Saturday, December 8, 2012

ကမ္ဘာ့အလှဆုံး မံမီ

Rosalia Lombardo ဆိုတဲ့ Italy လူမျိုး ကလေးငယ်ကို 1918 က ပါလာမို မြို့မှာ မွေးဖွားခဲ့တာပါ..။ သူမ အသက် ၂ နှစ်အရွယ် 1920 ခုနှစ်မှာတော့ သူမဟာ အဆုတ်ရောင်ရောဂါနဲ့ သေဆုံးခဲ့ရပါတယ်..။ Rosalia ရဲ့ အဖေဖြစ်သူ ဗိုလ်ချုပ် Lombardo ဟာ သူ့ရဲ့ သမီးဖြစ်သူ သေဆုံးမှုအပေါ်မှာ ဖြေဆည်ရာမရ ဖြစ်ခဲ့ရပါတယ်..။ ဒါကြောင့်သူဟာ မံမီအလောင်းတွေ ပြုလုပ်စီမံသူ Aldfredo Salafia ကို ချဉ်းကပ်ခဲ့ပါတယ်..။  














မကြာသေးခင်ကပဲ Salafia ရဲ့ မံမီတစ်ခု ပြုလုပ်ပုံအဆင့်ဆင့်တို့ကို သူ့လက်ရေးနဲ့ ရေးထားတဲ့ စာရွက်တစ်ရွက် ကို တွေ့ရှိခဲ့ရပါတယ်..။ သူဟာ Rosalia ကို မံမီ ပြုလုပ်ပုံကတော့ Rosalia ရဲ့သွေးတွေနေရာမှာ သူဟာ bacteria တွေသေစေဖို့ formalin နဲ့ ပြုလုပ်ထားတဲ့ အရည်တစ်မျိုးကို ထည့်သွင်း ခဲ့ပါတယ်..။ အရက်ကိုတော့ ခန္ဒာကိုယ်ခြောက်သွေ့စေရန် သုံးထားပြီး၊ Glycerin ကိုတော့ အလွန်အမင်းခြောက်သွေ့ခြင်းမှ ကာကွယ်ဖို့ သုံးထားပါတယ်..။ salicylic acid ကို မှိုမတက်စေရန် အသုံးပြုပြီး၊ ဆားကိုတော့ အနံပျောက်ကင်းရန် အဓိကအသုံးပြုထားတယ်လို့ ရေးသားထားပါတယ်..။



X-rays ရိုက်ထားတဲ့ Rosalia ရဲ့ မံမီကို ကြည့်လိုက်မယ်ဆိုရင် ခန္ဒကိုယ်အတွင်းမှာလည်း ဘာမှ ပျက်စီးခြင်း မရှိပဲ အကောင်းပကတိအတိုင်းရှိနေတာကို အံ့သြစွာတွေ့ရှိရမှာဖြစ်ပါတယ်..။
နိုင်ငံတစ်ဝှမ်းမှ မံမီကို လေ့လာရှာဖွေသူအများစုကလည်း Rosalia ရဲ့ မံမီကို ကမ္ဘာပေါ်မှာ အလှပဆုံး မံမီ ရုပ်အလောင်း တစ်ခုအဖြစ် သတ်မှတ်ထားပါတော့တယ်…။


အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ