Tuesday, October 16, 2012

တရုတ်ပြည်တွင် ကမ္ဘာ့အစောဆုံး မံမီ တွေ့ရှိ



တရုတ်နိုင်ငံ Fujian ပြည်နယ် Ningde မြို့တော်မှာ အဝေးခရီးလမ်းလျှောက်ပွဲ ဆင်နွှဲရင်းကဂူတစ်ခုထဲမှာ ရှေးခေတ်က အလောင်းတစ်လောင်းကို တွေ့ရှိပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါတယ်..။ စုံစမ်းစစ်ဆေးမှုတွေအရ ဒီအလောင်းဟာ အထူးစီမံပြုလုပ်ထားတဲ့ မံမီ ရုပ်အလောင်းဖြစ်ပြီး တွေ့ခဲ့ရသမျှ မံမီရုပ်အလောင်းတွေထဲမှာတော့ အစောဆုံးဖြစ်တယ်လို့ ဆိုထားပါတယ်..။ ဒီမံမီအလောင်းဟာ မပျက်မစီးသေးပဲ သူ့ရဲ့ ဆံပင်တောင် ဆံမြီးကျစ်ထားတဲ့ ပကတိပုံစံအတိုင်း ရှိနေတာကို အံ့သြစွာ တွေ့ရှိခဲ့ရပါတယ်..



ဒီမံမီဟာ Qing ဘုရင် (1882 AD) လက်ထက်က အမှုတော်ထမ်းတစ်ယောက် ဖြစ်တယ်လို့ ခန့်မှန်း ရပြီး ဂူထဲမှ အခြား ကျောက်စာတွေ ကဗျာတွေ လက်ရေးနဲ့ ရေးထားတဲ့ စာတွေကို မပျက်မစီးပဲ တွေ့ရပါတယ်..။ မံမီဟာ မပျက်စီးသေးပေမယ့် အပုပ်နံ့ကတော့ မခံနိုင်အောင် ထွက်နေပြီး ဒီအနံ့ကြောင့်ပဲ သူ့ကို လူတွေက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်..။






မံမီကို အခေါင်းထဲက ထုတ်ပြီး ကြည့်လိုက်တဲ့အခါ သူဝတ်ထားတဲ့ မင်းမှုထမ်းဝတ်စုံရဲ့ အရှေ့ပိုင်း တစ်ဝက်လောက်ကိုသာ မြင်နိုင်ပါတော့တယ်…၊ ဒါပေမယ့် ၀တ်စုံရဲ့ အနောက်ဘက်မှာတော့ နဂါးသုံးကောင် ရောထွေးနေတဲ့ပုံကို ရွှေရောင်ချည်မျှင်တွေနဲ့ ထိုးထားပါတယ်….၊ အ၀တ်အစားတွေဟာလည်း သေသေချာချာ စီမံထားပုံရပြီး အတွင်းဆုံးအလွှာကို ရွှေအိုရောင်..၊ အပြင်အလွှာကို အပြာရောင်နဲ့ အပေါ်ဆုံးအထည်ကို ပိုးထည်တွေ အသုံးပြုထားကြောင်းတွေ့ရပါတယ်..။





တာဝန်ရှိသူတွေက "ဒီမံမီကို မပုပ်မသိုးပဲ ဒီလောက်နှစ်အကြာကြီး ကြာရှည်ခံနိုင်အောင် ရှေးခေတ် တရုတ်လူမျိုးများက စီမံနိုင်ခဲ့ပါတယ်..၊ ယခုခေတ်လူတွေတောင် ခေတ်ပေါ်နည်းပညာတွေနဲ့ ဒါမျိုး လုပ်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး..၊ ရှေးခေတ်လူတွေရဲ့ တွေးခေါ် ဖန်တီးနိုင်မှုစွမ်းအားတွေကလည်း အတော်အားကောင်းခဲ့တာကို တွေ့ရပါတယ်လို့ " ပြောကြားခဲ့ပါတယ်..။



အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ