Monday, October 1, 2012

ခွေးသေကို ပြန်တောင်းပန်ရတဲ့ လူငယ်နှစ်ဦး



ဒီအကြောင်းကတော့ ထူးထူးဆန်းဆန်းလေးပေါ့..၊ ကျွန်တော်က တိရစ္ဆာန်တွေကို နှိပ်စက်တာတွေ..၊ အနိုင်ကျင့်တာတွေပဲ တင်နေတော့… ဖတ်ရတဲ့သူလည်း ပျင်းနေရောပေါ့….။ ဒါကိုဖတ်ပြီးရင် တရုတ်နိုင်ငံမှာ တစ်ချို့လူတွေက အသက်တစ်ချောင်းကို တန်ဖိုးထားကြတယ် ဆိုတာ တွေ့မြင်ရမှာပါ….



လူငယ်နှစ်ယောက်ဟာ Van ကားတစ်စီးကို မောင်းနှင်လာရာက အိမ်တစ်အိမ်ရှေ့အရောက်မှာ ခွေး တစ်ကောင်ကို တိုက်မိခဲ့ပါတယ်..၊ ခွေးကတော့ နေရာမှာတင် သေဆုံးခဲ့ပါတယ်..၊ ခွေးပိုင်ရှင် ဖြစ်သူ ထွက်လာပြီး လူငယ်နှစ်ယောက်ကို ရိုက်နှက်ထိုးကြိတ်ခဲ့ပါတယ်…၊ ပြီးတော့ ခွေးအတွက် ယွမ် ၅၀၀၀ ပေးရင်ပေး ၊ ဒါမှမဟုတ်ရင် ခွေးသေ ဘေးနားမှာ ၁ နာရီ ဒူးထောက်ပေးရမယ်လို့ ပြောပါတယ်..။ နောက်ဆုံးတော့ လူငယ်နှစ်ယောက်ဟာ ယွမ် ၅၀၀၀ ကို မတတ်နိုင်တာကြောင့် ၁ နာရီကြာ ဒူးထောက်ကြဖို့ သဘောတူခဲ့ပါတယ်..၊



မကြာမီ ရဲဝန်ထမ်းရောက်ရှိလာပေမယ့် ခွေးပိုင်ရှင်ရော လူငယ်နှစ်ဦးကပါ ဒီကိစ္စအတွက် သူတို့ နှစ်ဦး နှစ်ဖက် သဘောတူညီမှုနဲ့ ပြုလုပ်တာဖြစ်ကြောင်း ဒီကိစ္စမှာ ရဲများ ပါဝင်ဖို့ မလိုကြောင်း ပြောပြခဲ့ပါတယ်..
တစ်နာရီကြာတဲ့အခါမှာ ခွေးပိုင်ရှင်ဖြစ်သူဟာ ခွေးသေအလောင်းကို ကောက်ယူပြီး လူငယ်နှစ်ဦးကို ကြင်နာစွာ တွဲထူခဲ့ပါတယ်.. လူငယ်နှစ်ဦးကတော့ ဘာစကားတစ်ခွန်းမှ မပြောတော့ပဲ ကားပေါ်တက်ပြီး မောင်းထွက်သွားပါတော့တယ်…


အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ