Thursday, December 13, 2012

SAMSUNG GALAXY DUOS (GT-S 6102) ကို ROOT လုပ်နည်း



ဒါလေးကတော့ comments ကနေ တောင်းထားတဲ့ SAMSUNG GALAXY DUOS (GT-S 6102) ကို ROOT လုပ်နည်းလေးပါ..။ ကျွန်တော်အနေနဲ့လည်း အခုမှ နည်းပညာများကိုလေ့လာတာဖြစ်တဲ့အတွက် အကူအညီ တောင်းလာတွေကို internet ကနေ ပြန်လည်ရှာဖွေပြီး တင်ပေးရတာဖြစ်ပါတယ်..။

ကျွန်တော်က များများကူညီပေးရလေလေ ၊ ကိုယ်အသိပညာများများရလေ ဆိုတဲ့ ခံယူချက်မျိုးထားရှိပါတယ်..။ မေးလာသမျှကိုလည်း တတ်နိုင်သမျှ အမြန်ဆုံးပြန်ဖြေပေးနိုင်အောင်လည်းကြိုးစားပါတယ်..။ ဒါကြောင့် လိုချင်တာ လိုအပ်တာများရှိရင် ChatBox မှာပဲရေးရေး.၊ comment ပဲပေးပေး..၊ Gtalk၊ Email ကနေပဲ လှမ်းပြောပြော.. ကြိုးစားပြီး ဖြေပေးပါ့မယ်လို့ ပြောချင်ပါတယ်..။

Samsung GT-S 6102 ကို root မလုပ်ခင် မိမိဖုန်းထဲက အရေးကြီး data များကို backup ပြုလုပ်ထားပါ..။ ဆက်လက်ပြီး root လုပ်ဖို့အတွက် အောက်က link မှာပါတဲ့ file ကို အရင် download ရယူပါ..။


ရလာတဲ့ update.zip file လေးကို ဖုန်းရဲ့ SD Card ထဲကို ကူးထည့်လိုက်ပါ..။
Power ပိတ်လိုက်ပါ..။

ပြီးရင် ဖုန်းမှ (Power + Volume Up + Home) ခလုပ်သုံးခုကို sgy duos logo ပေါ်လာတဲ့အထိ တွဲနှိပ်ထားပေးပါ..။

Recovery Mode သို့ရောက်သွားပါလိမ့်မယ်..။ install zip from SD card ထဲကနေ ကိုယ်သွင်းထားတဲ့ update.zip file လေးကိုရွေးပေးလိုက်ပါ..။

(Recovery Mode မှာ touch screen ဟာ အလုပ်မလုပ်တဲ့အတွက် Volume +,- ခလုပ်တွေကို အသုံးပြုပြီး ရွေးချယ်နိုင်ပါတယ်..။)

Phone reboot ပြန်တက်လာရင် ဖုန်းထဲမှာ superuser icon လေးကို မြင်ရမှာဖြစ်ပြီး root လုပ်ပြီးသားဖုန်းတစ်လုံးကို သင်ပိုင်ဆိုင်ပါပြီဗျာ…။

အောင်ထွန်းဦး

6 comments:

  1. Replies
    1. အကိုရေ samsung glaxy min GT-S5570B
      root လုပ်နည်းလေးတင်ပေးပါနော် computer
      မလိုပဲနဲ့ဒီအတိုင်းလုပ်တာ thank အကို

      Delete
  2. ကျေးဇူးပဲနော် GT-S6102 လေးအတွက်အဆင်ပြေသွားပါပြီ

    ReplyDelete
  3. ကျေးဇူးပဲနော် GT-S6102 လေးအတွက်အဆင်ပြေသွားပါပြီ

    ReplyDelete
  4. အစ်ကို GALAXY COPPER GT-S5830T လေးအတွက်ROOT လေးလုပ်ဖို့ ကူညီပါဦး အစ်ကို

    ReplyDelete
  5. rk2928sdkအတွက်rootလုပ်နည်းလိုချင်လိုဘပါ

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ