Sunday, October 7, 2012

အတော်အတင့်ရဲတဲ့ အမျိုးသမီး



ဒါဟာ တစ်ကယ့်ကို ကြောက်လန့်စရာကောင်းတဲ့ဖြစ်ရပ်တစ်ခုပါ..၊ အမျိုးသမီး တစ်ယောက်ဟာ ပိုလာ ၀က်ဝံတွေထားတဲ့ တိရစ္ဆာန်ရုံထဲကို ခုန်ချခဲ့ရာမှာ ၀က်ဝံတွေက တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်..

အသက် ၃၂ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဘာလင် တိရစ္ဆာန်ဥယျာဉ်ရဲ့ ၀န်းနံရံကို ကျော်ပြီး ခုန်ချခဲ့တာဖြစ်ပါတယ်.. ၀န်ထမ်း (၆)ဦးက ၀က်ဝံ လေးကောင်ကို ပြန်လည် ထိမ်းသိမ်းနိုင် ခဲ့ပေမယ့် အမျိုးသမီးကတော့ သူမလက်မောင်းနဲ့ ခြေထောက်တွေမှာ ဒဏ်ရာများစွာ ရရှိခဲ့ပါတယ်..


ဒါအမျိုးသမီး ဘာလို့ ဒီလိုခုန်ချခဲ့သလဲဆိုတာတော့ မသိခဲ့ရပါဘူး..ဒါပေမယ့် အစပိုင်းမှာ သူမဟာ ပျော်ရွင်အူမြူးနေပုံရပြီး ၀က်ဝံတွေရှိရာကိုတောင် ရေကူးပြီး သွားခဲ့ပါတယ်..၊  ဒါပေမယ့် ၀က်ဝံ တွေက တိုက်ခိုက်တဲ့အခါမှ အိပ်မက်က နိုးထလာသူ တစ်ဦးလိုဖြစ်ခဲ့ပြီး ခုန်ချခဲ့ရာ နေရာဆီကို ပြန်ကူးခတ်ခဲ့ပါတယ်..၊ အပေါ်က လူတွေက ကြိုး ပစ်ချပေးပြီး သူမကို ကယ်ဆယ်ပေးခဲ့ရပါတယ်...၊ ကြိုးသာ မပစ်ချပေးနိုင်ခဲ့ရင် သူမဘ၀ကတော့ မတွေးရဲစရာပါပဲ..




အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ