Sunday, October 14, 2012

Andriod ဖုန်းသံမှာ သီချင်းတွေကို beat သံ ကောင်းကောင်းဖြင့် နားဆင်နိုင်ရန်



Andriod ဖုန်းတွေမှာ သီချင်းတွေကို beat သံကောင်းကောင်းနဲ့ နားထောင်လို့ ရမယ့် နည်းလမ်းလေး တစ်ခု ပြောပြချင်ပါတယ်..၊ 

Andriod ဖုန်းတော်တော်များများကို သီချင်းနားထောင်ရာမှာ beats သံတွေဟာ သိပ်မကောင်းကြပါဘူး..၊ ဖုန်းကို songbox နဲ့ချိတ်ပြီး နားထောင်တဲ့ အချိန်မှာဆို ပိုသိသာပါတယ်… အသံကျယ်လေလေ.. တီးလုံးသံတွေက ၀ါးသွားပြီး အဆင်မပြေပါဘူး..။ ဒါပေမယ့် ဒီ beat audio installer လေးကို သွင်းထားလိုက်မယ်ဆိုရင် သင့်ဖုန်းက ထွက်လာတဲ့ သီချင်းသံဟာ အံ့သြစရာကောင်းလောက်အောင် beat သံတွေနဲ့ မြူးကြွသွက်လက်နေမှာပဲ ဖြစ်ပါတယ်…။
ပထမဦးစွာ ဒီ beat audio installer ကို သွင်းဖို့ဆိုရင် သင့်ဖုန်းကို အရင်ဆုံး root လုပ်ထားရပါမယ်..၊
သင့်ဖုန်းဟာ root လုပ်ပြီးသားဆိုရင်တော့ အောက်က file လေးကို download ယူပြီး ဖုန်းထဲမှာ အောက်က ပုံတွေအတိုင်း အဆင့်ဆင့် သွင်းလိုက်ပါ…။













ဒီအဆင့်ပြီးရင် ဖုန်းက reboot ကျသွားပါလိမ့်မယ်..၊ reboot မကျသွားရင်လည်း reboot လုပ်ပေးလိုက်ပါ..။ Reboot က ပြန်တက်လာရင် phone ရဲ့ notification bar မှာ beat audio ပုံလေးပေါ်နေတာ တွေ့ရပါလိမ့်မယ်..



ကဲ…. အခုဆိုရင် သင့်ဖုန်းက ထွက်လာတဲ့ သီချင်းသံကို သင်ကိုယ်တိုင် မယုံကြည်နိုင်လောက်အောင် beat သံတွေနဲ့ မြူးကြွသွက်လက်နေတာကို တွေ့ရမှာဖြစ်ပါတယ်..။


အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ