Wednesday, October 24, 2012

Gmail နှင့် အခြား google app များမပါသော Android ဖုန်းများတွင် Google services app များထည့်နည်း



Google Applications များမပါတဲ့ ဖုန်းတွေအတွက်ပါ နောက်ပိုင်းထွက် Huawei ဖုန်းတွေနဲ့ Custom Rom တွေမှာ Google Applciations တွေမပါဘူး မသိသေးတဲ့လူတွေအတွက်ပါ သိတဲ့သူများကတော့ ဆေးလိပ်ဖွာတာထက်တောင် လွယ်ပါသေးတယ်

အရင်ဆုံး ကိုယ့် Phone Version နဲ့ သက်ဆိုင်ရာ Google Apps ကို ဒေါင်းလုပ်ဆွဲပါ

Froyo Version 2.2>http://goo.im/gapps/gapps-hdpi-20100817-signed.zip

Gingerbread Version 2.3>http://goo.im/gapps/gapps-gb-20110828-signed.zip

Ice Cream Sandwich Version 4.0.3>http://goo.im/gapps/gapps-ics-20120429-signed.zip

ရပြီဆိုရင် ဆွဲထားတဲ့ zip ဖိုင်ကို မဖြည်ဘဲ memory card ထဲထည့်ပြီး ပါဝါပိတ်ပါ

ပြီးရင် ဖုန်းပိတ်ပြီး recovery mode ထဲဝင်ပါ


1. Install Zip From SD Card ကို ရွေးပါ (Volume Down နဲ့အောက်ဆင်းပါ)

2.Choose Zip From SD Card ကို ရွေးပါ

3.ကိုယ့်ဖိုင်ကို တွေ့ပြီဆိုရင် power key နဲ့ ရွေးလိုက်ပါ

4.သွင်းမှာလားလို့မေးလိမ့်မယ် yes ပေးလိုက်ပါ

5.သူ့ဘာသာသူ သွင်းနေပါလိမ့်မယ် ပြီးရင် complete လို့ပြလိမ့်မယ်

6.+++++Go Back+++++ နဲ့နောက်ပြန်ထွက်ပါ

7.Reboot System Now ရွေးပါ

Phone Reboot လုပ် ပြန်ပွင့်လာပြီး သကာလ app list ထဲမှာ Google Applications တွေကို တွေ့ပါပြီ

——————–GMail,Google Map,Youtube မပါလာသူများအတွက်——————-

Version 2.3 နဲ့ 4.0 မှာ အပေါ်ကနည်းအတိုင်း Google Apps သွင်းပြီးရင် Gmail,GoogleMap,Youtube မပါသူများအတွက် အောက်ကဖိုင်တွေကို Download ဆွဲပြီး Install လုပ်ပါက အလုံးစုံသော Google Applications များကို ဖုန်းထဲမှာ သွင်းပြီးသွားမည်ဖြစ်သည်

GMail>http://www.1mobile.com/gmail-75685.html

Google Map>http://www.1mobile.com/maps-4530.html

Youtube>http://www.1mobile.com/youtube-199.html

မှတ်ချက်-ကိုယ့် Phone Version နဲ့ မတူတာသွင်းမိရင် ပြဿနာဖြစ်တတ်ပါတယ်

ကျေးဇူးတင်ပါတယ် အဆင်ပြေကြပါစေ
 
ရေးသားသူ - By Bo Sunny Lwin

8 comments:

  1. သင့်တော်မဲ့driveကိုဘယ်လိုရွှေးမလဲ?

    ny phone is Huawei u,8818,

    please?

    ReplyDelete
  2. သင့်တော်မဲ့driveကိုဘယ်လိုရွှေးမလဲ?

    ny phone is Huawei u,8818,

    please?

    ReplyDelete
    Replies
    1. koko nyinyi ရေ... Huawei U8818 driver ကိုလိုချင်တာလား..၊ ဒါမှမဟုတ်.. အပေါ်က google application တွေ သွင်းဖို့ ဘယ်ဟာကို ရွေးရမလဲ ဆိုတာကို မေးချင်တာလားဗျ... version ကိုသိချင်ရင်တော့ setting>about phone>version ထဲကနေ ၀င်ကြည့်နိုင်ပါတယ်..

      Delete
    2. android version ကြည့်ရမှာလား။

      baseband version or kernel version လား

      နားမလည်လို့ပါ။ကျေးဇူးလို့ မပြော တော့ဘူးနော်

      Delete
  3. google app တွေကို huawei8818မှာထဲ့ချင်တာ
    ဘယ်လိုရွှေရမှာလဲခင်ဗျာ

    ReplyDelete
  4. koko nyinyi ရေ...၊ အပေါ်က သုံးခုထဲက ကိုယ့်ဖုန်း version နဲ့ကိုက်ညီတဲ့ file ကိုအရင်ဆုံးယူပြီး SD Card ထဲထည့်ပါ..ပြီးရင် recovery ထဲဝင်ပါ..၊ Recovery ထဲ ၀င်ပုံဝင်နည်းက ဖုန်းကို power ပိတ်ပြီး..ပြန်ဖွင့်လိုက်ပါ..ဖုန်း ပါဝါပြန်ဖွင့်လို့ vibrate တစ်ချက်ဖြစ်တာနဲ့ back ခလုပ်ကို အဆက်မပြတ် နှိပ်လိုက် လွှတ်လိုက် လုပ်ပေးပါ..၊ recovery mode ထဲ ရောက်သွားပါလိမ့်မယ်..ကျန်တာကတော့ အပေါ်က အဆင့်တွေ အတိုင်း လုပ်ကြည့်ပါနော်..

    ReplyDelete
  5. huaweiu8825dမှာရောသွင်းလို့ရလား?version 4.0.4ပါ

    ReplyDelete
    Replies
    1. ထည့်လို့ ရပါတယ်ဗျ... jelly bean 4.1. ဆိုရင်တော့ မရပါဘူး....camera လစ်သွားပါလိမ့်မယ်...

      Delete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ