Wednesday, October 17, 2012

ကြိုးအချည်ခံထားရတဲ့ ကလေးများ



တရုတ်နိုင်ငံ Zhejiang ပြည်နယ်မှာရှိတဲံ Dingqiao ဆိုတဲ့ အုတ်ဖုတ်တဲ့ စက်ရုံကြီးမှာပေါ့ဗျာ…၊ စက်ရုံလုပ်သား မိဘတွေဟာ သူတို့ရဲ့ သားသမီးတွေကို ကြိုးတွေကို အသုံးပြုပြီး တံခါးပေါက်မှာ ရှိတဲ့ သံတိုင်တွေနဲ့ တွဲချည် ထားတာကို အံ့သြဖွယ် တွေ့ရှိရပါတယ်..၊ သူတို့ ဘာလို့ ဒီလိုလုပ်ရသလဲ မေးကြည့်တော့ သူတို့အတွက် သားသမီးတွေကို စောင့်ကြည့်နေဖို့ အချိန်မရှိတာရယ်..၊ နောက်တစ်ခုက သူတို့ မကြည့်နိုင်တဲ့ အချိန် တွင်းမှာ ဆော့ကစားရင်း အန္တရာယ်များလှတဲ့ အလုပ်ခွင်တွင်းမှာ တစ်ခုခု မတော်တဆ ဖြစ်သွားမှာ စိုးလို့ပါတဲ့…။ ကလေးတွေဟာ ခန့်မှန်းခြေ တစ်နေ့ကို ၁၀ နာရီလောက် ဒီလို ကြိုးနဲ့ အချည်ခံထားရကြောင်း သိရပါတယ်…။ 









အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ