Wednesday, October 24, 2012

စာမရလို့ ပါးအရိုက်ခံရတဲ့ ၅နှစ်အရွယ် ကျောင်းသူလေး



တစ်လောက Facebook မှာ တွေ့လိုက်ရပါသေးတယ်..၊ မြန်မာနိုင်ငံက မူကြို တစ်ခုမှာ မူကြိုဆရာမ တစ်ယောက်က ကလေးကို ပါးရိုက်လို့ဆိုပြီး ပြသနာ ဖြစ်ကြပါတယ်..။ အဲဒီကိစ္စတွေဟာ မြန်မာနိုင်ငံ တစ်ခုတည်း ဖြစ်နေတာ မဟုတ်ပါဘူး..။ ကလေးကို စာတကယ် တတ်စေချင်လို့ ရိုက်တာလား..၊ ဒါမှ မဟုတ် ကိုယ်ရေးကိုယ်တာ အဆင်မပြေမှုတွေကို ကလေးပေါ် ပုံချတာလား..၊ ကလေး မိဘတွေကို မကျေနပ်လို့လား…စဉ်းစားစရာတွေတော့ အများကြီးပါ…။ ရိုက်ခဲ့တဲ့ ဆရာမတွေ ကိုယ်တိုင် အသိဆုံးပဲ ဖြစ်ပါလိမ့်မယ်…။


အခုလည်း တရုတ်နိုင်ငံမှာ ဆရာမတစ်ယောက်ဟာ ၅ နှစ်အရွယ် ကျောင်းသူလေးတစ်ယောက်ကို စာမရလို့ဆိုပြီး ပါးအချက်ပေါင်း များစွာ ရိုက်ပြီး အပြစ်ပေးမှု တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်..။ ဒီကလေးဟာ ၁၀ နဲ့ ၁ နဲ့ ပေါင်းတာ ဘယ်လောက်ရလဲ ဆိုတဲ့ အဖြေကို မဖြေနိုင်တဲ့ အတွက် ဒီလိုအရိုက်ခံရတာ ဖြစ်ကြောင်း သူ့အဖေက ပြောပါတယ်..။




ဒီဖြစ်ရပ်ကို အခန်းထဲမှာ ရှိတဲ့ မှတ်တမ်းတင် camera ကနေ ပြန်တွေ့ရတာဖြစ်ပြီး နာရီဝက်အတွင်းမှာ ဆရာမဖြစ်သူဟာ ကလေးရဲ့ပါးကို အချက် ၇၀ လောက် ရိုက်ခဲ့ကြောင်းတွေ့ရပါတယ်..။ အဆိုပါ ကလေးနဲ့အတူ အခြားကလေး ၃ ဦးလည်း အရိုက်ခံရတဲ့ အထဲမှာ ပါဝင်ခဲ့ပါတယ်..။ ကျောင်းအုပ် ဖြစ်သူက တော့ သူတို့ဟာ အဲ့ဒီဆရာမကို အလုပ်ထုပ်ပြီးပြီ ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်..။




နောက်ဆုံးရ သတင်းများအရ အဆိုပါ ဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ ဆရာမဟာ ထိန်းသိမ်းရေး စခန်းမှာ ၁၅ ရက် ပြစ်ဒဏ်ကျခံရမှာ ဖြစ်ပြီး အဲ့ဒီကျောင်းကတော့ ပိတ်လိုက်ရပြီဖြစ်ကြောင်း သိရှိရပါတယ်..။



အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ