Monday, December 31, 2012

တောင်မြင့်သုသာန်မီးသဂြိုဟ် စက် အပြီး တိုင် ပိတ် သိမ်း သုသာန်ရွှေ့ဆိုင်းစဉ် ထူးဆန်း မှုများ



မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသန့်ရှင်းရေးဌာန လက်အောက်ရှိ တောင်မြင့်သုသာန်နှင့် မီးသဂြိုဟ်စက်အား မေ ၁ ရက်တွင် အပြီးပိတ်သိမ်းပြီး အမရပူရမြို့နယ် တောင်အင်း/ မြောက်အင်းသုသာန်နှင့် မီးသဂြိုဟ်စက်အား မေ ၁ ရက်မှ စတင်၍ အသုံးပြုနေပြီဖြစ်ကြောင်း မြို့တော်စည်ပင်၏ တရားဝင် ထုတ်ပြန် ချက်အရ သိရသည်။

မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ်ရှိ တောင်မြင့်သုသာန်အား ပိတ်သိမ်းရာတွင် ဘာသာရေး ဓလေ့ထုံးတမ်း စဉ်လာများနှင့်အညီ ပြုလုပ်ခဲ့ကြောင်း ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခဲ့သော ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း သြ၀ါဒါ စရိယဆရာတော် ဘဒန္တနေမိနက 7Day News သို့ မိန့်ကြားသည်။

တောင်မြင့်သုသာန်ပိတ် သိမ်းပွဲကို ဗုဒ္ဓဘာသာဓလေ့ထုံးထမ်းစဉ်လာအရ ပြုလုပ်ကြောင်း၊ ရှေးဦးစွာ မြို့တော် စည်ပင်သန့် ရှင်းရေးဌာနမှူးက တောင်မြင့်သု သာန်ပိတ်သိမ်းကြောင်း အမိန့်ပြန်တမ်းကိုဖတ်ကြားကြောင်း၊ ထို့နောက် တောင်မြင့်သုသာန်မှ ၀ိဉာဉ်များကို တောင်အင်းမြောက် အင်းရွှေ့ရန်အတွက် အသင့်စီစဉ် ထားသော Dump Truck ယာဉ် များပေါ်သို့ တက်ရောက်ရန်ဖိတ်ခေါ်ကြောင်း၊ ၀ိဉာဉ်များသုသာန် ပြောင်းရွှေ့ ရေးအတွက် ယာဉ်ပေါ်တက်ရန် နာရီဝက်ခန့်အချိန် ပေးကြောင်း၊ တောင်မြင့်သုသာန်အား လေးဘက်လေးတန် စည်းခြားသတ်မှတ်ပြီး ၀ိဉာဉ်အားလုံးကို ဖိတ်ခေါ်ပြီးနေရာပြောင်းရွှေ့ရေးအတွက် အမိန့်ပြန်တမ်း ဖတ် ကြား ကြောင်း၊ ထို့နောက် ဆရာတော် သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော်များရွတ်ဖတ်ပြီး၊ ကားတစ်စီး လျှင်ဆရာတော်တစ်ပါး ဦးဆောင်ကာ တောင်မြင့် သုသာန်မှ တောင်အင်း/မြောက်အင်း သုသာန်သို့ ၀ိဉာဉ်များ ပို့ဆောင်ပေးခဲ့ကြောင်း၊ မြို့တော်စည်ပင် သန့်ရှင်းရေးဌာနဌာနမှူးဦးနေ၀င်းမြင့်က အတည် ပြုပြောကြားသည်။

ထိုသို့ တောင်မြင့်သုသာန်မှ ၀ိဉာဉ်များ၊ နာနာဘာဝများကို မြို့ တော်စည်ပင်မှ အမိန့်ထုတ်ပြန်ပြီး ယာဉ်များ ပေါ်သို့ ၀ိဉာဉ်များ၊ နာနာဘာဝများ တက်ရောက်ရန် နာရီဝက်အချိန်ပေးပြီး၊ ယာဉ်များ စတင်ထွက်ခွာရာ ကောင်းကင် တစ်ခုလုံးမှုန်မှိုင်းပြီး လေပြင်းမုန်တိုင်းများတိုက်ခတ်ကြောင်း၊ မိမိတို့ ၀ိဉာဉ်များ၊ နာနာဘာဝများ တင်ဆောင်လာသော ကားများ တောင်မြင့်သုသာန်မှ ထွက်ခွာချိန်တွင် လေကြီး၊ မိုးကြီးကျပြီး လေပြင်းများ တိုက်ခိုက်လာကြောင်း၊ ယာဉ်မှူးတစ်ဦးက ၎င်း၏ အတွေ့ အကြုံကို ပြောသည်။ ၀ိဉာဉ်များ၊ နာနာဘာဝများ ကားပေါ်တက်ရောက်ရန် အမိန့်ထုတ်ပြန်ချိန်တွင် မိမိကားသည်လေးလာပြီး ကားမောင်းနှင်ရာတွင် ၀န်များ ပါလာသလို ခံစားရကြောင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။

တောင်မြင့်သုသာန်မှ ၀ိဉာဉ်များ၊ နာနာဘာဝများတင်ဆောင်လာသော ကားများသည် ဧပြီ ၃၀ ရက် ညနေ ၆ နာရီခန့် အသစ်ရွှေ့ပြောင်းသော တောင်အင်း/မြောက်အင်းသုသာန်သို့ရောက်ရာတွင်၊ မြို့တော် စည်ပင် သန့်ရှင်းရေးဌာန ဌာနမှူးက သင်တို့အသစ်နေရမည့် နေရာသစ်သို့ ရောက်ရှိပြီဖြစ်ကြောင်း၊ ယာဉ်ပေါ်မှ ဆင်းရန် နာရီဝက်အချိန်ပေးကြောင်း၊ မိမိတို့ကြိုက်နှစ်သက်သော နေရာတွင် သင့်သလို နေရာယူ နေနိုင် ကြောင်း၊ အမိန့်ပြန်တမ်းထပ်မံဖတ်ကြားပြီး သုသာန်ရွှေ့ပြောင်းမှုကို ဘာသာရေးထုံး တမ်းစဉ်လာများဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

(credit to - ထူးထူးဆန်းဆန်း)

အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ