Sunday, October 14, 2012

ပျော်စရာမကောင်းခဲ့တဲ့ လက်ထပ်ပွဲ

အသက် (၄၂) နှစ်အရွယ် ရှိပြီဖြစ်တဲ့ တရုတ်နိုင်ငံသားဟာ အသက် (၃၇) နှစ်အရွယ်ရှိ ကင်ဆာရောဂါ နောက်ဆုံးအဆင့်ကို ခံစားနေရတဲ့ ချစ်သူကို ဆေးကုသပေးဖို့အတွက် သူများ ပိုက်ဆံကို ခိုးယူရာက နေ ထောင် ၄ နှစ်ကျခဲ့ရပါတယ်..၊ 


ကင်ဆာရောဂါ နောက်ဆုံးအဆင့်ကို ခံစားနေရတဲ့ သူ့ချစ်သူရဲ့ နောက်ဆုံးဆန္ဒကတော့ တစ်သက်မှာ တစ်ခါ လက်ထပ်ဝတ်စုံကို ၀တ်ဖူးချင်တာပဲဖြစ်ပါတယ်..၊ 


နောက်ဆုံးတော့ သနားကြင်နာတတ်တဲ့ တာဝန်ရှိသူတွေက သူတို့နှစ်ယောက်ကို တစ်နာရီနဲ့ ဆယ်မိနစ်ကြာတဲ့ လက်ထပ်ပွဲ ကျင်းပဖို့ စီစဉ်ပေးခဲ့ကြပါတယ်..ဒါပေမယ့် လက်ထပ်ပွဲဟာ အချိန် တိုတိုအတွင်း ပြီးဆုံးခဲ့ပါတယ်..သတို့သမီးဖြစ်သူက အရမ်းဝမ်းနည်းနေတဲ့အတွက်ပဲဖြစ်ပါတယ်…၊ သူတို့ရဲ့ မင်္ဂလာပွဲဟာ ပျော်ရွှင်စရာမကောင်းခဲ့ပဲ တက်ရောက်လူသူတို့ရဲ့ မျက်ဝန်းတွေမှာ မျက်ရည်တွေတွဲခိုနေတာကို တွေ့ခဲ့ရပါတယ်…









အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ