Monday, October 22, 2012

ရှာပုံတော် မင်းသားကြီး



သူ့အမျိုးသမီးဟာ လွန်ခဲ့တဲ့ ၁ နှစ်လောက်က ကလေးတစ်ယောက်နဲ့အတူ ပျောက်ဆုံးသွားခဲ့ပါတယ်..။ မိန်းမနဲ့ ကလေးကို အရမ်းချစ်ရတဲ့ သူဟာ တစ်နှစ်ဆိုတဲ့ အချိန်ကာလအတွင်းမှာ အစွမ်းကုန် ကြိုးစား ရှာဖွေမှု ကိုပြုလုပ်ပေမယ့် မတွေ့ရှိခဲ့ပါဘူး..


နောက်ဆုံးသူဟာ ကြံရာမရတဲ့အဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါတယ်.. ၊ အဲဒါကတော့ လူစည်ကားရာ မြို့လယ်မှာ အင်္ကျီမပါပဲ ပျောက်ဆုံးနေတဲ့ သူ့မိန်းမနဲ့ ကလေးဖြစ်သူရဲ့ ဓါတ်ပုံကိုချိတ်ပြီး လေးဘက်ထောက်သွားပြီး လူတွေရဲ့ စိတ်ဝင်စားမှုကို ရယူဖို့ပဲဖြစ်ပါတယ်..၊ 


ဒီကိစ္စကို ဆောင်ရွက်ဖို့ သူ့သူငယ်ချင်းတစ်ယောက်ကလည်း ပူးပေါင်းကူညီပေးခဲ့ပါတယ်..
လူအများစုဟာ သူ့အပေါ် အထူးဂရုဏာသက် သနားခဲ့ပြီး သူ့ဇနီးသည်ကို ပြန်ရှာတွေ့ဖို့ ၀ိုင်းဝန်းကြိုးစားပေးကြပေမယ့် အခုထိတော့ မတွေ့သေးပါဘူး..၊ တစ်ယောက်ယောက်ကများ ဓါတ်ပုံထဲက အမျိုးသမီးကို အပြင်မှာတွေ့ဖူးတယ်ဆိုရင် အကြောင်းကြားပေးလိုက်ပါဗျာ../




အောင်ထွန်းဦး

1 comment:

  1. အော်တော်တော်ချစ်တာပဲနော်

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ