Monday, October 1, 2012

တရုတ်ပြည်က ခွေးညှင်းပန်း နှိပ်စက်မှု



တရုတ်နိုင်ငံ Foshan မှာ Xixi လို့ခေါ်တဲ့ ခွေးလေးတစ်ကောင်ရှိပါတယ်….၊ မကြာခင်မှာပဲ ဒီခွေး လေး အကြောင်းကို သတင်းစာ တစ်ပုဒ်မှာ ဖတ်လိုက်ရပါတယ်..၊ တော်တော်စိတ်မကောင်းစရာပါပဲ…၊ XiXi ရဲ့ မျက်လုံး နှစ်လုံးစလုံးကို ဖောက်ထုတ်ထားပြီး..၊ လိင်အင်္ဂါကိုလည်း ဖြတ်ထားပါတယ်..၊ 



တစ်ကိုယ်လုံးလည်း အပေါက်တွေ ဗလပွဖြစ်နေပါတယ်..။ ဘယ်သူကများ ဒီခွေးကို ဒီလောက်ထိ လုပ်ရက်တာပါလိမ့်…၊ သနားကြင်နာတတ်သူများက XiXi ကို ဆေးရုံကို ပို့ပေးခဲ့ပါတယ်..။
 

ဆေးရုံမှာ တစ်နေ့နဲ့တစ်ည ကုသမှုခံယူပြီးတဲ့နောက်မှာ..၊ Xixi ဟာ ဆီးနဲ့ အညစ်အကြေး မစွန့်နိုင်တော့ပဲ. XiXi ဟာ အမှောင်ကျတဲ့ ဒေါင့်လေးမှာ ခွေပြီး အိပ်နေပါတော့တယ်…၊
ခွေးနဲ့ တိရစ္ဆာန်တွေကို ချစ်တတ်တဲ့ လူတွေ သိကြပါတယ်..၊ သူတို့ဟာ သူတို့ သေဆုံးတော့မယ် ဆိုတာသိတာနဲ့ ငြိမ်သက်တဲ့နေရာလေးတစ်ခုမှာ အိပ်ပြီး လောကကြီးကနေ ထွက်သွားဖို့ စောင့်နေပါတော့တယ်..။ နောက်တစ်ရက်အကြာမှာပဲ XiXi ဟာ သေဆုံးခဲ့ပါတယ်..
 

XiXi အတွက် လူတွေတော်တော်များများ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်..၊ တစ်ကယ်ဆို XiXi ဟာ အရမ်းတော်တဲ့ ခွေးတစ်ကောင်ပါ..၊ ခွေးတစ်ကောင်ကို ဒီလောက်ထိ နှိပ်စက်ရက်တာ ဘယ်လိုလူမျိုးပါလိမ့်? လူစိတ်မရှိတဲ့ လူဖြစ်ပါလိမ့်မယ်.. 


အောင်ထွန်းဦး

5 comments:

  1. စောက်ပေါ့တွေ.....။

    ReplyDelete
  2. တရုတ်တွေဘာကောင်တွေလဲမသိဘူး....။ဖြစ်ချင်ရာတွေပဲေ၇ာက်လုပ်နေ
    စောက်ပေါ့

    ReplyDelete
  3. စောက်အထင်ကိုမကြီးဘူး

    ReplyDelete
  4. တရုတ်တွေကို တော်တော်မုန်းနေတဲ့ပုံပဲ

    ReplyDelete
  5. သူက မုန်းလို့ရေးတာ မဟုတ်ပါဘူး။ တရုတ်တွေသာ တရိစ္ဆာန်တွေနဲ့ ပါတ်သတ်ပြီး တစ်ခုခုတော့ လွဲမှားလွန်းနေတာ။ ခွေးလေးတော့ မချိမဆန့် ခံစားလိုက်ရမယ့် ဖြစ်ခြင်း။ ဒီလိုကိစ္စမျိုးတွေ မဖြစ်ကြပါစေနဲ့တော့လို့ ဆုတောင်းပေးပါတယ်ဗျာ။ ခွေးလေး ကောင်းရာ မွန်ရာ လားပါစေ။

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ