Monday, December 31, 2012
အချစ်ဆိုသည်မှာ....
အရပ်ချင်း ၁ပေ၊ ၆ လက်မ ကွာခြားသော်လည်း ချစ်ခြင်းမေတ္တာတရားရဲ့ စေစားချက်လို့ ဆိုရမလိုပင် 
အသက် ၁၇ နှစ်အရွယ်တွင် အရပ် ၆ပေ၊ ၈ လက်မရှိသည့် ကမ္ဘာ့ အရပ်အရှည်ဆုံးဆယ်ကျော်သက်မိန်းကလေး၊ ဘရာဇီးလ်နိုင်ငံသူကလေး အယ်လစ်စနီ ဒါက၇ုစ်ဆေးလ်ဗာ ဟာ သူမရဲ့ ချစ်သူဖြစ်သည့် အသက် ၂၂ နှစ်အရွယ်ရှိ အရပ် ၅ ပေ၊ ၄ လက်မသာမြင့် သည့် ဖရန်စီနယ်လ်ဒို ဒါဆေးလ်ဗား ကာဗယ်လ်ဟို နှင့် လက်ချင်းချိတ်ကာ လျှောက်လှမ်း လျှက် ချစ်သူကိုအနမ်းပန်းချွေဖို့ ခါးကိုင်းကာ ခေါင်းငုံ့ မွှေးကြူခဲ့ ပါတယ်....
ဘရာဇီးလ်နိုင်ငံ၊ဆာလီနိုပိုလစ် အရပ်မှဆယ်ကျော်သက်မိန်းကလေး အနေဖြင့် သူမ၏ဦးနှောက်အတွင်း အကြိတ်ကြောင့် မရပ်မနားထွားကြိုင်းလာနေသည့် အတွက် ခန္ဓာကိုယ်မတန်တစ်ဆကြီးမားကာ အရပ်လည်း အလွန်ရှည်လျားနေရပါတယ်...
"ကျွန်မသူ့ ကိုစိတ်ဝင်စားမိတာကတော့ သူ့ ရဲ့ ကိုယ်ရည်ကိုယ်သွေးပါပဲ...သူ့ ရဲ့ လူအများနဲ့ပြောဆိုဆက်ဆံတာ၊ ကျွန်မကိုပြောဆိုဆက်ဆံတာတွေက အထာညက်လွန်းလို့ ပဲ သူ့ ကိုသဘောကျသွားခဲ့ ၇တာပါ... တစ်ခုပဲဒုက္ခရောက်တာ ကတော့ ကျွန်မတို့ အတူလက်ချင်းချိတ်ပြီး တွဲသွားကြယင်တော့  သူဟာ ကျွန်မရဲ့ မောင်လေးလို၊ သားလေးလိုဖြစ်နေတာပါပဲ....ဒါပေမယ့် လည်း ကျွန်မကသူ့ ရွေးချယ်ခဲ့ တာမဟုတ်ပါဘူး... ဘုရားသခင်ကသာ ကျွန်မအတွက်ရွေးချယ်ပေးခဲ့ တာဖြစ်ပါတယ်..." လို့ အောင်မြင်ကျော်ကြား မယ့် အလားအလာကောင်းတွေနဲ့ ပြည့် နေတဲ့ မော်ဒယ်မိန်းကလေးက ဗီယက်နမ် အခြေစိုက် သတင်းဌာနကို ပြောကြားခဲ့ ပါတယ်...
အကြည့် ချင်းဆုံလို့ ရင်ခုန်ပြီဆိုယင် အရပ်မြင့် တာ၊ နိမ့် တာတွေမလိုတော့ ပါဘူးလေ.... ယောကျာင်္းကို ဘယ်တော့ မှ မော်မကြည့် ရဲဘူးပေါ့ ... ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီပေါ့ ....တုံးခုလို့ မှ လှမ်းမရယင်... ခုန်ပြီးတော့ ခူးမယ်... မှတ်ထားကွယ်...ငါဟာယောကျာင်္း တစ်ယောက်ဖြစ်တယ်... အပြစ်မမြင်ပါဘူး... ချစ်ချင်တာပဲ သိတဲ့ နောက်.... ဆောက်လုပ်ရေးလုပ်သားဖြစ်တဲ့ ဖရန်စီနယ်လ်ဒို ရဲ့ သူငယ်ချင်းများကတော့ သူ့ အနေနဲ့ ချစ်သူမိန်းကလေးကို ဘယ်လိုများပွေ့ ဖက်နိုင်ပါသလဲလို့ မေးမြန်းကြတဲ့ အခါ လိုလျင်ကြံဆ နည်းလမ်း၇ဆိုတဲ့ စကားလိုပဲ ဘာမဆိုဖြစ်အောင်လုပ်နိုင်တဲ့ နည်းတွေရှိပါတယ်လို့ သူကဆိုပါတယ်..." ကျွန်တော့် ကောင်မလေးက မိန်းမလှလေးပါဗျာ... အရပ်ကလေးရှည်နေပေမယ့် လည်း လှပါတယ်. ..မျက်နှာလေးကကို ချစ်စရာကောင်းပါတယ်... ကျွန်တော့် အတွက်ကတော့ အရပ်ရှည်တဲ့ ချစ်သူမိန်းကလေး ရတာ အရးမကြီးပါဘူး... ဘယ်သူတွေဘာပဲပြောပြောကျွန်တော်ကတော့ ဂရုမစိုက်ပါဘူး..." လို့ သူက ဆိုပါတယ်...
ဦးနှောက်အကြိတ်ကြောင့် မရပ်မနား အရပ်ရှည်နေပြီးထွားကြိုင်းနေပမယ့် ... အဓိက ကတော့ အဓိကပါပဲ....
ဆရာဝန်တွေကတော့ ထိုဦးနှောက်အကြိတ်ကို လွန်ခဲ့ တဲ့ ၂ နှစ်ကတည်းကခွဲစိတ် ဖယ်ရှားခဲ့ ပြီးပါပြီ... သူမအကြောင်း သတင်းတွေမှာဖော်ပြပြီးလို့ လူသိများ လာခဲ့ ပြီးနောက်ပေါ့ ...
သမီးလေးကတော့  တစ်ခြားသာမန်မိန်းကလေးတွေလိုပဲဖြစ်ချင်တာပါပဲ၊ တစ်ခါတစ်လေသူစိတ်မကောင်း ဖြစ်မယ်ဆိုတာ ကျွန်မနားလည်ပါတယ်လို့ မိခင်ဖြစ်သူကဆိုပါတယ်... မိခင်ဖြစ်သူ မာရီယာ ရာမို့ စ်၊ ညီမဖြစ်သူ မေရာ တို့ နှင့် အတူ...အရပ်မတန်တဆရှည်လာနေတာမို့ ခေါင်းကိုက်ရောဂါနဲ့ အဆစ်အမြစ်တွေ ကိုက်တဲ့ ရောဂါပါရနေရှာပါတယ်...
(credit to - ထူးထူးဆန်းဆန်း)
အောင်ထွန်းဦး
No comments:
Post a Comment
LinkWithin
Related Posts Plugin for WordPress, Blogger...
ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ