Wednesday, October 24, 2012

မိန်းမဖြစ်သူက ယောက်ျားကို အပြစ်ပေးပုံ



တစ်မနက်မှာ ထူးထူးခြားခြား လူတစ်ယောက်ဟာ လမ်းမထက်ပေါ်မှာ ဒူးထောက်နေပြီး ဦးခေါင်းကို ညွှတ်ကာ ပါးစပ်ကလည်း တောင်းပန်ပါတယ်ဆိုတဲ့ စကားတွေ အဆက်မပြတ်ပြောဆိုကာ လေးဖက်ထောက်သွားနေတာကို တွေ့ခဲ့ရပါတယ်..။ သူဘာလို့ ဒီလိုလုပ်နေတာလဲဆိုတာကို သိချင်တဲ့သူတွေက မနေနိုင် မထိုင်နေ မေးကြည့်တော့ သူ့မိန်းမဖြစ်သူ အပေါ် အမှားလုပ်ခဲ့မိတဲ့ အတွက် မိန်းမဖြစ်သူက ဒဏ်ခတ်တဲ့အနေနဲ့ ဒီလိုလုပ်စေတာ ဖြစ်ပါသတဲ့..၊ အခုချိန်မှာ သူဟာ ယခုနေရာကနေ မီတာ ၁၀၀၀ လောက် ဒီပုံစံအတိုင်း သွားရမှာဖြစ်ပြီး သူ့မိန်းမက တစ်နေရာကနေ သူ့ကို စောင့်ကြည့်နေပါသတဲ့….။



သြော်…. ယောက်ျားကို နိုင်တဲ့ မိန်းမများကျတော့လည်း … ပိုင်လိုက်တာ…။ ကိုယ့်ဘော်ဒါတို့ မိန်းမယူမယ်ဆိုရင်တော့ ဒါမျိုး မိန်းမတော့ ရှောင်ကြပါဗျို့..၊ ကြောက်စရာကြီး..၊ မရှောင်နိုင်ရင်တော့ အမှားမလုပ်မိစေနဲ့ပေါ့ဗျာ…


အောင်ထွန်းဦး

2 comments:

  1. မိန်းမတော်တော်ကြောက်တယ်နဲ့တူတယ်။

    ReplyDelete
  2. ငါလခွီး! ယောင်္ကျားသိက္ခာ ကျတယ်ကွာ။ ဘယ်လိုကောင်လဲဟ။ ဒုက္ခပဲ။

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ