Wednesday, October 17, 2012

သတင်းများကို ဖုန်းထဲမှ ဖတ်ရှုနိုင်ရန်



ကျွန်တော် ဒီ site မှာ ရေးနေတဲ့ သတင်းပေါင်းစုံကို Andriod ဖုန်းတွေနဲ့ Window ဖုန်းတွေမှာ အဆင်ပြေပြေ ကြည့်နိုင်မယ့် application လေးတစ်ခု ဝေငှပေးချင်ပါတယ်..။

အရင်က ကျွန်တော့် site မှာ application တစ်ခု တင်ထားပေမယ့်လည်း မပြည့်စုံခဲ့ပါဘူး..၊ အခု တင်ပေးမယ့် application က တော့ တော်တော် ပြီးပြည့်စုံတယ်လို့ ပြောရပါမယ်..။ အရင်က စာလုံးတွေကို အပြည့်အစုံ မမြင်ရပဲ အခုတော့ စာလုံးတွေကိုလည်း အပြည့်အစုံ မြင်နိုင်ပြီ ဖြစ်ပါတယ်..။


Application ကိုဖွင့်လိုက်ရင် ကျွန်တော့်ရဲ့ welcome screen ကိုမြင်ရပြီး သတင်း၊ Facebook နဲ့ ကျွန်တော့်အကြောင်း ဆိုတဲ့ Tab သုံးခု ပါဝင်ပါတယ်..၊ သတင်း အောက်မှာ တင်နေကျ posts တွေကို မြင်ရမှာ ဖြစ်ပြီး Facebook အောက်မှာတော့ Facebook Page ကနေ တင်သမျှကို Facebook account မရှိလည်း ဖတ်နိုင်မှာဖြစ်ပါတယ်..၊ ဒါပေမယ့် like တို့.. share တို့လုပ်ချင်ရင်တော့ facebook account နဲ့ ပြန်ဝင်ရပါလိမ့်မယ်…။




ကျွန်တော့်အကြောင်းအောက်မှာ ကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးတွေနဲ့ ကျွန်တော့်ရဲ့ email, facebook, twitter, website စတာတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်..။ ဖုန်းထဲမှာ မြန်မာ font ကို သွင်းထားဖို့တော့ လိုပါလိမ့်မယ်..။



ဖုန်းအမျိုးအစားအလိုက် အောက်က links များမှာ download ရယူနိုင်ပါတယ် ..။

Andriod ဖုန်းများ အတွက် download ရယူရန် >>> http://www.mediafire.com/download.php?9euxbyvz7os3n3y

Window ဖုန်းများ အတွက် download ရယူရန် >>> http://www.mediafire.com/download.php?6fjor28alb699kw



အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ