Saturday, December 22, 2012

SAMSUNG GALAXY MINI (GT-S5570B) ကို Root ပြုလုပ်ခြင်း

 
ဒါလေးကတော့ Cholat Mon က comments ကနေ တောင်းထားတဲ့ SAMSUNG GALAXY MINI (GT-S5570B) ကို ROOT လုပ်နည်းလေးပါ..။ များသော အားဖြင့် root process တွေ အတွက်က ကွန်ပျူတာ မလိုပါဘူး..။ ဒီနည်းလမ်းလေးကလည်း ကွန်ပျူတာ မလိုပဲ အင်တာနက်လိုင်းရှိတဲ့ ဖုန်းတစ် လုံးရှိပြီဆိုရင် root လုပ်လို့ရပါပြီ..။

SAMSUNG GALAXY MINI (GT-S5570B)   ကို root မလုပ်ခင် မိမိဖုန်းထဲက အရေးကြီး data များကို backup ပြုလုပ်ထားပါ..။ ဆက်လက်ပြီး root လုပ်ဖို့အတွက် အောက်က link မှာပါတဲ့ file ကို အရင် download ရယူပါ..။
ရလာတဲ့ root GT-S5570B.zip file လေးကို ဖုန်းရဲ့ SD Card ထဲကို ကူးထည့်လိုက်ပါ..။ ဒီနေရာမှာ ကိုယ်က Computer နဲ့သုံးပြီး download ဆွဲတာ မဟုတ်ပဲ ဖုန်းနဲ့ download ဆွဲတာဆိုရင်တော့ မိမိ download ဆွဲထားတဲ့ file ဖုန်းရဲ့ ဘယ်နေရာမှာ ရှိတယ်ဆိုတာ အရင်ရှာထားပေးရပါမယ်.. (များသော အားဖြင့်က Downloads ဆိုတဲ့ file ထဲမှာ ရှိတတ်ပါတယ်...)
ပြီးရင် ဖုန်းမှ (Power + Volume Up + Home) ခလုပ်သုံးခုကို တွဲနှိပ်ထားပေးပါ..။
Recovery Mode သို့ရောက်သွားပါလိမ့်မယ်..။ install zip from SD card ထဲကနေ ကိုယ် Download ဆွဲထားတဲ့ root GT-S5570B.zip file လေးကိုရွေးပေးလိုက်ပါ..။
(Recovery Mode မှာ touch screen ဟာ အလုပ်မလုပ်တဲ့အတွက် Volume +,- ခလုပ်တွေကို အသုံးပြုပြီး ရွေးချယ်နိုင်ပါတယ်..။) 
Phone reboot ပြန်တက်လာရင် ဖုန်းထဲမှာ superuser icon လေးကို မြင်ရမှာဖြစ်ပြီး root လုပ်ပြီးသားဖုန်းတစ်လုံးကို သင်ပိုင်ဆိုင်ပါပြီဗျာ…။


အောင်ထွန်းဦး

4 comments:

  1. ကျေးဇူးအကို

    ReplyDelete
  2. ကျေးဇူးအကို

    ReplyDelete
  3. ကျေးဇူးအကို

    ReplyDelete
  4. Hello! Someone in my Facebook group shared
    this site with us so I came to take a look. I'm definitely loving the information. I'm book-marking and will be tweeting this to
    my followers! Wonderful blog and terrific style and design.


    Here is my weblog: appliance repair Brandon contractors

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ