Wednesday, October 3, 2012

လူသေ မိန်းမကို ကော်ဖီစားပွဲ လုပ်ထားသတဲ့



အမေရိကန်နိုင်ငံ Arizona က Jeff Green ဆိုတဲ့ အသက် ၃၂ နှစ် အရွယ်ရှိ လူတစ်ယောက်ရဲ့ ဇနီးဖြစ်သူ Lucy ဟာ နှလုံးရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်..။ သူဟာ သူ့မိန်းမကို အရမ်းချစ်လွန်းပြီး သိပ်ကို ခံစားခဲ့ရပါတယ်..၊ နောက်ဆုံး တော့ သူဟာ သာမန်လူသားတွေ လုပ်ဖို့ မစဉ်းစားရဲတဲ့ မိုက်မဲတဲ့ လုပ်ရပ်တစ်ခုကို လုပ်ခဲ့ပါတယ်..၊ အဲဒါကတော့ သေဆုံးသူ သူ့ဇနီးကို သချိုင်းကနေ အိမ်ကို ပြန်သယ်လာတာပဲ ဖြစ်ပါတယ်..။
Lucy မသေဆုံးမီ Jeff Green ကို "ငါတို့ ကောင်းကဘုံမှာ ပြန်ဆုံရအောင်" လို့ ပြောခဲ့ပါတယ်..။ ဒီစကားက Jeff ရဲ့ ခံစားချက်တွေကို နှစ်သိမ့်နိုင်စွမ်းမရှိခဲ့ပါဘူး..၊ အသုဘချတဲ့နေမှာ..၊ မျှော်လင့်ချက်ကင်းမဲ့တဲ့မျက်နှာနဲ့ Jeff ဟာ Lucy ကို သူ့စီကနေ ထွက်ခွာခွင့်မပြုဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်..။

သူဟာ တာဝန်ရှိသူတွေနဲ့ စကားပြောခဲ့ပါတယ်..၊ သူ့ကိုတာဝန်ရှိသူတွေက မယုံကြည်နိုင်ခဲ့ပေမယ့်..၊ ပြင်းထန်လှတဲ့ သှူ့ဆန္ဒကို မလွန်ဆန်နိုင်တာကြောင့် ထူးခြားနောက်ဆုံးတော့ သူ့ဇနီးကို အိမ်ပြန်သယ်သွားနိုင်မယ့် အထူးခွင့်ပြုချက်ကို ပေးခဲ့ပါတယ်..၊
" ကျွန်တော့်ဇနီးကို အိမ်မှာထားရတာက မြေအောက် ၇ ပေ လောက်မှာ မြှပ်ရမှာထက် ပိုကောင်းပါတယ်၊ Lucy ဟာ ပျော်ရွှင်တတ်သူလည်း ဖြစ်တာကြောင့် သူက ကျွန်တော့် ကော်ဖီစားပွဲဖြစ်ရတာ သူဝမ်းသာမှာပါ " လို့လည်း ပြောခဲ့ပါတယ်..။


Jeff ဟာ အလောင်းကို မပျက်စီးစေမယ့် အထူးစီမံပြုလုပ်ထားတဲ့ ဖန်အခေါင်းတစ်လုံးကို ဒေါ်လာ ၆၀၀၀ လောက် အကုန် အကျခံကာ မှာယူခဲ့ပါတယ်..။ တစ်ချို့ အပေါင်းအဖော်နဲ့ ဆွေမျိုးတွေဟာ.၊ ကြောက်လန့်ပြီး သူ့အိမ်ကို လာမလည်တော့ ပါဘူး..၊ ဒါပေမယ့် သူ့ခံစားချက်ကို နားလည်တဲ့ သူငယ်ချင်းအချို့ကတော့ လာလည်မြဲ လာလည်ကြပါတယ်..၊ တစ်ချို့ဆိုရင် ဒီကော်ဖီစားပွဲဟာ အတော်ကောင်းကြောင်းကိုတောင် ချီးမွမ်းပြောဆိုသွားပါသတဲ့ဗျာ…။


အောင်ထွန်းဦး

2 comments:

  1. တော်တော်ချစ်တတ်တာပဲ ပြီးတော့ တော်တော်ကြောင်တာပဲ

    ReplyDelete
  2. ဟုတ်တရ်နော်ဒါပေမဲ့ ကြောင်တရ်လိုမခေါ်ဘူးချစ်တရ်လိုလဲမဆိုလိုဘူး သူစိတ်နဲ့သူပေါ့မိတ်ဆွေ.......။
    နာလည်ပေးပါကြောင်း.....။

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ