွေ့ဖက်ထားပြီးကလေးငယ်ရဲ့ကျောကို ပွတ်သပ်ပုတ်ပေးနေခဲ့တယ်။ ပြီးတော့ ကလေးငယ်ကို ဝင်ပေါက်အထိပွေ့ချီသွားခဲ့ပြီး တာဝန်ရှိသူတွေကတဆင့်ကလေးငယ်ကို ကယ်တင်စေခဲ့တယ်။ ကလေးငယ်ကို Binti ကယ်ဆယ်နေချိန်မှာ koola လို့ခေါ်တဲ့ Binti ရဲ့၁၇လသားအရွယ်မျောက်ဝံလေးဟာလည်း Binti ရဲ့ကျောပေါ်မှာရှိနေခဲ့ပါတယ်။

နောက်ဆုံးမှာ ကလေးငယ်ရဲ့ ထိခိုက်ဒဏ်ရာက ကုသပျောက်ကင်းသွားသလို
Bintiဟာလည်း တိရစ္ဆာန်ဥယျာဉ်တွင်းက စူပါစတားဖြစ်လာခဲ့ပါတယ်။
စိတ်ကောင်းရှိသော Binti lay မင်းရဲ့ကြင်နာ မှူကမင်းကိုကောင်းကျိုးပေးမှာပါ။
 
အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ