Wednesday, October 17, 2012

အချစ်ကြီးသူတစ်ယောက်ရဲ့ လက်ထပ်ပွဲ



၂၆ နှစ်အရွယ် Zhuang Huagui နဲ့ ၂၁ နှစ်အရွယ် Hu Zhaoé တို့ နှစ်ယောက်ဟာ ဖေဖော်ဝါရီလ ၄ လက်ရက်နေ့မှာ လက်ထပ်ပွဲ ကျင်းပဖို့ ရည်ရွယ်ထားကြပြီး ပြင်ဆင်မှုတွေ ပြုလုပ်ထားကြပါတယ်..၊ ဒါပေမယ့် ဇန်န၀ါရီ ၂၈ ရက်ညမှာတော့ Hu Zhaoé ဟာ အိမ်ကိုဖောက်ထွင်းဝင်ရောက်လာတဲ့ သူခိုးနှစ်ယောက်ရဲ့ ဓါးနဲ့ ထိုးခြင်းကို ခံခဲ့ရပြီး သေဆုံးခဲ့ရပါတယ်..။  အရမ်းချစ်ရတဲ့သူ သေဆုံးသွားလို့ အရမ်းစိတ်ဆိုးဒေါသထွက်ပြီး ခံစားခဲ့ရတဲ့ မင်္ဂလာသတို့သားဟာ Hu Zhaoé ကို အသုဘချမယ့်နေမှာပဲ မင်္ဂလာပွဲပါ တစ်ပါးတည်းကျင်းပဖို့ စီစဉ်ခဲ့ပါတယ်.။


အသုဘ အခမ်းအနားမှာ Zhaung Haungui ဟာ ချစ်သူဖြစ်သူ Hu Zhaoé ရဲ့ လက်ကို မလွတ်တမ်း ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်ထားပါတယ်..။



မင်္ဂလာခန်းမကို အသုဘခန်းမရဲ့ အရှေ့မှာ ပြုလုပ်ထားပြီး မင်္ဂလာခန်းမရှေ့မှာ ရပ်ထားတဲ့ မင်္ဂလာကား ကိုလည်း ၀မ်းနည်းဖွယ်ရာတွေ့ရပါတယ်..၊ ဒီကားကို သူတို့နှစ်ယောက် ဒီဇင်ဘာလတုန်းက အတူတူရွေးခဲ့ တာဖြစ်ပြီး လက်ထပ်ဖို့အတွက် ယခုနေ့ကိုပါ တစ်ပါတည်း ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်..၊ ဒါပေမယ့် Zhaung Huagui ဟာ ဒီနေ့လိုနေ့မျိုးမှာ ယခုလို ဖြစ်ရပ်မျိုးကြုံရလိမ့်မယ်လို့ အိပ်မက်တောင် မမက်ခဲ့ပါဘူး..။


မင်္ဂလာအခမ်းအနားမှာ Zhaung Huagui ဟာ သူ့ဇနီးသည်ရဲ့ အခေါင်းကို သန့်ရှင်းအောင် သုတ်ပေးနေရှာ ပါတယ်..၊ သတို့သားဟာ ဒီအသုဘအခမ်းအနားနဲ့ မင်္ဂလာအခမ်းအနားတွဲဖက်ကျင်းပတဲ့ပွဲမှာ အသိသက်သေ အဖြစ် မိသားစုနှစ်ခုလုံးက လူတစ်ချို့ကို ဖိတ်ကြားထားပါတယ်..။


Zhaung Haugui ဟာ အခမ်းအနားစတာနဲ့ သူ့ဇနီးသည်ရဲ့ ဓါတ်ပုံကိုကိုင်ပြီး အ၀င်ဝမှာ မင်္ဂလာပွဲနှင့် အသုဘ ကိုကြွရောက်လာတဲ့ ဧည့်သည်များကို ကြိုဆိုခဲ့ပါတယ်..။
သတို့သမီးဝတ်စုံနဲ့ သတို့သမီးဖြစ်သူကတော့ ဖန်အခေါင်းထဲမှာ ဘာမှမသိတဲ့အတိုင်း လဲလျောင်းလျက်ရှိနေ ပါတယ်..။


မင်္ဂလာပွဲ အခမ်းအနားပြီးတော့ အသုဘအခမ်းအနားကို ဆက်လက်ကျင်းပဖို့အတွက် သတို့သား အ၀တ်အစား လဲနေပါတယ်..။
လက်ထပ် မင်္ဂလာပွဲကပြီးဆုံးခဲ့ပါပြီ..၊ အသစ်စက်စက် ဇနီးသည်ရဲ့ အသုဘအခမ်းအနားကို ဆက်လက်ကျင်းပ ဖို့ Zhaung Huagui စီစဉ်နေပါတယ်..



ဒီမင်္ဂလာပွဲသတင်းလေးကို ဖတ်ပြီး တော်တော်လေး ၀မ်းနည်းရပါတယ်..၊ သတို့သားဖြစ်သူရဲ့ လုပ်ရပ်ကို ရုတ်တရက် ကြည့်လိုက်ရင် ကြောင်တောင်တောင် နိုင်တယ်ထင်ရပေမယ့် တစ်ကယ် ချစ်မြတ်နိုးကြတဲ့ ချစ်သူ တွေအတွက်တော့ ဒါဟာ သူတို့ကြားမှာ ရှိတဲ့ ကတိသစ္စာ တည်မြဲခြင်းကို ပြသခဲ့တာပါ..ကမ္ဘာပေါ်မှာ ရှိနေကြတဲ့ ချစ်သူတိုင်း ဒီဖြစ်ရပ်မျိုး မကြုံကြပါစေနဲ့လို့ ဆုတောင်းပေးလိုက်ရပါတယ်ဗျာ…


အောင်ထွန်းဦး

3 comments:

  1. ရင်ဘတ်တောင်အောင့်တယ်...နောင်ဘဝဆိုတာရှိခဲ့ရင်အဖြစ်ဆိုးနဲ့ဝေးပါစေ....

    ReplyDelete
  2. စာနာနားလည်ပေးပါတယမအရမ်းချစ်တာကို

    ReplyDelete
  3. မျက်ရည်တောင်ကျရပါတယ်

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ